Author's Profile Photo

SarPhat Author

19/12/2023

If I were 18 Again

1 min read
Life Style
Health
18 Again
If I were 18 Again's photo

''အာရောဂျံ ပရမံလာဘံ'' တဲ့။ အားလုံးသိကြတဲ့အတိုင်းပါပဲ ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါးပါ။ ကျွန်တော်သာ 18နှစ်အရွယ်ဖြစ်ခဲ့ရင် ကျန်းမာရေးကိုပထမဦးစားပေးထားမယ်။ ကျန်းမာရေးကောင်းအောင် ပြုမူနေထိုင်မယ်။ အထူးသဖြင့် စိတ်ကျန်းမာရေးကို ပိုဂရုစိုက်ဖြစ်လိမ့်မယ်။

၁၈နှစ်အရွယ်မှာ တချို့ တွေက တက္ကသိုလ်တက်နေကြပြီး တချို့တွေက အလုပ်တွေစလုပ်နေရတယ်။ တချို့တွေက လူငယ်ဘ၀ကို 18လောက်မှာစပြီး တချို့တွေကလူကြီးဘ၀ကို 18လောက်မှာစနေခဲ့ရပြီ။

လူတိုင်းလူတိုင်းဟာ အသက်အရွယ်တိုင်းမှာ လောကဓံရိုက်ချက်တွေကို အနည်းနဲ့အများခံနေရတဲ့သူတွေပါပဲ။ ၁၈နှစ်အရွယ်ဆိုတာ လောကဓံနဲ့ စတင်ထိတွေ့ရတဲ့ အချိန်လို့ပြောလို့ရတယ်။ ပညာရေး၊စီးပွားရေး၊ လူမှူဆက်ဆံရေး အစရှိတာတွေကို စတင်သင်ယူနေရပြီ။ အနည်းဆုံးတော့ ကိုယ့်အတွက်ကိုယ် တာ၀န်ယူနေရပြီ။ ခုခေတ်ဆိုပိုဆိုး အပြိုင်အဆိုင်တွေများ ဖြစ်ချင်တာတွေများ လိုချင်တာတွေများလာကြပါတယ်။ peer pressure (သက်တူရွယ်တူတွေ ဆီကရရှိတဲ့စိတ်ဖိဆီးမှု)တွေကို ပိုမိုခံစားနိုင်တဲ့အရွယ်ပါ။ ဥပမာပြောရရင် တက္ကသိုလ်တက်နေတဲ့သူတွေဆို ကိုယ်နဲ့ရွယ်တူတွေက သင်တန်းအသစ်တွေတက်ရင် ကိုယ်လည်းတက်ချင်တယ်၊ ဆိုင်ကယ်ခပ်မိုက်မိုက်လေးစီးရင်ကိုယ်လည်းစီးချင်တယ် ၀တ်ကောင်းစားလှ၀တ်တာတွေ့ရင် ကိုယ်လည်း၀တ်ချင်တယ် စသဖြင့်ပေါ့။ အဲ့လိုပဲ တက္ကသိုလ်မတက်နိုင်လို့ မိသားစုတာ၀န်ကို တ‌စ်‌ထောင့်‌တစ်နေရာကနေတာ၀န်ယူနေရတဲ့ 18နှစ်အရွယ်တွေကလည်း ကျောင်းတက်နေတဲ့သူတွေကို အားကျပြီး ကိုယ့်ဘဝကို အားမလိုအားမရဖြစ်နေကြတာပါပဲ။

ဒီpeer pressure တွေကို အဲ့ဒီအရွယ်မှာ ကောင်းမွန်စွာမကိုင်တွယ်နိုင်ခဲ့ရင် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ သိမ်ငယ်စိတ်၀င်တာ၊ မနာလိုစိတ်ဖြစ်တာ၊ ဆုံးဖြတ်ရခက်ခဲလာတာ၊ စိုးရိမ်ပူပန်မှုတွေများလာတာ၊ စိတ်ဓါတ်ကျလာတာတွေကို ဘ၀တစ်လျောက် ခံစားရနိုင်ပါတယ်။

''စိတ်ထောင်းကိုယ်ကြေ'' ဆိုတာအလကားမဟုတ်ပါဘူး။ စိတ်ပိုင်း‌ဆိုင်ရာထိခိုက်လာတဲ့အခါ ဆက်ဆံရေးတွေထိခိုက်လာမယ် နေထိုင်မကောင်းတာတွေဖြစ်လာမယ် တိုးတက်သင့်တာတွေမတိုးတက်မျိုး ဖြစ်လာနိုင်တယ်။ ဒါ့ကြောင့် အဲ့ဒီလိုမဖြစ်အောင် စိတ်ကျန်းမာရေးကို အရမ်းဂရုစိုက်သင့်တယ်။ " စိတ်က အရာရာကိုဆောင်တယ် '' ''စိတ်နောက် ကိုယ်ပါ'' ဆိုတဲ့စကား‌တွေဟာ အလကားရှိခဲ့တာ မဟုတ်ပါဘူး။
တနေ့တာ ၂၄နာရီမှာပဲ လူနှစ်ယောက်ကိုနှိုင်းယှဉ်ကြည့်လို့ရပါတယ်။ စိတ်ညစ်စရာတွေများပြီး စိတ်မပျော်ရွှင်နိုင်တဲ့သူတစ်ယောက်နဲ့ စိတ်ပျော်ရွှင်တဲ့သူတစ်ယောက်ကို နှိုင်းယှဉ်ကြည့်ရင် ဘယ်သူက နေ့စဉ်ဘ၀ကို အကောင်းဆုံးတိုးတက်အောင်မြင်အောင်လုပ်ဆောင်နိုင်မလဲဆိုတာမပြောပြလည်းအားလုံးသိနိုင်ကြပါတယ်။ တစ်နှစ်သာဆိုရင် လူတစ်ယောက်က တော်တော်လေးကို တိုးတက်ပြောင်းလဲသွားမှာအသိအသာကြီးပါ။

ကျွန်တော့်ဘ၀အတွေ့အကြုံအရ ကျွန်တော်သာ 18အရွယ်မှာ စိတ်ကျန်းမာရေးကို ကောင်းကောင်းဂရုစိုက်နိုင်ခဲ့ရင် ယခုလက်ရှိမှာ confidenceရှိရှိ ဘ၀ကိုဖြတ်သန်းနိုင်မယ်လို့ယုံကြည်တယ်။ ခုလက်ရှိထက် ပိုမိုပျော်ရွှင်ရမယ်လို့ယုံကြည်တယ်။ ခုလက်ရှိထက် ပိုတိုးတက်နေမယ်လို့ ယု့ကြည်တယ်။ နောင်တတွေ နည်းသွားမယ်လို့ယုံကြည်တယ်။


ဘာလို့လဲဆို အခုချိန်မှာ တစ်ခုခုကိုဆုံးဖြတ်ရတဲ့အခါ သိမ်ငယ်စိတ်တွေရှိနေခဲ့တဲ့အတွက် ငါလုပ်နိုင်မှာမဟုတ်ဘူး။ တခြားသူသာဆိုငါ့ထက်ကောင်းအောင်လုပ်နိုင်တယ် ဆိုတာမျိုးပဲတွေးနေမိတယ်။ Confidence မရှိတော့မျိုးပေါ့။ ပြီးတော့ တွေဝေနေတတ်တာမျိုးတွေခဏခဏဖြစ်တယ်။ဆုံးဖြတ်ရခက်တာမျိူးတွေ အဲ့အတွက်ကြောင့် နောင်တတွေလည်းအများကြီးရရတယ်။

စိတ်ကျန်းမာရေးဟာ အရေးမပါဘူးလို့ ထင်နိုင်ပါတယ်။ စိတ်ဆိုတာ ပန်းပင်တစ်ပင်လိုပဲ နေ့စဉ်ရေလောင်းပေါင်းသင် ဂရုစိုက်ဖို့လိုတယ်။ အဲ့တာမှသာ တစ်ချိန်မှာ ဘ၀ကလည်း ပန်းလေးတွေလိုပဲ လှလှပပပွင့်လန်းလာမှာပါ။ စိတ်ကျန်းမာရေးကို ဂရုမစိုက်ဖူးသေးဘူးဆို ဒီနေ့ကစပြီးဂရုစိုက်ကြည့်လိုက်ပါ။ ရလဒ်က တစ်ချိန်မှာ ကိုယ်တိုင်သာခံစားရပါလိမ့်မယ်လို့ တိုက်တွန်းခြင်ပါတယ်။



Keep Reading

အွန်လိုင်းသင်တန်းများမှ ရရှိလာသော ပြောင်းလဲမှုများ‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ဟဲမင်းဝေး နေ့စဉ်ဘဝစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးကျွန်တော့်ပြောင်းလဲမှု အချို့၏ အစပျော်စရာနေ့အမွေအနှစ်လား လံကြုပ်လား အပိုင်းတစ်ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုး