Author's Profile Photo

Spirit

17/06/2024

First Generation Computer ?️

1 min read
Software Development
Education
General Knowledge



ကျွန်တော်တို့ လက်ရှိအသုံးပြုနေတဲ့ ကွန်ပျူတာတွေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သုံးခဲ့တဲ့ Computer တွေဟာ Generation‌ အရ အသုံးပြုတဲ့နည်းပညာတွေနဲ့ Components တွေ ကွဲလွဲကြပါတယ်။ ပထမဆုံးဖန်တီးထားတဲ့ Generation ရဲ့ အားနည်းချက်တွေအပေါ်မူတည်ပြီး အဆင်မြှင်တင်ကာ နောက်ထပ် Generation တွေကို ဖန်တီးကြတာပါ။ အခုလက်ရှိအချိန်အထိ Computer Generation 5 ခု ရှိပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်က First Generation အကြောင်းကို ဗဟုသုတ‌အ‌နေနဲ့ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ?

?️ First Generation Computer ကို ၁၉၄၀ ခုနှစ်နဲ့ ၁၉၅၀ ခုနှစ်ကြားမှာ ဖန်တီးခဲ့ပြီး Vacuum Tubes တွေကို အသုံးပြုခဲ့ကာ Storage Device အနေနဲ့ Magnetic Drums ကို အသုံးပြုခဲ့တာပါ။ အခန်းတစ်ခန်းစာလောက်ကို ကြီးမားပြီးတော့ လျှပ်စစ်ကိုလည်း အများကြီးအသုံးပြုရပါတယ်။

?️ Operating System ကို အသုံးမပြုသေးတဲ့အပြင် Low level Programming Language ကိုသာအသုံးပြုနိုင်သေးတဲ့အတွက် အလွန်ငြီးငွေ့ဖွယ်ကောင်းပါတယ်။ First Generation Computer ကို အတွက်အချက်တွေလုပ်ဖို့၊ Data တွေ သိမ်းဆည်းဖို့နဲ့ ထိန်းချုပ်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖန်တီးခဲ့တာဖြစ်ပါတယ်။

?️ First Generation Computer တွေရဲ့ အမျိုးအစား တွေက ENIAC, EDVAC, UNIVAC တို့ပဲဖြစ်ပါတယ်။ (ENIAC အကြောင်းကိုတော့ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ကျန်တဲ့အကြောင်းကိုတွေ အလျဉ်းသင့်သလို ဖော်ပြပေးသွားပါဦးမယ်။)

?️ First Generation Computer တွေရဲ့ အားသာချက်တွေကတော့ -
(၁) တွက်ချက်မှုနှုန်းကို မြှင့်တက်စေခြင်း။
(၂) ရှုပ်ထွေးနေတဲ့ လုပ်ငန်းဆောင်တာတွေကို ဖြေရှင်းနိုင်ခြင်း
(၃) တိကျတဲ့ အဖြေထွက်ခြင်းနဲ့
(၄) သုတေသနလုပ်ဆောင်မှုကို မြှင့်တက်စေခြင်း စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

?️ ပထမဆုံး ဖန်တီးထားတဲ့ Generation ဖြစ်တဲ့အတွက် အားသာချက်တွေနဲ့အတူ အားနည်းချက်တွေလည်း များစွာ ရှိခဲ့ပါတယ်။ အဲ့ဒါတွေကတော့ -

(၁) အရွယ်အစား ကြီးမားခြင်း
(၂) Energy ပမာဏများစွာအသုံးပြုရခြင်း
(၃) Vacuum Tubes ကို အသုံးပြုထားသည့်အတွက်အသုံးပြုပြီး မကြာခင် စက်အလွန်ပူလာခြင်း
(၄) အမြဲ စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်ခြင်း
(၅) တစ်နေရာမှတစ်နေရာသို့ ရွေ့လို့မရခြင်း
(၆) ငွေကုန်ကြေးကျများခြင်း
(၇) အလုပ်ပြီးမြောက်နိုင်မှု နှေးကွေးခြင်း
(၈) Programming Languageအသုံးပြုနိုင်ခြင်းအပေါ် အကန့်အသတ်ဖြစ်ခြင်း ဖြစ်ပါတယ်။

?️ ကျွန်တော်တို့တွေဟာ အားနည်းချက်ကို သိရင် ဘယ်အရာမဆို အားသာချက်ဖြစ်အောင် ပြင်လို့ရတယ် ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ ဒီမှာလည်း အဲ့ဒီလိုပါပဲ။ First Generation ကအားနည်းချက်တွေကို အဆင့်မြှင့်တင်ပြီး Second Generation ကို ဖန်တီးဖို့ ကြိုးစားခဲ့ကြပါတယ်။ Second Generationအကြောင်းကိုတော့ နောက်ထပ် တစ်ပုဒ်ရေးပြီး ဖော်ပြပေးပါမယ်နော်။ ?

Reference ?
https://www.geeksforgeeks.org/first-generation-of-computer/

Telegram Channel
https://t.me/spirit_for_you

#Spirit
#Spirit_for_you
#Computer
#General_Knowledge
#First_Generation

Keep Reading

VPN အကြောင်း သိကောင်းစရာလုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်(3)ချက်Programming လေ့လာရာမှာ Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။What Is a VPN? VPN ဆိုတာဘာလဲ?Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲ။ ဆက်လေ့လာကြမယ်။ SSD Vs HDDFood panda ဘယ်ကနေ စတင်ဖြစ်ခဲ့သလဲ။ #Tech News - AI driven ecosystem တစ်ခု တည်ဆောက်ဖို့ ပြင်ဆင်နေတဲ့ Singapore First Generation Computer ?️