Author's Profile Photo

SarPhat Author

20/12/2023

မောင့် ကဝေပျို

4 mins read
Art
18 Again
မောင့် ကဝေပျို's photo

ကျွန်မက အချစ်ကိုပဲ မက်မောတာ၊အချစ်ကိုပဲတန်ဖိုးထားတာ၊ဂုဏ်တွေဒြပ်တွေ ငွေတွေကိုဂရုလုံးဝမစိုက်ဘူး"
ဒါကသူပြောလေ့‌ရှိတဲ့စကားတစ်ခွန်းပေါ့။
"တစ်လောကလုံး ကျွန်မကို အပြစ်မြင်ရင်မြင်‌ေပစေ၊ကျွန်မ ရဲရဲကြီး ရင်ဆိုင်မယ်"
ဒါကလည်းသူပြောလေ့ရှိတဲ့စကားတစ်ခွန်းပါပဲ။
သူသည် တခြားသူမဟုတ် ကျွန်တော့်ကောင်မလေးဖြစ်ခဲ့ဖူးသူပေါ့။ပြီးတော့ ကျွန်တော့်ကိုလည်းသူချစ်ခဲ့ပါတယ်။ဒီလိုနဲ့ 'ချစ်သူ'ဆိုသောဘဝကို ရောက်ခဲ့ကြတာပေါ့။
တက္ကသိုလ်အတွင်းမှာ'ချစ်သူရည်းစား'တွေပေါတာပေါ့။လွတ်လွတ် လပ်လပ် ရှိသည်မှာလည်းအမှန်ပါပဲ။အရွယ်ရောက်သူများမို့ အချစ်ရေးကိုစိတ်ဝင်စားကြသည်။"အချစ်"ဆိုတဲ့အရာဟာ လွတ်လပ် နယ်မြေဖြစ်သော တက္ကသိုလ် မှာ ခေတ်အစားဆုံး အားကစား ပညာရပ်တစ်ခုဖြစ်တယ်။
တက္ကသိုလ်ကို ပညာသင်ဖို့လာကြတယ်။တက္ကသိုလ်ဆိုသောနေရာဟာ ပညာရပ်များစုံလင်ပြည့်ဝ သော နေရာဌာနကြီး တစ်ခုပေါ့။ဒါကြောင့် အရွယ်ရောက်သူတို့ဟာ လူမှု သိပ္ပံ ပညာ၊ဒဿန ပညာ၊စီးပွားရေးပညာသိပ္ပံပညာ စသည်တို့အပြင် အခြားသောပညာရပ်များကို ဌာနကြီးမှ ထွက်ခွာသွားရတဲ့ အချိန်မှာ အောင်မြင်မှုများနှင့် အချစ်ဆိုသော အားကစား ပညာရပ်ပါတစ်ပါတည်း ယူသွားရပါတယ်။
ကျွန်တော်တို့ တက္ကသိုလ်မရောက်ခင်ကပင် ချစ်ခဲ့ကြတယ်။သူက တက္ကသိုလ် ကျောင်းသူကြီး၊ ကျွန်တော်က တက္ကသိုလ်ဝင်တန်းမျှ မအောင်သေး သည့်ကျောင်းသားတစ်ဦး။တစ်နည်းအားဖြင့် သူက ကျွန်တော့်ထက်ပိုပြီး အချစ်ဆိုသော အားကစားပညာရပ် ကိုတတ်ကျွမ်းသူ၊ကျွန်တော်က သူ့လောက်ပညာမစုံသေးဘူး။ကျွမ်းကျင်သူနဲ့ မတတ်မြောက်သူတို့ နှစ်ဦးဆုံခဲ့ရတော့ အချစ်ဆိုတဲ့ ဆယ့်နှစ်ကြိုးကဝေအတတ်ပညာမှာ ကျွန်တော်တစ်ကြိုးတောင် မဖြတ်နိုင်အောင် အရူးပမာ ရူးခဲ့ရတယ်။
သူသည် အချစ်ဆိုတဲ့ကဝေပညာမှာ တစ်ဖက်ကမ်းခပ်ခဲ့သည့် ကဝေပျိုမလေးပေါ့။ဒါပေမဲ့ ကျွန်တော် ကဝေမလေးရဲ့ လှည့်စားမှုနယ်ပယ် တွင် ကျရှုံးခဲ့ရပါတယ်။
သူ့ကို ကျွန်တော် စတင်ချစ်မိသည့် အချိန်မှစပြီး ဘာမှမမြင်တော့၊ပယောဂ ဝင်ရောက်ခံနေရသော လူတစ်ဦးကဲ့သို့ပင် သူ့မျက်နှာ၊ သူ့အပြုံး၊ သူ့အလှ၊သူ့ အကြောင်းများသာ သံမှိုရိုက်ထားသလို စွဲမြဲ စွဲနေတာပေါ့။
ကျွန်တော့်သူငယ်ချင်းများက ပြောကြတယ် ။
"မင်း သူ့ကိုမချစ်ပါနဲ့ကွာ သူနဲ့မင်းနဲ့က အကွာကြီး မင်းကိုဖောက်ပြန်ရင် ဘယ်လိုလုပ်မလဲ"
"သူငါ့ကိုပြောဖူးတယ်ကွ သူက အချစ်ကိုပဲမက်မောတာ၊အချစ်ကိုပဲတန်ဖိုးထားတာ၊ဂုဏ်တွေဒြပ်တွေ ငွေတွေကိုလည်းဂရုမစိုက်ဘူးလို့ပြောဖူးတယ်"
"မုသားက ချိုတော့ မင်းတော့နွံနစ်နေပြီ ကယ်မရတော့ဘူး"
"ငါလည်း သူ့ကိုသိပ်ချစ်တာကွ ငါ့မမကွာ လှလည်းလှသလို စိတ်ထားကလည်းဖြူတယ်၊ သူပြောဖူးသေးတယ် တစ်လောကလုံး အပြစ်မြင်နေရင်တောင်သူ ကရင်ဆိုင်မယ်လို့ပေါ့။စဉ်းစားကြည့်လေ မင်းတို့က သူ့ကိုအပြစ်ပဲမြင်နေတာ သူရင်ဆိုင်ရဲရင် ငါလည်း ရင်ဆိုင်မယ်"
"ဒီမှာသူငယ်ချင်း ငါသတိမပေးဘူးမပြောနဲ့နော် ငါတော့ မင်းအသဲကွဲနေတဲ့ပုံရိပ် တွေကိုငါမြင်ယောင်နေတယ်"
"လာပါကွာ အိမ်ပြန်ရအောင် ‌၊ဘောလုံးကန်ဖို့ချိန်းထားတယ်လေ၊လွယ်အိတ်ထားပြီး သွားကန်ရအောင်"
"ကျောင်းဖွင့်တာမလား"
"ကြောင်တောင်တောင်နဲ့ ဒီနေ့ကသောကြာ မနက်ဖြန် စနေ ကျောင်းက‌ပိတ်တာပေါ့"
"ကျုရှင်က ဘယ်လိုလုပ်မှာလဲ"
"သွားမနေပါနဲ့ကွာ မရတာရှိရင် မင်းမမကိုမေးပေါ့"
"အေး အမြန်ပြန်ပြီး ဘောလုံးသွားကန်မယ်၊ကြေးကရော "
"ပုံမှန် ၅၀၀၀၀ကြေးပဲပေါ့ "
"ဟ ငါပိုက်ဆံ မရှိဘူးယောက်ဖ"
"ငါစိုက်ပေးမယ်ကွာ လိုက်ခဲ့"
"အေး ကျေးဇူးကွာ"

နှစ်ကာလဆိုတဲ့ မြစ်မှာ တသွင်သွင်စီးကာပထမနှစ်ဝက် စာမေးပွဲ နီးလေပြီ။ကျွန်တော်ဘယ်လိုမှ စာ‌ေကာင်း‌ေကာင်းကျက်လို့ မရဘူး။ကျွန်တော်ရဲ့ ကောင်မလေး တက္ကသိုလ် ကျောင်းသူလေး ကိုလွမ်းဆွတ်ကာ ငိုင်နေရပါတယ်။အမှတ်မထင် ဆရာမ က စာပြနေတာကို နားမထောင်နေတာကိုသိတော့ ဘောဖျက် နဲ့ပြစ်ပေါက်တာပေါ့။
"ဝှီး....ဒက် ..."
ပန်ကားများထိပြီး ဆူညံသွားတာပေါ့။အဲ့တာနဲ့
"ဟဲ့ စာမကြည့်ပဲ ဘာတွေ တွေးနေတာလဲ ကျောက်သင်ပုန်းကိုကြည့်စမ်း၊ ဟိုအကောင် အိပ်ငိုက်နေတယ် နားရွက် တစ်ချက်လိုက်ဆွဲထည့်လိုက် ခန့်ဇော်"
"ဟုတ် ဆရာမ"
"အား......."
"ဟာ မင်းဘာလုပ်တာလဲကွာ ငါအိပ်နေတာ မင်းမမြင်ဘူးလား"
"ဟဲ့ ဇွဲမာန် ထထထထ....
နာမည်ကဇွဲမာန် ဇွဲကလည်းမရှိ မာန်ကလည်း မရှိဘူး
ကျောက်သင်ပုန်းသေချာကြည့်၊ဟဲ့ ဟဲ့ လိုက်မကူးချနဲ့ဦးနော် နောက်မှ အကုန်ပြန်တွက် နားမလည်ရင် ချက်ချင်းမေး နားနေခန်းမှာလာမေးလည်းရတယ်၊အားလုံးကြားကြလား"
"တောင်••တိန်း••တောင်•••"
"ရေး•••••"
"အားလုံးပဲ မင်္ဂလာပါ"
"မင်္ဂလာပါ ဆရာမ ကျေးဇူးတင်ပါတယ်ဆရာမ ကျန်းမာ ချမ်းသာပါစေဆရာမ"
တစ်နေ့မှာတော့ တက္ကသိုလ်က ကောင်မလေးနဲ့ပြတ်ဖို့အကြောင်းဖန်လာတော့တယ်
"ဟဲ့ စိုးလွင် နင့်မမ နင့်မမလေ"
"ငါ့မမ ဟုတ်လား ငါ့မမ ဘာဖြစ်လို့လဲ"
"နင့်မမက တက္ကသိုလ်က ကောင်လေးနဲ့တွဲနေပြီတဲ့"
"မဖြစ်နိုင်တာဟာ ငါ့မမက ငါ့ကိုသိ

မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie ReviewElio (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်

Unlock to read this premium article with 10 points.