Author's Profile Photo

အလင်္ကာ

5/01/2024

လူငယ်နှင့်မင်္ဂလာမိုတီဗေးရှင်း

1 min read
Art
လူငယ်နှင့်မင်္ဂလာမိုတီဗေးရှင်း's photo

၁။အသေဝနာစဗာလာနံ

ဘုရားကတော့ လူမိုက်တွေကိုမပေါင်းနဲ့လို့ဟောခဲ့ခြင်းသက်သေရှိပါရဲ့…။လူမိုက်ဆိုတာမျိုးကိုဘယ်လိုထပ်ပြီးဝေခွဲကြမလဲ?
ရှင်းရှင်းပြောရရင်လူမိုက်ဆိုတာ ဘာလဲ?
ဒီစကားကိုစပြောရင် စိတ်ထဲမှာပေါ်လာတဲ့အဖြစ်ပျက်တွေရှိတယ်..။ငယ်ငယ်ကကျောင်းသွားရင် မိဘဖြစ်သူတွေက အဲကလေးနဲ့မပေါင်းနဲ့ အဲကလေးက လူဆိုး စာမကြိုးစားဘူး စသည်ဖြင့် လူမိုက်စာရင်းဝင်တွေကိုလက်ညိုးထိုးပြီးဆုံးမခံခဲ့ရဖူးတယ်…။အတန်းထဲမှာအဆင့်ကျရင်မကောင်းတဲ့လူ၊အတန်းထဲမှာအရမ်းဆော့ရင် လူဆိုး၊ဆရာမအချစ်မခံရရင် လူမိုက်ဆိုတဲ့ခေါင်းစဉ်တွေနဲ့သွန်သင်ပြသဆုံးမခံခဲ့ရဖူးတယ်…။
အသက်ရွယ်ကြီးလာပြန်တော့လူမိုက်ဆိုတာကို
စာပေတွေဖတ်ရင်း “လမ်းမတော်ဖိုးတုတ်တို့ဂန္ဓမာသောင်းရီ တို့”ကိုလူမိုက်ဆိုတော့ အဲလိုမှတ်ခဲ့ရပြန်တယ်…။လူမိုက်ဆိုတာတကယ်တော့ရှင်းရှင်းလေးပဲ။လူထဲမှာ မိုက်နေရင် လူမိုက်။မိုက်နေတယ်ဆိုတာက မှောင်နေတာ ဘာမှမမြင်ရတာ အဲဒီလူဆီမှာအသိညာဏ်နဲ့ပတ်သက်တဲ့အရောင်ဆင်းတစ်ခုမှမရှိတာမျိုးဆို လူမိုက် အဲဒါကဆရာတော်တစ်ပါးဆုံးမတာ….။
အဲလိုနဲ့ပဲလူငယ်ဘဝကိုဖြတ်သန်းခဲ့တယ်…။
တစ်နေ့…
ဘာမှမလုပ်ပဲ အိပ်နေတုန်း ဖုန်းတစ်လုံးဝင်လာရော..။
“ဟဲလို အမေ”
“ဘာလုပ်နေလဲ”
“ဘာမှမလုပ်ဘူးလေ”
“ဟော..လူမိုက်ကြီးလုပ်နေတာပေါ့အဲဆို”

ဖုန်းချပြီးတော့ခေါင်းထဲနောက်အတွေးတစ်ခုထပ်ဝင်လာပြန်တယ်…။လူတွေက သူများကိုလက်ညိုးထိုးပြီး လူမိုက်လို့တံဆိပ်တပ်ရတာသိပ် ဝါသနာပါကြပြီး ကိုယ့်အတွက်ကျကိုယ်ပြန်မကြည့်တတ်ကြသေးဘူးဆိုတာကိုပေါ့..။
ကျွန်တော်တို့ကိုယ်တိုင်ကရော ကျွန်တော်တို့ဘဝအတွက်လူမိုက်ဖြစ်နေသလားဆိုတာတွေးသင့်တယ်..။
ကိုယ်ကိုယ်တိုင်က ကိုယ့်အတွက်လူမိုက်ဖြစ်နေရင် ကိုယ့်ဘာသာလည်းပြန်မပေါင်းသင်းသင့်ဘူး..အဲလိုလူမိုက်မျိုးဖြစ်နေရင်ပြုပြင်ရမယ်ဆိုတဲ့အသိကလေးတစ်ခုပေါ့…။

နောက်ဆုံးတော့ အသိတစ်ခုဝင်တာက
ကိုယ်ကိုယ်တိုင်ကလည်းကိုယ့်ဘဝအတွက်လူမိုက်မဖြစ်ဖို့ပါပဲ..။ကိုယ်ကိုယ်တိုင်ကကိုယ်ဘဝအတွက်လူမိုက်ဖြစ်နေရင် ပတ်ဝန်းကျင်အတွလးည်က်ကိုယ်ကအမှိုက်တစ်စပဲလို့တွေးမိတယ်….။

အလင်္ကာ

Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့