SarPhat Author
စိတ်ပညာရှင်တွေ တွေ့ရှိချက်အရ
လူတွေရဲ့ အသိဉာဏ်ကို တိုင်းတာတဲ့စွမ်းရည်က အခြေခံအားဖြင့်
(1) Intelligent Quotient
(2) Emotional Quotient
(3)Social Quotient
(4) Adversity Quotient
ဆိုပြီး လေးမျိုးတွေ့ရပါတယ်။
မိမိမှာ ဘယ်Qအားသာလဲ အားနည်းလဲဆိုတာ သိရဖို့ QလေးQရဲ့
အဓိပ္ပါယ်ကို အတိုချူံး ရှင်းပြပါမယ်။
စာဖတ်သူတို့လဲ ကျွန်မနဲ့အတူတူ မိမိကိုယ်ကိုပြန်သုံးသပ်ကြည့်ရအောင်!
(1) Intelligent Quotient
သူကတော့ လူအများစုနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ဉာဏ်ရည်ဉာဏ်သွေးကိုအဓိကပြောတာဖြစ်တဲ့အတွက် ဥပမာ-မှတ်ဉာဏ်ဘယ်လောက်ကောင်းလဲပဟေဠိတွေကိုဘယ်လောက်ဖြေရှင်းနိုင်လဲ ဆိုတာတွေပဲဖြစ်ပါတယ်။
(Bad Geniusဆိုတဲ့ ထိုင်းကားကို ကြည့်
ရင် IQရဲ့ အရေးပါပုံကိုတွေ့မြင်နိုင်ပါတယ်။)
(2) Emotional Quotient
သူ့ကိုလဲ သိကြမယ်ထင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာနဲ့ ဆိုင်တဲ့စွမ်းရည်ပါ။ သူတပါးအပေါ် နားလည်ပေးနိုင်စွမ်းတွေ မိမိစိတ်ခံစားချက်ကိုထိန်းချူပ်နိုင်စွမ်းတွေကိုပြောတာဖြစ်ပါတယ်။
(3)Social Quotient
သူကတော့ စာဖတ်သူတို့ထင်သလို
အပေါင်းအသင်းမိတ်ဆွေပေါတာထက်Relationshipတွေကို နှစ်တွေအကြာကြီး ထိန်းသိမ်းထားနိုင်တဲ့စွမ်းရည်ကိုဆိုလိုခြင်းဖြစ်ပါတယ်။
(4) Adversity Quotient
နောက်ဆုံးဖြစ်တဲ့သူ့ကိုတော့ သိသူနည်းမယ်ထင်ပါတယ်။ သူကတော့
အခက်အခဲတွေ ရှုံးနိမ့်မှု့တွေကို ကြံ့ကြံ့ခံနိုင်စွမ်းကိုဆိုလိုပါတယ်။
QလေးQထဲမှာဘယ်Qအရေးကြီး
ဆုံးလဲ? တစ်မျိုးစီကတော့ အရေးပါတဲ့စွမ်းရည်တွေပါပဲ။
IQကောင်းမှလဲ ပညာရှင်တွေ ထူးချွန်သူတွေပေါ်လာပြီး မိမိဘဝ ၊
နိုင်ငံနဲ့ဒီထပ်ပိုရင် World-Wideထိပါတိုး
တက်လာမှာပါ။
EQဆိုတာရှိမှလဲ စိတ်ခံစားချက်
ကြောင့်ဖြစ်တဲ့မလိုအပ်တဲ့နောက်ဆက်
တွဲပြဿနာတွေနည်းသွားမှာပါ။
ပေါင်းသင်းဆက်ဆံရေးကလဲ မရှိမဖြစ်အရေးကြီးတာမို့ SQလဲရှိသင့်ပါတယ်။
စိန်ခေါ်မှု့တွေပြည့်နေတဲ့လောကကြီးထဲ ရပ်တည်နိုင်ဖို့ကတော့ AQလဲလို
မယ်ဆိုတာတော့ စာဖတ်သူတို့ ရိပ်စားမိမယ်ထင်ပါတယ်။လူတစ်ဦးချင်းစီတိုင်းအတွက်စွမ်းရည်လေးမျိုးစလုံးရှိသင့်ပေမဲ့ကျွန်မတို့ နေထိုင်ကြတဲ့ကမ္ဘာကြီးအေးချမ်းဖို့အတွက် လူအားလုံးမှာသေချာပေါက်အလိုအပ်ဆုံးကတော့EQပါ။
EQမြင့်မှ Selfishဆိုတဲ့ တကိုယ်
ကောင်းဆန်တဲ့စိတ် အတ္တလွန်ကဲတဲ့
စိတ် လူအချင်းချင်းပေါ်ဖြစ်စေ ၊ တိရစ္ဆာန်လေးတွေအပေါ်ဖြစ်စေ ခွန်အားကြီးသူက အားနည်းသူကို နိုင့်ထက်စီးနင်းပြုကျင့်တာတွေ ပပျောက်ပြီး"သူ့နေရာ ငါသာဆိုရင်"ဆိုတဲ့ ကိုယ်ချင်းစာစိတ် သနားညှာတာစိတ်တွေဖြစ်ပြီးကျွန်မတို့နိုင်ငံတွင်သာမက ကမ္ဘာနဲ့အဝှမ်း အေးချမ်းသာယာမှု့ကို ရရှိနိုင်လိမ့်မယ်လို့ ကျွန်မကတော့ ယုံကြည်ပါတယ်။ဒါကြောင့် ကျွန်မတို့ တစ်ဦးချင်းစီက မိမိကိုယ်မိမိ ပြန်သုံးသပ်ရင်း လိုအပ်နေတဲ့Qတွေကို ဖြည့်ဆီးနိုင်ခဲ့ရင်ကျွန်မ ဒီစာကိုရေးရကျိုးနပ်ပါတယ်။
#Du Due
15/12/2023
Keep Reading