SarPhat Author
ဆောင်းဦးမို့ အအေးဓာတ်ကလွှမ်းခြုံနေသည်။
သည်လို ပျော်ပွဲရွှင်ပွဲတွေကို ကျောင်းသူ ကျောင်းသားတိုင်း မျှော်ကြမြဲ။
နှင်းတို့လို ကျောင်းပြီးခါစ ကျောင်းသူဟောင်းတွေ အနေဖြင့် နှုတ်ဆက်ပွဲကို ဆင်နွှဲလိုကြသည်။
"နားကပ်လေးက သေးပေမဲ့ လှပါတယ်နော် အမရာ ရေ"
နှင်းက နံကပ်ကို သေချာတပ်ရင်း မိတ်ကပ်လိမ်းနေသော အမရာ ကိုမေးသည်။ နံကပ်လေးက သေးသေးလေး။ပြီးခဲ့သည့် နှင်းမွေးနေ့ကမှ မေမေက ပေးခဲ့ခြင်းဖြစ်သည်။ နားကပ်လေးမှာ ရွှေစွန်ကုတ်ကာ စိန်အသေးလေး ထည့်ထားသည်။ယနေ့အတွက် အထူးခြားဆုံးဖြစ်ဖို့သာမက အလှပဆုံးလည်း ဖြစ်စေချင်သည်။
"ကောင်းသားပဲ နှင်းဆီ၊ အဆင်ပြေပါတယ်၊စိန်လေးနည်းနည်းကြီးရင် ပိုတောင်လှသွားမယ်လို့ တို့တော့ထင်တယ်"
အမရာ စကားပြောပုံမှာ သိပ်ပြီး ချိုမြလေ့မရှိပေမဲ့ ကျွန်မ အပေါ် အတော်ကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်သည်။
"အမရာ တို့ကို နှင်းဆီလို့ မခေါ်ပါနဲ့ တို့မကြိုက်ဘူး နှင်းဆီက လှတယ် ဆိုပေမဲ့ ဆူးတွေလည်းရှိသလို အကိုင်းအခက်တွေက ယှက်ဖြာ နေတာ တို့မကြိုက်ဘူး အမရာ"
"ဟုတ်ပါပြီ နှင်း ရယ် ပါတီ အတွက် နောက်ကျနေဦးမယ် မြန်မြန်လုပ်"
နှင်း အဝါရောင် ဖျော့ဖျော့ ဝတ်စုံလေး ကိုဝတ်ပြီး အိမ်မှထွက်ရန် ခြေလှမ်းစပြင်သည်။
"သမီး နှင်းဆီ ပါတီသွားမလို့လား အမရာ စောင့်နေတယ် မိုးသိပ်မချုပ်စေနဲ့နော် သမီး ၊အမရာ နှင်းဆီကို အိမ်ရောက်အောင် ပြန်ပို့ပေးနော် သမီးနဲ့မို့ ထည့်ပေးတာ တခြားတဲ့သူနဲ့ဆို ပေးမသွားစေချင်ဘူး"
"စိတ်ချပါ အန်တီ သမီး နှင်း ကို အိမ်ပြန်ရောက်အောင် ပြန်ပို့ပေးမှာပါ"
"စိတ်ချမယ်နော် သမီး"
ထိုနေ့က နှင်းရဲ့ ပထမဆုံး လူကြီးတွေမပါပဲ ပထမဆုံး သွားခဲ့ရတဲ့ အခိုက်အတန့်လေးပေါ့။ထို့နောက် ဗန်ဒါပင် အောက်မှ စူးစူးဝါးဝါး စိုက်ကြည့်နေတဲ့ အကြည့်တစ်ခုကြောင့် နှင်းကြက်သီး ထမိတယ်။
" နှင်း နှင်း နှင်း ဘာတွေကြောင်ကြည့်နေတာလဲ သွားကြမယ်လေ နောက်ကျတော့မှာပဲ "
"အေး သွားကြရအောင်"
အမှတ်မထင် သီဟတို့ အဖွဲ့နှင့်ဆုံသည်။နှင်း တစ်ယောက် အမည်မသိသည့် ဗန်ဒါရိပ် အောက်ကသူကိုပင် အထူးအဆန်းတွေးနေမိသည်။
"ဟဲ့ သီဟတို့ ပါတီသွားကြမလို့လား"
"ဟုတ်တယ် အမရာ အတူလိုက်ခဲ့ပါလား ဒါနဲ့ဘေးက တစ်ယောက်က......"
"သူကနှင်းဆီလေ ဒါပေမဲ့ သူက နှင်းလို့ခေါ်တာ ပိုကြိုက်တယ်"
ထို့နောက် ပါတီဘက်သို့ ခြေလှမ်းတွေ တဖြေးဖြေးရွေ့လာရင်း ပါတီကို နှင်းတို့ အဖွဲ့ရောက်လာခဲ့သည်။စားပွဲဝိုင်း တစ်ခုတွင် နှင်းတို့အဖွဲ့ နေရာယူလိုက်သည်။ထို့နောက် သီဟ ရေခဲမုန့်ယူရန် ထိုင်ရာမှချက်ချင်း ရေခဲမုန့် သွားယူလေသည်။ထို့နောက် ဇွဲနိုင် တစ်ယောက် မင်းခန့် နေရာတွင် ဝင်ထိုင်လိုက်သည်။ဇွဲနိုင်မှာ တခြားသူမဟုတ် ဗန်ဒါရိပ် အောက်၌ နှင်းတွေ့ခဲ့သော လူထူးဆန်းပင် ဖြစ်သည်။ထို့နောက်........
"ဟျောင့် ဇွဲနိုင် မင်းကိုငါ့နေရာ ဘယ်သူ ပေးထိုင်လဲ"
"ဟျောင့် မင်းခန့် မင်းနေရာလို့ ပြောရအောင် ဒါကနှုတ်ဆက်ပွဲနော် မင်းအိမ်မဟုတ်ဘူး ဒီစားပွဲတွေကလည်း မင်းဟာ တစ်ခုမှ ပါမယ်လို့ ငါမထင်ဘူး"
"မင်း စကား မများနဲ့ ငါ့နေရာကနေချက်ချင်းဖယ်"
"ငါက မဖယ်ဘူးဆိုရင်ကော မင်းဘာလုပ်မှာလဲ ငါ့ကိုထိုးမလို့လား တော်စမ်းပါကွာ မင်းအဲ့လောက် ဇမရှိသေးဘူး"
"ဇွဲနိုင် နင် ဒီနေရာ ကနေ ထွက်သွားပေးပါ"
"အမရာ ငါသွားမှာ မဟုတ်ဘူး မင်းဘေးက ကောင်မလေးကို ငါပြောစရာရှိတယ် ပြီးရင် ငါသွားမယ်"
"ဟဲ့ ငါ့သူငယ်ချင်းက နင်နဲ့တန်လို့လား၊ လာသွားမယ် နှင်း"
ထိုနေ့က နှင်း နှင့် အမရာတို့နောက်ဆုံး ဆုံခဲ့ရသည့်နေပင်။ထို့နောက် နှင်း တို့ ဝေးသွားကြသည်။
မြစ်ရေပြင်ထက်မှာ လေပြေကလေး တိုက်ခတ်သဖြင့် လှိုင်းဂယက်ကလေးများ လှုပ်နေလေသည်။တိုက်ခတ်လာသော လေပြေကလေးများက နှလုံးသား အတွင်းထိ လတ်ဆတ်စွာ ကိန်းဝင်လာသည်။မြစ်ထဲမှာ ရေနည်းသော ကာလ ဖြစ်သော်လည်း မြစ်ရိုးတစ်လျှောက် ဒိုက်ပုံများမှာ မပေါ်သေး သွားလာရန်လွယ်ကူသေးသည်။လေပြင်းများ၏ အရှိန်ကို အန်တုလျှက် ခုတ်မောင်းလာသော သင်္ဘောက တရွေ့ရွေ့ စုန်ဆင်းလာခဲ့သည်။သင်္ဘောဦးက လေထုကိုဟန်မထား တိုးဝှေ့ နေ၍ ရေလှိုင်းများကာ သင်္ဘောဦး ထိလိုက်တိုင်း ဘေးနှစ်ဖက်ကို သွယ်တန်းစီးဆင်းနေရသည်။
မည်သည့်အခါကမှ သည်လို ရေလမ်းခရီးမျိုးကို နှင်း သွားလာလေ့မရှိပါ။ရေလမ်းခရီးအဖို့ လမ်းပန်း အဆင်မပြေတာပါသလို သူကိုယ်တိုင်လည်း ရေနဲ့ပက်သက်ပြီး အကြောက်တရားက ကြီးစိုးနေသည်။နှင်းငယ်စဉ်က စံပယ်ဆိုတဲ့အမ တစ်ယောက်ရှိခဲ့တယ်။နှင်း အမကြောင်းတွေးမိတိုင်း ဝမ်းနည်းမိတယ်။မစံပယ်အသက်က ရှစ်နှစ် နှင်းကသုံးနှစ် သာရှိသေးသည်။ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တစ်လုံးကြီး မြို့နယ်ခွဲ ကက္ကူမွေတော် ဘုရားစေတီစု အနီးအနားမှာရှိတဲ့ နမ့်ဗေးရေတံခွန်ကို မိသားစုလေးယောက် ခရီးနှင်ခဲ့ကြသည်။
နှင်းလည်း စံပယ်နဲ့အတူ ရေကစားကြတယ်။နှင်း မောပန်း၍ နားနေတုန်း မစံပယ် ပျောက်သွားတာ သတိထားမိလိုက်သည်။မစံပယ် ရေတံခွန် အထက်နားမှာ ရောက်နေပြီဖြစ်သည်။
"ဖေဖေ မမ ဟိုးအပေါ်မှာ ရောက်နေတယ်"
"ဟာ ဒီကလေးမတော့ လေ"
ပြောပြောဆိုဆိုဖြင့် မစံပယ် ဆီသို့ ဖေဖေ ပြေးသွားကာ မစံပယ်အား ခေါ်ရန်သွားသည်။ဖေဖေသည် ကံမကောင်းလှပါ။
"ဟဲ့ စံပယ် ဒီလာစမ်း ပြုတ်ကျရင်ဘယ်လိုလုပ်မလဲ"
ဖေဖေက စံပယ်ကိုပွေ့ချီပြီး ပြန်လာသည်။အမှတ်မထင် ကျောက်ဆောင်တစ်ခုကနေ ချောလဲကာ ရေနက်ပိုင်းသို့ ပြုတ်ကျသွားသည်။ဖေဖေဟာ ရေကူးတတ်သော်လည်း ကျောက်ဆောင်ကိုခေါင်းနှင့်ရိုက်မိ၍ သွေးများ ထွက်နေကာ ရေမကူးနိုင်တော့ မမနဲ့ဖေဖေ သေပွဲဝင်ခဲ့ရသည်။ရေနက်ပိုင်းမှာသာမကျရင် ဖေဖေနဲ့မမ နှင်းဘေးမှာရှိနေဦးမှာ ဖြစ်သည်။ပြန်မလာနိုင်တာ သိသော်လည်း တမ်းတနေမိသည်။
ထို့နောက် ရေလမ်းခရီးသွားနေတုန်း နှင်း လူထူဆန်းတစ်ယောက်နှင့်တွေခဲ့သည်။စလွယ် လွယ်အိတ်တစ်လုံးနှင့်ခြင်းတစ်လုံးကိုင်ထားသည်။ခြင်းထဲမှာလည်း စာအုပ်ကအပြည့်ပင်။
နှင်း အသက်က နှစ်ဆယ်ကျော်ပြီ။ယခုအချိန်ထိ ရည်းစားတစ်ယောက်တောင် မရှိခဲ့ဖူးဘူး။အိမ်ထောင်ဖက်ဆို ဝေးလေစွ။ ယောင်္ကျားလေးတွေကို အာရုံမစိုက် စာကိုပဲအာရုံစိုက်ခဲ့တော့ တော်ရုံစကား မပြောတတ်ဘူး။ ယောင်္ကျားလေးနဲ့ပက်သက်ရင် မတွေးဖူးဘူး။အမေ့မျက်လုံးအောက်မှာ ကြီးလာရတော့ အမေ့ကိုချစ်ခင်တွယ်တာမိတာပါသလို သူတွေ့ဖူးသမျှ ယောင်္ကျားလေးတွေကို ရင်နှစ်လောက်အောင် အာရုံမရှိခဲ့တာလည်းပါမည်။ဒါကြောင့်လည်း သူတကာလို အချစ်ဇာတ်လမ်းတွေ အသည်းကွဲတာတွေ ဘာမှမရှိခဲ့။အရွယ်ကြီး လာသော်လည်း ယောင်္ကျားလေး တစ်ဦးတစ်ယောက်ကို စိတ်ဝင်စားခဲ့တာမရှိတော့ ကိုယ့်ဘာသာ တစ်ခါတလေ အံ့ဩနေရဆဲ ဖြစ်သည်။
အကြောင်းပြချက်ရယ်တော့ ရေရေရာရာ မရှိပါ။နှင်းကိုယ်တိုင်ကလည်း အေးအေးလူလူ နေတတ်တာပါသလို လူအများကြားထဲ မနေတတ်တာလဲ ဖြစ်နိုင်သည်။အမေ အနားမှာမရှိသည့်အခါကလည်း ဖြစ်နေတော့ အထီးကျန်လှပါသည်။အမေကလည်း မကျန်းမာတော့ သွားရှာလေပြီ။သည်တစ်ခေါက် အကြီးဖြစ်သူ ဒေါ် မြရတီ က အတူနေရန်ခေါ်တော့ အဖော်မဲ့လှတဲ့ နှင်းဟာ အကြီးရှိရာ ထားဝယ်မြို့ကို ရေလမ်းခရီး နှင်လာရပါတော့သည်။
ထားဝယ်မြို့သည် မီးရထားလမ်းနှင့် ကွာဝေးသော မြို့တစ်မြို့ဖြစ်၍ မော်တော်ကားနှင့် သင်္ဘောများကိုသာ အားထားရသည်။သင်္ဘောလက်ရန်းကို ကိုင်ရင်း လူထူးဆန်း၏ ခြင်းထဲက စာအုပ်များအပေါ် စိတ်ရောက်နေသည်။လက်ရန်းတိုင်ကို တစ်ဖက်အလှည့် သင်္ဘောခန်းဘက်ကို လှမ်းလိုက်မိတော့ ထိုလူထူးဆန်းနှင့် နှင်းတို့တိုက်မိကြပြီ။
"အိုး..ရှင်၊ မတော်တဆ ဖြစ်တာပါ တောင်းပန်ပါတယ်ရှင်"
"ရပါတယ်ဗျာ"
သူက လွင့်စဉ်ကျသွားသော စာအုပ်တွေကို ငုံ့ကောက်နေတော့ နှင်းပါ လိုက
Unlock to read this premium article with 10 points.