Your Dearie
ကျွန်တော်တို့တွေက ဘဝရဲ့အချိန်တော်"များ"မှာ မိမိရဲ့တိုးတက်ရာတိုးတက်ကြောင်းအတွက် ရုန်းကန်နေကြရင်း မိသားစုဆိုတဲ့အရာကို မေ့ပျောက်လာကြတယ်။
တကယ်တော့ ပညာတတ်ကြီး၊ လုပ်ငန်းရှင်ကြီး၊ သူရဲကောင်းကြီးတွေဖြစ်နေတော့ရော ဘာထူးလဲ။
အဆုံးသတ်မှာ ကိုယ့်ဘဝရဲ့အခက်အခဲတွေကို ကျော်လွှားဖို့ကူညီပေးတာက ဦးနှောက်မှ မဟုတ်တာ။
ဒါပေမဲ့တစ်စုံတစ်ယောက်။
အဲဒီတစ်စုံတစ်ယောက်က အခက်အခဲပြသနာတွေရင်ဆိုင်နေရတဲ့၊ကျရှုံးမှုတွေရင်ဆိုင်နေရတဲ့ ကျွန်တော်တို့လက်ကိုဆွဲပီး အားပေးတဲ့သူ၊ ကျွန်တော်တို့တွေကို ပြိုလဲသွားခွင့်၊ ထွက် ပြေးသွားခွင့်၊ လက်မြောက်အရှုံးပေးခွင့်တွေ မပြုတဲ့သူတွေပေါ့။ အဲဒီသူတွေဟာ မိသားစုတွေပါ။
Heroes တွေ၊ ပိုပီးစွမ်းဆောင်ရည်တွေရှိတဲ့ Heroesကြီးတွေတောင် အဆုံးသတ်မှာပြန်သွားကြရတာတော့ သူတို့ရဲ့မိသားစုတွေဆီဘဲ မဟုတ်လား။
လောကကြီးကပေးတဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ ဘဝအတွေ့ကြုံကရတဲ့ဒဏ်ရာဒဏ်ချက်တွေသာမက အဆုံးစွန် မိသားစုကပေးတဲ့ဒဏ်ရာဒဏ်ချက်တွေကိုတောင်မှ ကုစားနိုင်ဖို့ အမြဲကျွန်တော်တို့ရဲ့ဘေးမှာရှိပေးပီး အားပေးတာက မိသားစုတွေပါ။
အဆုံးသတ်မှာတော့ အဲတာ မိသားစုတွေပါဘဲ။
#မိုနာ
#Reply1988
Keep Reading