Reviews by Benevolent
မြန်မာနိုင်ငံရှိလုံးဝကို အခြေခံကျပြီးဆင်းရဲနုံချာလှ
တဲ့ဘဝတွေ၊ပစ္စည်းမဲ့လူတန်းစားတွေအကြောင်းရေးထားတဲ့ စာအုပ်ပါ။ သိပ်ကို ကံဆိုးလှတဲ့ရက်တွေမှာ လုပ်ခအနေဖြင့် ၃ ထောင်၊၄ ထောင် လောက်နဲ့ ညမိုးချုပ်သွားတတ်တယ်၊ ဘာအလုပ်များ လုပ်ကြပါလိမ့်ဆိုရင်...... ကျွန်တော်တို့တွေးမိတဲ့ အလုပ်တွေတော့ မဟုတ်တာ သေချာတယ်။
⭐ ဆရာလင်းခါးရဲ့ ရေသေအိုင်စာအုပ်ကောင်းသလို၊ ဒီစာအုပ်က ဒုတိယမြောက်အကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်နိုင်တယ်။ စာရေးဆရာရဲ့ ဒုတိယခြေလှမ်းပေါ့။ဖတ်နေရင်း ဇာတ်ကောင်တွေနဲ့အတူ စီးမျှောနေမိတယ်၊ ရုံးထွက်လို့မရတဲ့ နွံတွေထဲမှာ နစ်နေကြတဲ့ဘဝတွေ၊ ခေတ်ကြောင့်လည်း နွံထဲကနေ မတတ်နိုင်တဲ့ဘဝ တချို့ရှိတယ်။
⭐ 'စမ်းရေလမ်း' တဲ့ နာမည်လေးကအေးချမ်းပင်မဲ့ လမ်းထဲမှာနေထိုင်တဲ့ဘဝတွေက ပူလောင်မှုနဲ့အတူ ရုန်းကန်းနေကြရတယ်။ လမ်းထဲက ဈေးဆိုင်နာမည်လေးကို အစွဲပြု၍ 'စမ်းရေလမ်း'လို့ လူသိများတယ်။' ဦးကြည်နု'
ဆိုတဲ့လူကြီးကို သနားမိတယ်၊ 'သီသီမေ' ဆိုတဲ့ကလေးမ လေးကို စာနာမိတယ်။ အပေါ်ယံပဲကြည့်ပြီး အပြစ်တင်တတ်တဲ့လူ့အသိုင်းအဝိုင်းတချို့ကြောင့် အသက်တွေ မဆုံးရှုံးသင့်ပဲ ဆုံးရှုံးရတယ်။
⭐ 'နင့်မျက်ခွက်က ကျက်သရေကို မရှိဘူး' ဆိုတဲ့စကားက စိတ်ဓာတ်တွေထိုးကျနေချိန်တွင် အားပေးမှု၊ တစ်ယောက်ကိုတစ်ယ
Unlock to read this premium article with 100 points.