Reviews by Benevolent
ဆရာ"မင်းလူ"ဆိုတာ ဖတ်ဖူးပြီးသား စာဖတ်သူတွေအတွက် တကူးတက ညွှန်းဆိုနေရမယ့် စာပေပုဂ္ဂိုလ်ဝာစ်ဦးလည်းမဟုတ်ပါ။ ဒီစာအုပ်နဲ့ ပတ်သက်လို့ကတော့ အများကြီး မညွှန်းတော့ပါဘူး။"ပန်းကျောင်း" ဆိုတဲ့နာမည်လေးက "ရာဘင်ဒြာနသ်တဂိုး" ရဲ့ ကဗျာတစ်ပုဒ် အမည်သာ ဖြစ်တယ်။
ဒီစာအုပ်လေးက ဆရာမင်းလူ ဆယ်တန်းကျောင်းသားဘဝတုန်းက ပေါင်းသင်းခဲ့ရတဲ့ သူငယ်ချင်းများ အကြောင်း ရေးထားတဲ့ စာအုပ်ပါ။တစ်နည်းအားဖြင့် သူငယ်ချင်းတွေကို သတိရသောကြောင့် ဆရာရေးခဲ့သောဝတ္ထုက စာဖတ်သူ ကျွန်တော်တို့ကိုလည်း ငယ်ဘဝအကြောင်း သတိရအောင် လုပ်ပေးတဲ့ စာအုပ်ဆိုလည်း မမှားပါ။ဆရာ"မင်းလူ" ကိုယ်တိုင် သဘောကျ အားရ ကျေနပ်မိတဲ့ စာအုပ်တစ်အုပ်။
လူကြီးဆိုတာ ငယ်ရာက ကြီးလာတာပဲမို့ ၊ ငယ်ဘဝ အမျိုးမျိူးရှိကြပါလိမ့်မယ်။ ထို့ဘဝထဲမှာ ကျောင်းသားဘဝက အပျော်ရဆုံးကာလတစ်ခုအဖြစ် အများက သတ်မှတ်ကြတယ်။
လူ့ဘဝကျောင်းတက်နေစဉ်အချိန်ကာလတွေက ပျော်ဖို့အကောင်းဆုံးအချိန်၊ ဖူးပွင့်စ ပန်းလေးတွေလို လန်းဆန်းတတ်ကြွနေကြတယ်။ ပူစရာပင်စရာတွေနည်းပါးတယ်။ စိတ်ကလေးတွေ နူးညံ့ကြတယ်။အဆိုးတွေကို စိတ်ထဲကြာကြာမထားတတ်ဘူး။ ကျောင်းသားဘဝ အမှတ်တရ များစွာရှိတတ်ကြတယ်။
ထိုဝတ္ထုလေးကတော့ ဆယ်တန်းကျောင်းသားဘဝကို နောက်ခံ ရေးသားထားပြီး စာဖတ်သူတွေရဲ့ ငယ်ဘဝကြေးမုံပြင်ကို ပြန်လွမ်းမိမှာ အသေအချာပါပဲ။
ဒီစာအုပ်လေးထဲမှာ မိသားစုဘ၀အခြေနေ အမျိုးမျိုးမှ ကြိုးစားအားထုတ်နေရသူတွေ၊ သူငယ်ချင်းတွေရဲ့ ဖြူစင်တဲ့စိတ်ထားလေးတွေ၊ စိတ်ဝင်စားစရာ အချစ်ဆိုတဲ့ အရာတွေ ၀င်လာချိန်မှာ သူတို့ရဲ့ လွန်ဆွဲမှုတွေ စိတ်ခံစားချက်တွေ အကြောင်းကို ရေးသားထားပုံကို ဖတ်ရတာက စိတ်ကို နုပျိုစေပါတယ်။
စာအုပ်ကြောင်းပြောပြရရင် အဓိကဇာတ်လိုက် ဆယ်တန်းကျောင်းသားလေး "ကျော်စွာ" က အမေတစ်ခု သားတစ်ခု ဘဝနဲ့ ပညာသင်ကြားနေရတဲ့ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်။ ကျောင်းစာမှာ ထူးချွန်သလို လိမ္မာရေးခြားလဲ ရှိတာမို့ ဆရာဆရာမတွေ ချစ်ကြတဲ့ တပည့်တစ်ဦးဆိုလဲ မမှားပါဘူး။လူငယ်သဘာဝ မဟုတ်မခံစိတ်ရှိသလို တစ်ဖက်သားကို ကူညီ
Unlock to read this premium article with 100 points.