SarPhat User
"မင်္ဂလာပါ"လို့ပထမဦးစွာအားလုံးကိုနှုတ်ခွန်းဆက်သပါတယ်။ကျွန်မကတော့ အသက် ၂၀ အရွယ်"မြူ"ဖြစ်ပါတယ်။ဒီနေ့မှာတော့ သင်သာ(၁၈)နှစ်အရွယ်လူငယ်တစ်ယောက်ဆိုရင်{18 Again}ဆိုတဲ့ခေါင်းစဉ်လေးအောက်မှာ မြူ သာအသက် ၁၈ နှစ်အရွယ်ကိုပြန်ရောက်နိုင်မယ်ဆိုရင်အနာဂတ်အတွက်ဘာတွေပြင်ဆင်မလဲ၊ဘယ်လိုတွေပြောင်းလဲချင်လဲဆိုတာကိုအားလုံးသိအောင်ဝေမျှပေးချင်ပါတယ်။
အကယ်၍ မြူ သာအသက် ၁၈ နှစ်အရွယ်ကိုပြန်ရောက်ခဲ့မယ်ဆိုရင် ၁၈ နှစ်အရွယ် မြူ ကိုသိစေချင်နားလည်စေချင်တာက [၃]ချက်ပဲရှိပါတယ်။အဲ့ ၃ ချက်ကတော့
၁_အခြားသူတွေကိုအပြစ်တင်နေတာကိုရပ်ရမယ်
၂_comfort zone ကထွက်ရမယ်(ဆင်ခြေပေးတာတွေရပ်ရမယ်]
၃_ပညာရပ်တစ်ခုခုကိုသေချာတက်မြောက်အောင်သင်ကြားရမယ်။
ပထမဆုံးအချက်ဖြစ်တဲ့ "အခြားသူတွေကိုအပြစ်တင်တာရပ်ရမယ်"ဆိုတဲ့အချက်ကဘာကိုဆိုလိုချင်တာလဲဆိုရင် မြူ ရဲ့မိသားစုကအတော့်ကိုစည်းကမ်းတင်းကျပ်တဲ့ထဲမှာပါတာကြောင့် မြူက လူငယ်တစ်ယောက်ရသင့်တဲ့အခွင့်အရေးတွေလုံးဝမရခဲ့ဘူး။သူငယ်ချင်းတွေနဲ့လျှောက်လည်တာ၊ခရီးထွက်တာအစရှိတဲ့အရာတွေက မြူ့ အတွက်တော့အတော့်ကိုခက်ခဲတဲ့အရာတွေပဲ။အဲ့အချိန်မှာ မြူ့ ခေါင်းတဲ့ဝင်လာတဲ့အတွေးကတစ်ခုပဲရှိတယ်။အဲ့တာက မြူ မတိုးတက်ပဲနောက်မှာကျန်ခဲ့ရတာက မြူ့မိသားစုကြောင့်လို့ အမြဲအပြစ်တင်တယ်။ဘာလို့လဲဆိုတော့ ကျရှူံးတဲ့အချိန်၊နောက်မှာကျန်ခဲ့တဲ့အချိန်၊လုပ်နေတဲ့အရာတွေကိုဆက်မလုပ်ချင်တော့တဲ့အချိန်တွေမှာ အမေကြောင့် အဖေ့ကြောင့် အဖွားကြောင့် လို့မိသားစုဝင်တွေနဲ့ပတ်ဝန်းကျင်ကိုအပြစ်ပုံချလိုက်တိုင်းစိတ်သက်သာရာရလို့။ လက်တွေ့မှာတော့ မြူ ကသူများတွေလိုအပြင်မှာအလုပ်လုပ်နေရတဲ့သူမဟုတ်ဘူး၊သူများတွေလိုဒုက္ခဆင်းရဲပင်လယ်ဝေပြီးစားဖို့သောက်ဖို့တောင်အနိုင်နိုင်ရုန်းကန်နေရတဲ့သူတွေထဲမှာလဲမပါဘူး။ အချိန်တန်စားလိုက်၊အချိန်တန်အိပ်လိုက်နဲ့ အပူအပင်မရှိပဲနေရတဲ့သူမျိုး။ပညာရပ်တွေသင်ယူလေ့လာချိန်ရှိပါရက်နဲ့ သပ်သပ်သူများကိုအပြစ်တင်၊မကောင်းတဲ့အတွေးတွေနဲ့ ကိုယ့်စိတ်ကိုအမှောင်ဖုံးပစ်ခဲ့မိတယ်ဆိုတာ သိစေချင်မိတယ်။
ဒုတိယအချက်ဖြစ်တဲ့ comfort zone ထဲကထွက်ရမယ် တစ်နည်းအားဖြင့်ဆင်ခြေပေးတာရပ်ရမယ်ဆိုတာက အဲ့အချိန်တုန်းက တစ်ခုခုလုပ်မယ် တစ်ခုခုလေ့လာမယ်တွေးလိုက်တိုင်း နောက်မှလုပ်ပါ့မယ်၊ဖုန်းလေးခဏကြည့်ပြီးအနားယူလိုက်ဦးမယ်၊ခဏလောက်အိပ်လိုက်ပါဦးမယ်လေ၊တနေကုန်အိမ်အလုပ်ဝိုင်းကူနေရတာနဲ့ပင်ပန်းလို့နောက်မှ လုပ်ပါတော့မယ်ဆိုပြီး ညကနေနေ့ကိုရွှေ့၊နေ့ကနေညကိုရွှေ့နဲ့ နောက်ဆုံးဘာမှမလုပ်ဖြစ်ခဲ့တာတွေကအနာဂတ်မှာကိုယ့်အတွက်ဘယ်လောက်နစ်နာစေလဲဆိုတာနားလည်သဘောပေါက်နေပြီမို့ ၁၈ နှစ်အရွယ်ကိုယ့်ကိုကိုယ်လည်းနားလည်သဘောပေါက်စေချင်တယ်။
နောက်ဆုံးအချက်ဖြစ်တဲ့ ပညာရပ်တစ်ခုကိုသေချာတက်မြောက်အောင်သင်ရမယ်ဆိုတာကတော့ အပေါ်ကနှစ်ချက်ကိုကျော်ဖြတ်နိုင်မှ ဖြစ်လာနိုင်တယ့် ဆန္ဒတစ်ခုပါပဲ။ သူများကိုအပြစ်တင်တာရပ်၊comfort zone ကထွက် ပြီးတာနဲ့ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာစကားတစ်ခုခု သို့မဟုတ် ပညာရပ်တစ်ခုခုကို profesional ကျကျတက်မြောက်အောင်သင်ယူစေချင်တယ်။အဲ့တာမှအနာဂတ်အတွက်ကြိုတင်ပြင်ဆင်ပြီးသားဖြစ်အောင်ပါ။
ကဲ အဲ့ ၃ ချက်ကတော့ မြူ သာ ၁၈ နှစ်အရွယ်ကိုပြန်ရာက်နိုင်ရင်လုပ်ချင်တဲ့ အချက် ၃ ချက်ပါပဲ။အဲ့ ၃ ချက်ရဲ့ အသုံးဝင်ပုံကိုသိထားပြီးပြီမို့ ခု ၁၈ နှစ်အရွယ် နဲ့ ဆယ်ကျောက်သက်အရွယ်မောင်ငယ် ညီမလေးတွေကို ကျင့်သုံးစေချင်တယ်။တကယ်ကိုအကျိုးရှိတဲ့ အချက်တွေပါ။
မောင်ငယ် ညီမငယ်လေးတွေအားလုံးအနာဂတ်မှာ နောင်တဆိုတဲ့စကားလုံးကိုသုံးစရာ မလိုပဲ အောင်မြင်တောက်ပတဲ့ကြယ်ပွင့်လေးတွေဖြစ်လာပါစေလို့ အမက ဆုတောင်းပေးပါတယ်။
အားလုံးကျန်မာချမ်းသာကြပါစေ။
အပိုအနေနဲ့ပြောချင်တာကနောက်ကျတယ်ဆိုတာမရှိပါဘူး ဆယ်ကျော်သက်ပဲဖြစ်ဖြစ်၊နှစ်ဆယ်ကျောက်ပဲဖြစ်ဖြစ်၊လူလတ်ပိုင်းပဲဖြစ်ဖြစ်၊လူကြီးပဲဖြစ်ဖြစ်ဒီအချက်သုံးချက်ကိုလိုက်နာကျင့်သုံးမယ်ဆိုရင်အောင်မြင်တိုးတက်မှာအမှန်ပါပဲ။
"မြူ"
#သင်သာ၁၈နှစ်အရွယ်လူငယ်တစ်ယောက်ဆိုရင်
#18again
Keep Reading