Author's Profile Photo

SarPhat Author

11/12/2023

Front-End Developer တွေရဲ့ အနာဂတ်မှာ ကျယ်ပြန့်လာမဲ့ ခြေလှမ်းသစ်များ။

2 mins read
Software Development
Education
Product Design
Front-End Developer တွေရဲ့ အနာဂတ်မှာ ကျယ်ပြန့်လာမဲ့ ခြေလှမ်းသစ်များ။'s photo

အခုလို လျင်မြန်တဲ့ နည်းပညာတိုးတက်မှုတွေကြားမှာ Front-End Development နယ်ပယ်ကလည်း ဆန်းသစ်တီထွင်မှုများစွာဖြင့် ပြောင်းလဲတိုးတက်လျက်ရှိပါတယ်။

မကြာခင်မှာဆိုရင် ၂၀၂၃ ခုနှစ်လည်း ကုန်တော့မှာဆိုတော့ Front-end Developer အတွက် ရောက်ရှိလာမဲ့ အနာဂတ်မှာ ဘာတွေရှိနေမလဲ? ဘယ်လိုပြင်ဆင်ထားဖို့လိုအပ်မလဲ? ဆိုတာ မျှဝေပေးချင်ပါတယ်။

ပြင်ပအခြေအနေပြောင်းလဲမှုများ။

နောက်လာမဲ့ နှစ်တွေမှာ စီးပွားရေးပြောင်းလဲမှုတွေလိုမျိုး ထိန်းချုပ်လို့မရတဲ့ ပြင်ပအပြောင်းအလဲတွေဖြစ်ပေါ်လာနိုင်ပြီး Front-End Developer တွေအနေနဲ့ ကိုယ့်ရဲ့ အနာဂတ်အလုပ်အကိုင် အခွင့်အလမ်းအတွက် အမျိုးမျိုးသောအခြေအနေတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဘယ်လိုကြိုတင်ပြင်ဆင်ထားရမလဲ။

အဲ့ဒီလို ပြောင်းလဲမှုတွေကြားမှာ ကျွန်တော်တို့ Front-End Developer တွေအနေနဲ့ ဘာလုပ်သင့်လဲဆိုရင် ကိုယ့်ရဲ့ Skill Set တွေကို မြှင့်တင်ထားဖို့ လိုအပ်ပါတယ်။ တချို့သော နယ်ပယ်တွေက နက်နဲပြီးကျယ်ပြန့်တာကြောင့် Frontend Craft ကို ကျွမ်းကျင်လိုသူများက Networking၊ DevOps၊ Automation၊ Testing၊ Programming Concepts၊ Security၊ SEO၊ User Experience Design၊ Software Architecture၊ Performance Optimization၊ Asset Optimization၊ Analytics အစရှိသည်တို့နှင့် ပက်သက်တဲ့ ဗဟုသုတတချို့ရှိဖို့ လိုအပ်ပါလိမ့်မယ်။

နောက်တစ်ခုအနေနဲ့ ဒီဇိုင်းဆွဲရာမှာ အထောက်အကူဖြစ်စေဖို့ Composition နှင့် Motion Concepts တွေအပြင်
အရောင်တွေရဲ့ အကြောင်းကိုလည်း အနည်းဆုံး အခြေခံအနေနဲ့ သိထားသင့်ပါတယ်။ ပြီးတော့
Web Typography နှင့် Typographic Principles တွေကို သေချာနားလည်ထားဖို့ လိုအပ်ပါတယ်။

၂၀၂၃ အလွန်မှာကျယ်ပြန့်လာမဲ့ WebAssembly။

WebAssembly ကို Front-end Framework အနေနဲ့ အသုံးပြုကြပြီး အခုဆိုရင် WebAssembly ဟာ C, C++, C # တို့နှင့်ပေါင်းပြီး Cross Platform အနေနဲ့ သွားနေတာဖြစ်လို့ Programming Language များကို ကျွမ်းကျင်ပိုင်နိုင်ထားဖို့ လိုအပ်ပါတယ်။

ဘယ်လိုကြိုတင်ပြင်ဆင်ထားရမလဲ။

WebAssembly က နောက်ပိုင်းမှာ ပိုပြီးကျယ်ပြန့်လာမယ်ဆိုရင် WebAssembly - compiler အဖြစ်လုပ်ဆောင်တဲ့ Rust ကလည်း အသစ်ဖြစ်နေသောကြောင့် လေ့လာဖို့ သင့်တော်ပါတယ်။

ဒါ့အပြင် Rust နှင့် WebAssembly နှစ်ခုစလုံးက Front-end Developer တွေကြားမှာ လူစိတ်ဝင်စားများနေပြီး WebAssembly ကို JavaScript နှင့်အတူ ပေါင်းစပ်အသုံးပြုနိုင်တာကြောင့် Web နှင့် Mobile မှာ စွမ်းဆောင်ရည်မြင့်မားတဲ့ အက်ပ်လီကေးရှင်းအသစ်များကို ထုတ်ပေးလာနိုင်ဖွယ်ရှိပါတယ်။

Code Development နှင့် ဆက်စပ်နေတဲ့ နောက်ထပ် AI/ML နည်းပညာများ။

ပြီးခဲ့တဲ့ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်မှာဆိုရင် AI/ML နည်းပညာများက Developer တွေကြားမှာ ခေတ်စားလာပြီး နောက်လာမဲ့ နှစ်တွေမှာလည်း Application Development နယ်ပယ်မှာ ဆက်လက်ရေပန်းစားနေမှာဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။

အဖွဲ့အစည်းများမှာလည်း သူတို့ရဲ့ Automation စမ်းသပ်မှုစနစ်တွေမှာ ပိုမိုကောင်းမွန်လာစေဖို့အတွက် ကြိုးစားလုပ်ဆောင်နေကြတာဖြစ်လို့ Front-end Development နယ်ပယ်မှာ AI နဲ့ ML ကို ပိုမိုအသုံးပြုလာနိုင်ပါတယ်။

ဘယ်လိုကြိုတင်ပြင်ဆင်ထားရမလဲ။

ဒါကြောင့်မို့လို့ Front-end Developer တွေအနေနဲ့ ကိုယ်ရဲ့ Code တွေကို ပြန်လည်သုံးသပ်ဖို့နှင့် Code အရည်အသွေး၊ Error တွေကို စစ်ဆေးဖို့အတွက် ပိုမိုတိကျတဲ့လုပ်ငန်းစဥ်ကို AI က ကူညီဖြေရှင်းပေးမှာဖြစ်တာကြောင့် AI ကို ကောင်းမွန်စွာ အသုံးချတတ်ဖို့ လေ့လာထားသင့်ပါတယ်။

ပြီးတော့ GitLab နှင့် Vercel လိုမျိုး ကုမ္ပဏီကြီးတွေမှာ Developer များနှင့် အဆင်ပြေစေမဲ့ နည်းလမ်းများဖြင့် AI/ML ကို ထည့်သွင်းအသုံးပြုဖို့ ရှာဖွေနေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

ဒါကတော့ Front-end Developer တွေ အတွက် အနာဂတ်မှာ တိုးတက်ပြောင်းလဲနိုင်မဲ့ နည်းပညာများနှင့်အတူ ဘာတွေကို ပြင်ဆင်ထားလို့ရလဲ ဆိုတာကို မျှဝေပေးလိုက်တာဖြစ်လို့ Front-end Developer အတွက် တစ်စုံတစ်ရာ အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်။

ဆိုတော့…နောက်နေ့မှာ ပြန်တွေ့ကြပါမယ်ခင်ဗျာ။

Keep Reading

VPN အကြောင်း သိကောင်းစရာဘာကြောင့် နည်းပညာနယ်ပယ်မှာ အမျိုးသမီး Software Developer ဦးရေက 10 ရာခိုင်နှုန်း ခန့်သာရှိတာလဲ?လုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်(3)ချက်Programming လေ့လာရာမှာ Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။What Is a VPN? VPN ဆိုတာဘာလဲ?အင်္ဂလိပ်စာကို မြန်မာပြန်ခြင်းမှ ရသည့် အသိ။cyber security အကြောင်းသိကောင်းစရာWhat is Function??Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲ။ ဆက်လေ့လာကြမယ်။