Author's Profile Photo

SarPhat Author

14/12/2023

ကိုယ်ချင်းစာတရား

1 min read
Art


ကိုယ်ချင်းစာတရား
----------------------------

လူတိုင်းကတော့ မိမိတို့ ပြသနာကို အကြီးဆုံးဟု ထင်တတ်ကြပါသည်။ ငါ့မိသားစု ပြသနာ၊ ငါ့ပြသနာ စသည်ဖြင့် ကိုယ်ခံစား ရသောအရာသာ အကြီးဆုံး၊ အခက်ခဲဆုံး ဟုထင်မှတ်တတ်ပါသည်။ ထို့ကြောင့် မိမိတို့ပြသနာများအား အခြားသူများအား ရင်ဖွင့်တိုင်ပင်လေ့ရှိပါသည်။ ထိုသို့ရင်ဖွင့်သောအခါ မိမိပြသနာအား နားထောင်ပေး နေသောသူသည် အခက်အခဲမရှိသူ မဟုတ်ပါ။
ကျနော်တို့ ကျောင်းနေစဥ် ဆရာက လက်တွေ့လုပ်ဆောင်ခိုင်းသော အရာတခုရှိပါသည်။ ငါးယောက်တစ်ဖွဲ့ ခွဲကာ မိမိတို့ အတွက် အကြီးမားဆုံးဖြစ်သည်ဟု ထင်သော​​​​​ပြသနာကို ကျန်ယောက်အား
ပြောပြပေးရန်ဖြစ်သည်။ ထို့နောက်ထိုပြသနာအား ဖြေရှင်ရန်ဝိုင်းဝန်း အဖြေရှာကြရန် ဖြစ်ပါသည်။
ထိုအချိန်တွင် ကျနော်တို့အဖွဲ့ လည်းမိမိတို့ပြသနာများအား တဦးချင်းပြောကြပါသည်။ ဆွေးနွေးအဖြေရှာကြပါသည်။ ထိုလေ့ကျင့်ခန်းပြီးသော အခါ ကျနော်နားလည်ရသော အရာမှာ လူတစ်ဦးစီတိုင်းတွင် အကြီးမားဆုံးသော ပြသနာ ရှိနေလေ့ရှိပါသည်။ ထို့အပြင် လူများသည် မိမိပြသနာသာ အကြီးဆုံးဟု ထင်တတ်သော်လည်း မိမိထက်ကြီးမား သော ပြသနာများ ရင်ဆိုင်ရသူ များစွာရှိသေးကြောင်း သင်ယူရပါသည်။
ယနေ့မြန်မာနိုင်ငံသားတိုင်းလည်း အခက်အခဲ ကိုယ်စီရှိပါသည်။ သို့သော် မိမိတို့ကြုံနေရသော ပြသနာသည် အကြီးဆုံးမဟုတ်သေးပါ။ ထိုအရာအား သတိချပ်ဆင်ခြင်ရန်ဖြစ်ပါသည

နှစ်ခါပြန်မကြည့်ရဲတဲ့ရုပ်ရှင်အ‌တွေးအစအနများညမင်္ဂလာ (Movie Review)၂၁ရာစု မြန်မာ​ခေတ်ပြိုင် ပန်းချီ - ၁ပညာရေးဆိုတာဘာလဲမိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)အဖြေရှာရခက်အခန်း၁၀လက်ရှိလူကြိုက်များနေတဲ့ရုပ်ရှင်အိုဖီးလီယာအနုပညာနည်းလမ်းနှစ်သွယ်

Unlock to read this premium article with 10 points.