Author's Profile Photo

Leo(Nann)❤️

8/08/2024

သမိုင်းကိုချစ်လာစေမဲ့ ခြေလှမ်းအစ

1 min read
Book Review
General Knowledge
History
သမိုင်းကိုချစ်လာစေမဲ့ ခြေလှမ်းအစ's photo

သင်ကသမိုင်းတွေ ဖတ်ရတာ ပျင်းတဲ့သူတစ်ယောက်လား။

နောက်ပြီးဝတ္ထုလိုစာပေတွေကို နှစ်သက်တဲ့သူလား။

နိုင်ငံတစ်နိုင်ငံရဲ့ သမိုင်းကို အတွင်းကျကျသိထားရမှာက နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ပါဘဲ။
သင်ဟာ ကိုယ့်နိုင်ငံသမိုင်းကိုမသိထားသေးဘူးဆိုရင်တော့ နောက်ကျကျန်နေခဲ့ပါပြီ။

ကိုယ်မပါဝင်ခဲ့တဲ့သမိုင်းကို ဖတ်ရမှာ ပျင်းတာတော့ သင့်အပြစ်မဟုတ်ပါဘူး။

သို့ပေမဲ့ သင်ကိုယ်တိုင် သမိုင်းထဲမှာရှိနေခဲ့သလို ခံစားမှုပေးစွမ်းနိုင်တဲ့ စာအုပ်၃အုပ်ကို မဖတ်ရသေးဘူးဆိုရင်တော့ သင့်အပြစ်ဖြစ်သွားပါပြီ။

ဒီတစ်ခါမှာတော့ သမိုင်းကြောင်းဖတ်ရတာ မကြိုက်တဲ့သူတွေ၊ဖတ်လေ့ဖတ်ထမရှိတဲ့သူတွေအတွက်ပါအဆင်ပြေပြီး လက်ကမချတဲ့အထိ
ဖတ်ချင်စေနိုင်လောက်အောင် ဆွဲဆောင်နိုင်တဲ့ စာအုပ်၃အုပ်ကို ဝေမျှပေးသွားပါမယ်။

စာအုပ်လေးတွေကို မဖော်ပြမီမှာ စာရေးသူနဲ့ အရင် မိတ်ဆက်ပေးပါရစေ။
ဒါကတော့ ဆရာခက်ဇော်ဘဲဖြစ်ပါတယ်။
ဆရာခက်ဇော်ရဲ့ အရေးအသားတွေဟာ
ဖတ်ရသူကို ရုပ်ရှင်ကြည့်နေရသလို ခံစားရအောင် ဆွဲဆောင်ယူငင်သွားနိုင်တာကို စာဖတ်ပရိတ်သတ်တိုင်း သိပြီးဖြစ်မှာပါ။

ဝေမျှပေးချင်တဲ့စာအုပ်အမည်တွေကတော့
AVA 1740s(season1)၊AVA 1740s(season2)နဲ့
Beyond AVA 1750sတို့ဘဲဖြစ်ပါတယ်။
ဒီ၃အုပ်ကတော့တစ်ဆက်တည်းဖြစ်ပြီး
ဖတ်ရှုတဲ့အခါမှာ ကျေနပ်အားရစေမဲ့ စာအုပ်တွေဖြစ်တယ်ဆိုတာ အာမခံပါတယ်ရှင့်။

ရေးသားထားတဲ့အကြောင်းအရာလေးတွေကတော့ ကုန်းဘောင်ခေတ် ဖြစ်ပေါ်လာပုံအကြောင်းဘဲဖြစ်ပါတယ်။
အကြောင်းအရာကိုချည်း ဦးစားပေးသွားတာမျိုးမဟုတ်ဘဲ ခေတ်သရုပ်ကိုပေါ်လွင်စေမဲ့ သရုပ်ဖော်အဖွဲ့ကလေးတွေနဲ့ရေးသားထားတာပါ။
အလောင်းမင်းတရားကြီးဆိုပြီး ဖြစ်မလာခဲ့စဥ်ကာလက အောင်ဇေယျဆိုတဲ့
လူငယ်လေးရဲ့ လူငယ်ပီပီ လွတ်လွတ်လပ်လပ် နယ်လှည့်နေခဲ့ပုံ၊တောသားတို့၏ ပွင့်လင်းပုံ၊သွေးရဲပုံတို့ကို
အားပါးတရဖတ်ရှုရမှာနော်။နောက်ပြီး
စစ်အတွင်းမှာဒုက္ခရောက်နေခဲ့ရတဲ့ မိမိရဲ့မျိုးနွယ်တွေကို ဌာနီပြန်ပို့လိုခဲ့တဲ့ ပေါ်တူဂီ ကုန်သည်မလေးလွီဇာရဲ့ အံ့မခန်းထက်မြက်ပုံ၊မိန်းမတစ်ယောက်ရဲ့နာကျည်းစိတ်အညှိုး၊
ယောက်ျားအရင့်အမာကြီးတစ်ဦးကို ခြုံပုဝါလေးနဲ့ သတ်ပစ်နိုင်ခဲ့တဲ့ သူမရဲ့ ကျွမ်းကျင်မှုတွေအပြင် ဘဝတူ မိန်းမသားများအပေါ်ထားရှိတဲ့ လွီဇာရဲ့
ကိုယ်ချင်းစာတရားတို့ကိုပါ ဖတ်ရှုခံစားရမှာပါ။ဒါ့အပြင် လွီဇာကို ရင်နဲ့ရင်းပြီးချစ်ရတဲ့ မုဆိုခြုံသား ငတွန်ရဲ့ 
ရဲစွမ်းသတ္တိ၊စစ်တိုက်တဲ့အခါ ရှေ့ဆုံးကထွက်ပြီး ရန်သူကို သရဲဘီလူးကြောက်သလို ကြောက်လာအောင် တိုက်ပြနိုင်တဲ့ စစ်ရေးကျွမ်းကျင်မှု၊တိုက်ပွဲတွင်းမှာတောင်
ခန့်ညားနေတဲ့ အလောင်းဘုရားရဲ့စစ်သူကြီး
ငတွန်အကြောင်းတို့ကိုပါသိရှိရမှာပါ။
အသက်စွန့်ရမှာကိုပင် မကြောက်ခဲ့တဲ့ ငတွန်ဟာ 
ချစ်ရသူလွီဇာအတွက် ဒူးပါထောက်ခဲ့တဲ့
သမိုင်းထဲက ချစ်မေတ္တာတို့ကိုပါ ခံစားဖတ်ရှုရပြီး စွဲနေစေမဲ့ ဖြစ်ရပ်မှန်သမိုင်းကို သိမြင်ရမှာမို့ လက်မလွှတ်သင့်ပါဘူးနော်။
အင်းဝကိုအ စပြုပြီး ဇာတ်အိမ်တည်ထားတာ
မို့ အင်းဝခေတ်မှ ဟံသာဝတီ ခေတ်ကူးပြောင်းပုံတို့ကိုပါ ဖတ်ရှုရဦးမှာဖြစ်ပါတယ်။


ဖတ်ရှုတဲ့အခါမှာ
ပျင်းရိပြီးအီသွားဖို့နေနေသာသာ ထမင်းစားချိန်မေ့လောက်အောင်ထိဆွဲဆောင်နိုင်မှာဘဲဖြစ်ပါတယ်။

ဒီစာအုပ်၃အုပ်ကို ဖတ်ပြီးသွားတဲ့အခါ
သင်ဟာ နိုင်ငံရေး၊သမိုင်းကြောင်းနဲ့ ကိုယ်နေထိုင်တဲ့ဒီနိုင်ငံရဲ့ အတိတ်ပုံရိပ်တွေကို သိချင်စိတ် ပိုပြင်းထန်လာမှာဘဲဖြစ်ပါတယ်။

Leoကိုယ်တိုင်ဖတ်ရှုပြီးသွားခဲ့ပြီမို့ ဒီစာအုပ်၃အုပ်ဟာ ဘယ်လောက်ထိကောင်းတယ်ဆိုတာတော့ ကိုယ်တွေ့ပါဘဲ။မညာတမ်းဝန်ခံရရင် leoကသမိုင်းတွေဖတ်ရတာကို အရင်ကလုံးဝမကြိုက်ပါဘူး။ဒီစာအုပ်၃အုပ်ကိုဖတ်ပြီးနောက်ပိုင်းမှ
သမိုင်းလေ့လာရတာကိုကြိုက်လာခဲ့တာပါ။စာပေခံစားသူတစ်ယောက်အနေနဲ့reviewပေးရရင်တော့ "အရသာသိပ်ရှိချက်ဘဲ"လို့ပြောရမှာပါ။
ဖတ်ကြည့်ကြဖို့ မေတ္တာရှေ့ထားပြီးတိုက်တွန်းလိုက်ရပါတယ်ရှင့်။
------------------------------------
အားလုံးကို အစဥ်လေးစားလျက်....
Leo

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးအချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါမေတ္တာမဏ္ဍိုင်လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ကော်ဖီတမ်းချင်း