SarPhat Author
ဒီနေ့တော့ ဂျပန်နိုင်ငံမှာ ကျောင်းတက်ချင်သူများအတွက် အခွင့်အရေးတစ်ရပ်ဖြစ်တဲ့ ဂျပန်စာမတတ်ဘဲ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ကြီးမှာ Bachelor ဘွဲ့ကို Fully Funded နဲ့ သွားရောက် လေ့လာသင်ယူနိုင်မဲ့ Scholarship Program ဖြစ်တဲ့ Kyoto IUP Program အကြောင်းလေး ပြောပြပေးချင်တယ်။
Kyoto IUP Scholarship ဆိုတာဘာလဲ?
Kyoto IUP Scholarship ဆိုတာ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ Kyoto University မှာ ပညာသင်ကြားနိုင်ဖို့ International Undergraduate Student တွေကို ပေးတဲ့ Full Scholarship Program တစ်ခုဖြစ်ပါတယ်။
ဒီ Scholarship ရဲ့ ကြာချိန်အနေနဲ့ Preparatory Course (၆) လ နှင့် နှစ်သက်ရာ ဘာသာရပ်အလိုက် Undergraduate Program (၄) နှစ်ကြာမှာ ဖြစ်ပြီး စုစုပေါင်း စာသင်နှစ် 4 နှစ် 6 လ တက်ရောက်ရမှာဖြစ်ပါတယ်။
Preparation class (၆) လမှာဆိုရင် ဂျပန်စာသင်ကြားရမှာ ဖြစ်ပြီး ပထမနှစ် နှင့် ဒုတိယနှစ်မှာလည်း ဂျပန်စာ သင်ခွင့်ရဦးမှာဖြစ်ပါတယ်။ ဒီ (၂) နှစ်အတွင်းမှာ သင်ခန်းစာတွေကလည်း English လိုပဲ သင်ရမှာဖြစ်ပြီးတော့ နောက်ဆုံး စာသင်နှစ် (၂) နှစ်ရောက်မှပဲ Japanese လို သင်ကြားရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ Scholarship လျှောက်တဲ့အချိန်မှာ ဂျပန်စာ မတတ်ထားသေးလဲ အဆင်ပြေပါတယ်။
နောက်ထပ် အားသာချက်တစ်ခုအနေနဲ့ ဒီကျောင်းက မြန်မာနိုင်ငံက ဆယ်တန်းအမှတ်ကို တရားဝင်လက်ခံထားတာဖြစ်လို့ ဆယ်တန်းအောင်ထားပြီး စိတ်ဝင်စားရင် လျှောက်လို့ရပါတယ်။ မြန်မာနိုင်ငံမှာ ဘယ်တက္ကသိုလ်၊ ဘယ်မေဂျာတက်နေတာပဲဖြစ်ဖြစ် Kyoto University ကနေ ကိုယ်စိတ်ဝင်စားတဲ့ ဘယ်ဘာသာရပ်မဆို လျှောက်နိုင်ပါတယ်။
လျှောက်လို့ရတဲ့ ဘာသာရပ်တွေကရော?
- Faculty of Education
- Faculty of Law
- Faculty of Economics
- Faculty of Integrated Human Studies
• Social Sciences and Humanities
• Natural Sciences
- Faculty of Science
• Mathematical Sciences
• Physics and Astrophysics
• Earth and Planetary Sciences
• Chemistry
• Biological Sciences
- Faculty of Engineering
• Global Engineering
• Architecture
• Engineering Science
• Electrical and Electronic Engineering
• Informatics and Mathematical Science (Computer Science)
• Industrial Chemistry
- Faculty of Agriculture
• Bioresource Science
• Applied Life Sciences
• Agricultural and Environmental Engineering
• Food and Environmental Economics
• Forest and Biomaterials Science
ယခုဖော်ပြပါ စုံလင်လှတဲ့ ဘာသာရပ်တွေထဲက ကိုယ့်စိတ်ကြိုက်လျှောက်ထားလို့ရပါတယ်။
Scholarship Benefits တွေကရော?
- Full Tuition Fees (ကျောင်းလခ ကင်းလွတ်ခွင့်)
- 6 months Preparatory Course အခမဲ့ တတ်ရောက်ခွင့်
- နေထိုင်စားသောက်စရိတ် JPY 120000 (ယန်း ၁သိန်း ၂သောင်း)
- ၄နှစ်တာ အဆောင်နေထိုင်ခွင့် တို့ကိုထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
Scholarship အတွက် လိုအပ်တဲ့ Documents တွေကရော?
- Application Form
- အထက်တန်းအောင်လက်မှတ် (နိုတြီ)
- Academic Transcripts (နိုတြီ)
- Cv or Resume
- Passport Photo
- Passport Copy
- IELTS min 6.5 / TOEFL(iBT) min 90 / TOEFL(PBT) min 580 / Cambridge English Scale min 180
- Recommendation Letters
ဘယ်လိုလျှောက်လို့ရတာလဲ?
Application အစအဆုံး Online Registration ပါ။
- အရင်ဆုံး ဖော်ပြပါ Link မှာ Account ဖွင့်ပါ။
https://admission.iup.kyoto-u.ac.jp/oct2021/user/new
- Application Fee သွင်းဖို့လိုအပ်ပါတယ်။
- ပေးထားတဲ့ Link ထဲက Form ကို Down ပြီး လိုအပ်တာဖြည့်ပါ။
https://www.iup.kyoto-u.ac.jp/apply/
- ဖြည့်ထားတဲ့ Form တွေနဲ့ လိုအပ်တဲ့ Documents တွေကို Summit လုပ်လိုက်ရင် တော့ အောင်မြင်စွာ လျှောက်ထားပြီးဖြစ်ပါတယ်။
Scholarship အကြောင်း အသေးစိတ်ကိုတော့ သူတို့ရဲ့ တရားဝင် Website ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://www.iup.kyoto-u.ac.jp/apply/
ဒါဆိုရင်တော့ Kyoto IUP Scholarship အကြောင်းကို သိရှိသွားကြမယ်လို့ ထင်မိပါတယ်။ နောက်ပြီး ဒီ Scholarship ကနေ ကိုယ်လေ့လာချင်တဲ့ ဘာသာရပ်တွေကိုလည်း သင်ယူနိုင်အောင် ကြိုးစားကြပါလို့ ကျွန်တော်ကနေ တိုက်တွန်းအားအင်ပြုလိုက်ပါတယ်။
ဒီနေ့တော့ ဒီလောက်နဲ့ နားခွင့်ပြုပါခင်ဗျာ၊ နောက်နေ့တွေမှာ ပြန်တွေ့ကြပါမယ်…
Keep Reading