Author's Profile Photo

Yu

20/12/2023

ဘယ်သူ ပြောင်းလဲသွားတာလဲ?

1 min read
Life Style
Personal Development
Culture
ဘယ်သူ ပြောင်းလဲသွားတာလဲ?'s photo

✨ တဖြည်းဖြည်း ကြီးပြင်းလာတာနှင့်အမျှ ကိုယ့်အနားမှာ ရှိခဲ့တဲ့သူတွေ ကိုယ်နဲ့ သိကျွမ်းခဲ့တဲ့ သူတွေက ပြောင်းလဲသွားတတ်ကြတယ် လို့ လူတော်တော်များများက ပြောလေ့ရှိကြတယ် ...

✨ အဲ့ဒီအပေါ် ထပ်ပြီး တွေးရမှာ တခုက ကိုယ်ကရော ဘာတွေပြောင်းလဲသွားပြီလဲ? ဘယ်လောက်တောင် ပြောင်းလဲသွားတာလဲ? ဆိုတာပါပဲ ...သူများ မျက်ချေးကိုကျ မြင်ပြီး ကိုယ့် မျက်ချေးကိုကျ မမြင်တဲ့သူမျိုး မဖြစ်စေချင်ဘူး...

✨တကယ်လို့ ကိုယ်က ဟိုးအရင်ကလည်း ဒီပုံစံပဲ ခုလည်း စိတ်နေစိတ်ထား အပြူအမူတွေက အရင်လိုပဲ ဆိုရင်တော့ ကိုယ့်အပေါ်ကို ပြောင်းလဲသွားပြီး ကိုယ်နဲ့ သဟဇာတ မဖြစ်တော့တဲ့သူတွေကို နှုတ်ဆက်လိုက်တာ အကောင်းဆုံးပါပဲ ...ဘဝက ပျော်ဖို့အတွက် လိုတယ်လေ...အာရုံနောက်ရမယ့် ကိစ္စတွေဆို ရောက်မလာခင် ရှောင်တာ အကောင်းဆုံးပဲ မဟုတ်လား...

✨ အဲ့ဒီလိုမှ မဟုတ်ဘူး ကိုယ်ကလည်း ပြောင်းလဲသွားပြီး ကိုယ့်ရဲ့ personal type ကလည်း ကိုယ်မနှစ်မြို့တဲ့ ပုံစံကြီး ဖြစ်လာခဲ့တယ် ဆိုရင်တော့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့တော့ လိုလာတာပေါ့ ... တကယ်တော့ ဘဝမှာ ကိုယ့်အကြောင်း ကိုယ်သိရှိခြင်းဟာ တော်တော်လေး လိုအပ်တယ်ရှင့် ...

✨ဒါပေ့မယ့် တခုတော့ရှိတာပေါ့လေ လူတွေက ဘဝပေးအခြေအနေတွေ မတူညီတဲ့အခါကျတော့ တချို့ကိစ္စတွေမှာ ဘာမှမတတ်နိုင်ဘဲ ပြောင်းလဲလိုက်ရတာတွေတော့ ရှိတာပေါ့လေ...

✨ကိုယ်က လူတွေနဲ့ အဆင်ပြေအောင်လို့ အတင်းကြီးလုပ်ယူရမယ်လို့ ပြောချင်တာမဟုတ်ဘဲ ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်လာတဲ့အခါမျိုးကြုံလာခဲ့ရင် ဘာကြောင့်လဲ ဆိုတဲ့အဖြေကို ရှာစေချင်တာပါ ကိုယ်ကိုယ်တိုင်က နားလည်ရခက်တဲ့သူမျိုး ဖြစ်နေတာကို ဘာကြောင့် လူတွေက ငါ့ကို နားမလည်ကြတာလဲလို့ မငြီးစေချင်ရုံပါ ... ဒါပါပဲ ရှင် ...

ယု
3:50

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)