Author's Profile Photo

SarPhat Author

17/12/2023

"ကိုယ်နဲ့အဆင်ပြေမယ့်သူ"

1 min read
Life Style
Personal Development
General Knowledge
"ကိုယ်နဲ့အဆင်ပြေမယ့်သူ"'s photo

Friendship မှာဘဲဖြစ်ဖြစ် Relationship မှာ ဖြစ်ဖြစ်ကိုယ့်အတွက် စိတ်လုံခြုံမှု အပြည့်အဝပေးနိုင်တဲ့သူနဲ့လက်တွဲတာ အဆင်ပြေဆုံးပါဘဲ။
အဲ့လိုလူနဲ့ဆို ကိုယ်ကဘာမှအရမ်းညှိစရာလိုမယ်မထင်ဘူး။
ကိုယ့်အပေါ် တစ်စက်ကလေးမှ နားမလည်တဲ့ ရည်းစား ဒါမှမဟုတ် သူငယ်ချင်း ‌နဲ့သာဆိုရင် ဘာလုပ်လုပ်အဆင်ပြေမှာမဟုတ်ဘူး။

Friendship နဲ့ Relationship ရဲ့အသွားအလာတွေက တော်တော်များများတူညီကြပါတယ်။
Friendship မှာဆို Long Time Best Friend တွေနဲ့ပေါင်းသင်းရတာဟာ အများကြီး အဆင်ပြေပြီး Relationship မှာဆိုလည်း သက်တမ်းကြာလာလေ ကိုယ့်‌အပေါ်ပိုချစ်လေ ဆိုတဲ့သူနဲ့တွဲရတာပိုအဆင်ပြေပါတယ်။

ကျွန်မတွေ့ဖူးတဲ့ Relationship တစ်ခုရှိတယ်။
သူတို့အတွဲက ပုံမှန်အတွဲတွေနဲ့မတူဘူး‌
တွေ့ရတဲ့အချိန်ကလည်း ရှားတယ်။
ဒါပေမယ့် သူတို့ ရန်ဖြစ်တယ်ဆိုတာကလည်း ပိုတောင်ရှားတယ်။
သူတို့ဆို သက်တမ်းတော်တော်ကြာပြီး
တော်တော်များများ ညှိစရာမလိုဘဲ အကုန်လုံးအစစအရာရာအဆင်ပြေကြတယ်။
အဲ့တာကလည်း တစ်ယောက်ကို တစ်ယောက်နားလည်မှုတွေ ချစ်တာတွေဘာတွေကြောင့်မြဲနေတာဘဲနေမယ်။
သူတို့ရဲ့ Type တွေကလည်းတော်တော်တူတာကြောင့်လည်းပါမယ်။
တစ်‌ယောက်က ဒါဆို သူကလည်းဒါ။
အဲ့လိုမျိုး ကိုယ်က ဒါပြောလိုက်တာနဲ့ တန်းပြီး နားလည်သဘောပေါက်တဲ့သူ‌ဖြစ်တာကြောင့် ရေရှည်လည်းအဆင်ပြေတယ်

အဲ့ဒီလိုဘဲ။
FRIENDSHIP မှာဆိုလည်း ကိုယ်နဲ့ ဓာတ်တည့်မှ ပေါင်းလို့တာဖြစ်တယ်။
ကိုယ်က အပြင်သွားရတာ မကြိုက်ဖူးဆို
သူကလည်း အိမ်တွင်းအောင်းသမား။
ကိုယ်က ဘာလေးစားချင်တာဆို သူနဲ့လည်းတူပြီး ရယ်စရာဆိုလည်း တူတူရယ်ကြ ငိုစရာလည်းတူတူငိုကြ။
အဲ့ဒီလို ကိုယ်နဲ့ တအား အဆင်ပြေပြီး Keyကိုက်တဲ့သူငယ်ချင်း‌နဲ့ပေါင်းရတာ တော်တော်အဆင်ပြေပါတယ်။
ကိုယ်နဲ့စိတ်နေစိတ်ထား အကျင့်စရိုက် ကိုယ်ရည်ကိုယ်သွေး ကအစ အားလုံးညှိစရာမလိုတဲ့ သူမျိုးနဲ့ဘဲရေရှည် လက်တွဲရတာအဆင်ပြေတာပါ။

အဲ့တာကြောင့် Relationship ဘဲ ဖြစ်ဖြစ်
Friendship ဘဲ ဖြစ်ဖြစ် ကိုယ်နဲ့အရာအားလုံးကိုက်ညီမယ့် လူကိုရွေးတာအကောင်းဆုံးပါဘဲ။

-သက်ထားရွှေစင်(THSS)-

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်