Author's Profile Photo

Your Dearie

2/01/2024

ကမ္ဘာ့အသက်အရှည်ဆုံးနဲ့ အကျန်းမာဆုံးသောလူသားတွေနေထိုင်တဲ့ Blue zone ဒေသရဲ့လျှို့ဝှက်ချက်များ

1 min read
Life Style
Health
General Knowledge



စာရေးသူက ကိုယ်တိုင်diet planပြောင်းချင်တာကြောင့် အစားအသောက်ဆင်ခြင်နည်းတွေ onlineပေါ်ရှာဖတ်ကြည့်ရင်း Blue Zone People အကြောင်းတွေ့သွားတယ်။ စိတ်ဝင်စားဖို့ကောင်းတာနဲ့ ဆက်ပီး ရှာဖတ်ဖြစ်တယ်။ အဲလိုနဲ့စာဖတ်သူတွေကော သိရအောင်တချို့shareပေးလိုက်ပါတယ်။

Blue zoneက လူတွေရဲ့ဘဝသက်တမ်းက အနှစ်၉၀ကနေ ၁၀၀ ကျော်နှစ်အထိရှိနေပါတယ်။ ဒါမဲ့သူတို့မှာ နာတာရှည်ရောဂါဝင်တွေမရှိဘူး။ နှလုံးရောဂါခံစားနေရတဲ့သူတွေမရှိဘူး။ ဆီးချိုသွေးတိုးနေတဲ့သူတွေမရှိဘူး။ သူတို့က ကျန်းမာစွာနဲ့ဘဲ အသက်ရှည်ကြတယ်။

သူတို့ရဲ့ လျှို့ဝှက်ချက်ကဘာလဲ? သူတို့က ရိုးရိုးလူသားတွေကောဟုတ်လား? စာဖတ်သူတို့ကော အသက်ရှည်"နေချင်ရင် Blue zoneမှာ ရွှေ့ပီးပြောင်းနေရမှာလား?...

ပညာရှင်တွေလေ့လာစူးစမ်းရှာဖွေဖော်ထုတ်ပီးတဲ့နောက်မှာ Blue Zone Peopleတွေရဲ့ ဘဝနေထိုင်နည်း လျှို့ဝှက်ချက်လေးတွေထွက်လာပါတယ်။

(၁)Blue Zone People (BZP) တွေက အပင်ကထွက်တဲ့အရာတွေကိုဘဲ အများဆုံးစားသုံးကြတယ်။ သူတို့ရဲ့daily mealက အစေ့အဆန်တွေ၊ အစိမ်းရောင်တွေ၊ အာလူးနဲ့ကန်းစွန်းဥတို့လိုတွေ၊ အခွံမာသီးတွေနဲ့ ပဲမျိုးစုံတွေပါ။
"ပဲကို တစ်နေ့တခွက်ပုံမှန်စားသုံးပေးခြင်းက ဘဝသက်တမ်းကို၃နှစ်
ပိုရှည်စေပါတယ်"တဲ့

(၂)BZP တွေက အသားတွေနဲ့နို့ထွက်ပစ္စည်းတွေကို သိပ်ပီးမမှီဝဲကြဘူး။ အဲဒီပြင် တစ်ပတ်ကို ကြက်ဥ၃လုံးထက် ပိုပီးမစားသုံးကြဘူး။

(၃)BZမှာ အချိုရည်သောက်စရာတွေအတွက်ဆိုရင် ဆေးဖက်ဝင်တဲ့ရေနွေကြမ်းတွေ(ဥပမာ-green tea)တို့နဲ့ wineတွေကိုဘဲမှီဝဲကြတယ်။

(၄)အဲဒါအပြင်BZP တွေက ဘဝကိုအဓိပ်ပါယျရှိစှာ မိသားစုသူငယ်ချင်းအပေါက်းအသင်းပတ်ဝန်းကျင်နဲ့ဘဲ ဖြတ်သန်းကြတယ်။ "အထီးကျန်စွာနေထိုင်ခြင်းက သင့်အသက်ကို၈နှစ်ပိုပီးတိုစေတယ်"တဲ့

(၅)BZP တွေက လေ့ကျင့်ခန်းကိုတကူးတကလုပ်နေစရာမလိုဘဲ
နေ့စဥ်ဘဝတွေမှာ ထည့်သွင်းကြတယ်။ ကားတွေ၊ဆိုင်ကယ်တွေ၊မီးရထားတွေနဲ့သွားလာမဲ့အစား လမ်းလျှောက်သွားတာကိုပိုပီး
ပြုလုပ်ကြတယ်။
လမ်းလျှောက်တာက အကောင်းဆုံးသောကိုယ်လက်လှုပ်ရှားအားကစားတွေထဲက တစ်ခုဘဲမဟုတ်လား။

(၆)BZP တွေက လုံလောက်စွာအိပ်စက်ကြတယ်။
ညဘက်ကိုလုံ"လောက်"အိပ်တာအပြင် နေ့လည်နေ့ခင်းအချိန်ရှိရင်လည်း တရေးအိပ်တာကို ပြုလုပ်ကြပါတယ်။
အိပ်ရေးမဝခြင်း၊ အအိပ်လွန်ခြင်းအစရှိတာတွေကလဲ နှလုံးရောဂါကနေတဆင့် အသက်သေဆုံးနှုန်းကို မြင့်တက်စေတတ်ပါတယ်။
ဆိုတော့ ပုံမှန်လုံလောက်တဲ့အိပ်ချိန်ရှိခြင်းကလဲ ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့ အရမ်းကိုအရေးကြီးတဲ့အချက်တွေထဲက တစ်ခုပါဘဲ။

ကဲတကယ်တမ်း လျှို့ဝှက်ချက်တွေ ဖော်ထုတ်လိုက်တဲ့အချိန်မှာတော့ လျှို့ဝှက်ချက်ကြီးတွေလဲ မဟုတ်နေပြန်ပါဘူး။ ရိုးရှင်းတဲ့ဘဝနေထိုင်ဖြတ်သန်းပုံကဘဲ ကျန်းမာစွာအသက်ရှည်နေထိုင်နိုင်ဖို့ ကြီးမားတဲ့အထောက်အပံ့ဖြစ်ပေးနေတာပါ။

စာဖတ်သူတို့ကော ကျန်း"မာ"နဲ့ အသက်ရှည်ချင်လို့ဆိုပီး Blue zonesတွေမှာ ပြောင်းရွှေ့နေထိုင်ဖို့မလိုပါဘူး။
မိမိရဲ့နေရာ အရပ်ဒေသမှာဘဲ ဘဝနေထိုင်နည်းတွေကို ပြောင်းလဲနေထိုင်ရင်း ကျန်းမာစွာအသက်ရှည်နိုင်ပါပီ။

ပညာရှင်တွေရဲ့ပြောထားတဲ့ Blue Zonesဒေသတွေက ဘာတွေလဲဆိုတော့
1. Icaria(Greece)
2. Ogliastra,Sardinia(Italy)
3. Okinawa(Japan)
4. Nicoya Peninsula(Costa Rica)
5. The Seventh -day Advertists in Loma Linda, California(USA) တွေဘဲ ဖြစ်ပါတယ်။

#bluezoneslife
#မိုနာ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်