SarPhat Author

ဒီနေ့မှာတော့ ပေါ့ပေါ့ပါးပါး အလုပ်အကိုင်အကြောင်းလေး ပြောကြမယ်။ ပေါ့ပေါ့ပါးပါးဆိုပေမဲ့ တကယ်တမ်းကျ အရမ်းကြီးတော့လည်း ပေါ့ပါးတာတော့ မဟုတ်ဘူးဗျ။ ဒီအကြောင်းက Content Writing
အလုပ်အကြောင်းလေး ဟိန်းထက်တစ်ယောက် တီးခေါက်ကြည့်ချင်ပါတယ်။
Content Writer/Creator အလုပ်က ကောင်းလား။ ဆိုးလား။ လူငယ်တွေကို မေးကြည့်မယ်ဗျာ။
အဖြေမှန်ကတော့ ကောင်းတယ်ဖြေတဲ့သူနဲ့ဆိုးတဲ့ဖြေတဲ့သူက သူတို့ရဲ့ ကိုယ်ပိုင် ခံယူချက်ပေါ်မှာ မူတည်ပါတယ်။
အမှန်တော့ Content Creation Skill က ဘယ်နယ်ပယ်ကမဆို လူတွေအတွက် အရေးကြီးပါတယ်။ အချို့က Content လို့ဆိုရင် စာရေးတာလောက်ပဲ ပြေးမြင်တာ။ တကယ်တမ်းက ဗီဒီယိုဆိုတာလည်း Content ပဲ။ ပုံတွေလည်း Content ပဲ။ စာလည်း Content ပဲ။ Presentation ပြရင်လည်း Content ပဲ။
ဆိုတော့ Content Creator တွေက သူတို့ရဲ့ အိုင်ဒီယာတွေကို အခြားသူတွေဆီ ပြသတဲ့အခါ ပုံမှန်သူတွေထက် ပိုမို ရှင်းရှင်းလင်းလင်း ထိထိရောက်ရောက် ပြသနိုင်တယ်။ ဒီလိုပြသနိုင်တဲ့ အရည်အချင်းကလည်း လူတိုင်းမှာ လိုအပ်တယ်။
ဉပမာကျွန်တော်က ဘဏ်မှာ မန်နေဂျာတစ်ယောက်။ ကိုယ်ရဲ့ ဝန်ထမ်းတွေကို နောက်လုပ်မယ့် လုပ်ငန်းတွေ
အကြောင်း သူတို့ကိုရှင်းပြချင်တယ်။ သို့မဟုတ် အထက်လူကြီးကို ကိုယ့်ရဲ့ အိုင်ဒီယာတွေကို တင်ပြချင်တယ်။
ဒါဆို Content တွေ ဖန်တီးရတော့မယ်။ ဘယ်လိုအကြောင်းအရာမျိုးက ငါ့လူကြီးကို ဆွဲဆောင်မှုရှိစေမှာလဲ။ စသဖြင့် စဉ်းစားရပြီ။
ဒါဆို လူ (၂) ယောက် အိုင်ဒီယာအတူတူပဲ။ သို့သော် ပိုကောင်းအောင် ပြသနိုင်တဲ့သူက ပိုပြီးအခွင့်အလမ်း
ရသွားနိုင်တယ်။ ဒါအိုင်ဒီယာ ကောင်းလို့မဟုတ်ဘူး။ Content တွေကို ကောင်ကောင်းအသုံးချနိုင်လို့။
ဒါကြောင့်မို့ Content Writer, Content Creator ဆိုတာ အလုပ်သက်သက်မဟုတ်ဘဲ ဘယ်နယ်ပယ်ရောက်ရောက် အသုံးဝင်ပါတယ်။
ဒါဆို Content Creator/Writer တစ်ယောက်ဖြစ်အောင် ဘယ်လိုလေ့လာလို့ရမလဲ။
(၁) နေ့စဉ်တွေ့နေရတဲ့ စာတွေ၊ ပုံတွေ၊ ဗီဒီယိုတွေကို ဖန်တီးသူတစ်ယောက်အနေနဲ့ စဉ်းစားကြည့်ပါ။
(၂) ကိုယ့်သဘောကျတဲ့ Content Creator တွေရဲ့ ဖန်တီးမှုများကို လေ့လာကြည့်ပါ။
(၃) ကိုယ်တိုင် ဖန်တီးပြီး လူမှုကွန်ရက်ပေါ်မှာပဲဖြစ်ဖြစ် စမ်းသပ်ကြည့်ပါ။
(၄) အခြားသူငယ်ချင်းများရဲ့ အမြင်များကို တောင်းခံပါ။
(၅) Podcast တွေ၊ သတင်းတွေ၊ မတူညီတဲ့ Content တွေကို လေ့လာကြည့်ပါ။
ဒီအချက်တွေမှတဆင့် ကိုယ်က Content Wrtier/Creator ပိုင်းကို ပရော်ဖက်ရှင်နယ် တစ်ယောက်အဖြစ် မဝင်ရောက်ပင်သော်ငြားလည်း ကိုယ်ရဲ့ရှိရင်းစွဲအလုပ်အကိုင်ပေါ်မှာ အများကြီး အကျိုးသက်ရောက်မှုရှိပါတယ်။
အခုဆို ဗီဒီယို Content Creation က တဖြည်းဖြည်းနဲ့ မြန်မာပြည်မှာ ကျယ်ပြန့်လာပြီ။ ဗီဒီယိုအတို တွေ ဖန်တီးတဲ့သူတွေလည်း အတော်လေးရှိလာပြီ။ ကိုယ်က ခေတ်နောက်မကျသွားအောင် စျေးကွက်အရွေ့မှာ မကျန်ခဲ့အောင် Content Writer ကို အလုပ်တစ်ခုလိုမဟုတ်ဘဲ လေ့လာကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ဆောင်းပါးလေးအဆုံးမှာ ဘာတွေလေ့လာလိုက်ရပါသလဲ။ တစ်ခုခုလေ့လာလိုက်ရတယ်ဆိုရင်တော့ ကျွန်တော်ကျေနပ်ရပါတယ်ခင်ဗျ။ လူငယ်များ အလုပ်အကိုင်များ ပေါများလာစေဖို့ ဆုတောင်းလျက်။
Keep Reading