Honey cho
လူတော်တော်များများ ဟာ ဘဝမှာ မှားတယ်လို့ အပြောခံရမှာကို အတော်ကြောက်ကြပါတယ်။ဒါကြောင့် အမှားတွေကို ဖုံးကွယ်နိုင်ဖို့အတွက် ထပ်ပြီးအမှားတွေကျူးလွန်ရင်း သံသရာလည်နေတတ်ကြပါတယ်။
No one is perfect ဆိုတဲ့အတိုင်း ဘဝမှာလုံးဝကို ၁၀၀%အပြည့် တော်တဲ့လူ၊မှန်နေတဲ့လူဆိုတာ မမွေးဖွားသေးဘူးလို့တောင်ဆိုနိုင်ပါတယ်။ထို့နည်းတူ အမှားမှာလည်း နည်းနည်းမှားဖူးတာနဲ့ များများမှားဖူးတာဆိုပြီးသာရှိပါတယ်။
အမှားကို ပစ်ပြီး အမှန်ချစ်တဲ့ လူတွေကသာ ဘဝမှာအောင်မြင်မှုတွေကို ပိုင်ဆိုင်ခွင့်ရကြတာပါ။"မမှားသောရှေ့နေ၊မသေသော ဆေးသမား"လည်းရှိနေတာဘဲ ငါမှားတော့ရောဘယ်သူ့အပူပါလည်း ငါ့မြင်း၊ငါစိုင်းစစ်ကိုင်းရောက်ရောက်သမားတွေကတော့ အနှေးနဲ့အမြန်အနာဂတ်မှာ ဒူးနဲမျက်ရည်သုတ်ရမဲ့ဘဝတွေ၊ငရဲလို စိတ်ဒုက္ခတွေတပုံတပင်ကစောင့်မျှော်နေမှာပါ။
အမှားမလုပ်ဖူးတဲ့ သူဟာ မရှိပေမဲ့ ၊လုပ်ပြီးမဝန်ခံတဲ့သူတွေကတော့ အများအပြားတွေ့ဖူးကြမှာပါ။အမှားဆိုတာဟာ ပြင်လို့ရတဲ့အမှားနဲ့တစ်သက်လုံးပြင်လို့မရတဲ့အမှားဆိုပြီးဘဲရှိပါတယ်။
ကျွန်မတို့ စာရေးရာမှာ အသုံးပြုဖို့ ခဲတံနဲ့စာအုပ်တွေ၊ဘော့ပင်တွေကိုထုတ်ကြသလို တစ်ခါတလေလက်ကချော်ပြီး မှားရေးမိတဲ့အခါအသုံးပြုဖို့ ပြန်လည်ပြင်ဆင်ဖို့ရန်အတွက်ခဲဖျက်တွေ၊correction တွေကိုလည်းထုတ်ထားခြင်းဟာလည်း မှားတတ်တဲ့လူ့သဘာဝကိုကြိုတင်သိထားပြီး ပြင်ဆင်ဖို့အခွင့်အရေးပေးထားခြင်းမဟုတ်ပါလား။
တကယ်တော့ လူတိုင်းလိုလိုဘဝမှာ တစ်ကြိမ်တစ်ခါမသိလို့၊နားမလည်လို့ဆိုပြီး မှားခွင့်ရှိပါတယ်။ဒါပေမဲ့ထိုအမှားကို ထပ်ခါထပ်ခါပြုလုပ်နေမယ်ဆိုရင်တော့ ထိုအရာဟာအမှားမဟုတ်တော့ဘဲ မကောင်းတဲ့ဗီဇ ၊အကျင့်တစ်ခုဘဲဖြစ်ပါတယ်။
"တစ်တက်စားလည်း ကြက်သွန်၊နှစ်တက်စားလည်း ကြက်သွန်ပါဘဲ"ဒါကြောင့် ဥပမာပေးပြောရရင် လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေကြတဲ့ တစ်ဦးနဲ့တစ်ဦးကြား ယုံကြည်မှု၊နားလည်မှုတွေပေးထားရဲ့သားနဲ့ကိုယ်ချစ်တဲ့သူတစ်ယောက်ရဲ့ လှည့်စားခြင်း၊ဖောက်ပြန်ခြင်းတွေကို ယခုခေတ်မှာခံစားရပြီးtraumaရနေတဲ့ toxic relationship ပိုင်ရှင်တော်တော်များများကိုတွေ့ရပါတယ်။
ဒါကတော့ ကိုယ့်အပေါ်ထားရှိတဲ့တစ်ဖက်လူရဲ့ယုံကြည်မှု၊နားလည်မှု၊ခွင့်လွှတ်မှုတွေကို လျစ်လျူရှုပြီးဘယ်သူသေသေငတေမာပြီးရော ဆိုတဲ့ထုံးကိုနှလုံးမူထားတဲ့သူတွေအဖို့တော့ လုံးဝကို ခွင့်လွှတ်လို့မရတဲ့အမှားတစ်ခုပါဘဲ။
စာမေးပွဲကျတာဟာ ဘဝကြီးအဆုံးသတ်သွားစေတဲ့အမှားတစ်ခုမဟုတ်ပါဘူး။နောက်တစ်ကြိမ် လုံ့လ၊ဝီရိယအပြည့်နဲ့ ကြိုးစားရင် အောင်မြင်မှုဆိုတာဟာ ကိုယ့်ရဲ့လက်တစ်ကမ်းမှာပါ။
စီးပွားရေးမှာလည်း မင်းဟာ do or die သေရင်မြေကြီး၊ရှင်ရင်ရွှေထီးဆိုပြီးစွန့်စားလိုက်ရင်း မင်းတစ်ခါကျဆုံးသွားခဲ့ရင်တောင် မင်းရဲ့အမှားကိုမင်းသေချာပြန်လည်ပြင်ဆင်ဖြည့်စွက်နိုင်ရင် ကမ္ဘာကျော်ဘီလျံနာတစ်ယောက်ဖြစ်လာနိုင်တဲ့ထိ အချိန်မီပါသေးတယ်။
အမှားတွေ မြောက်မြားစွာရှိတဲ့အထဲမှာမှ ကိုယ့်ရဲ့ငယ်ရွယ်တဲ့အချိန်တွေကို ကောင်းစွာအသုံးမချနိုင်ဘဲအမြဲလိုလိုပျင်းရိပြီး comfort zone ထဲကရုန်းမထွက်နိုင်တဲ့အမှားကို ကျူးလွန်နေကြတဲ့သူတွေ၊ကိုယ့်ရဲ့မိဘတွေကို ပြန်လည်ကျေးဇူးဆပ်ရမယ်ဆိုတဲ့အသိကို အနည်းငယ်မှမတွေးမိဘဲ လျစ်လျူရှုရင်းအချိန်လွန်ပြီးခလုတ်ထိမှ အမိတတဲ့လူတွေရဲ့အမှားတွေ၊ကိုယ့်ရဲ့ချစ်ခင်ရသူတွေ၊အသိုင်းအဝန်းပတ်ဝန်းကျင်တွေကို ကိုယ့်ရဲ့ခေါင်းမာမှု၊တစ်ကိုယ်ကောင်းဆန်မှုသာမက မှားတယ်လို့ဝန်ခံဖို့ရာ သတ္တိအားနည်းပြီးသူရဲဘောကြောင်ကာ အမှားတွေကို တစ်ခုပြီးတစ်ခုဆက်လုပ်နေတာတွေကတော့ လုံးဝကို ကိုယ့်ဘဝကိုကိုယ်ကိုတိုင်သတ်နေတာနဲ့အတူတူပါဘဲ။
ဒါကြောင့် ဟန်နီကဒီနေ့မှာတော့ အမှားနည်းတဲ့သူတွေ၊ပြုပြင်လို့ရတဲ့အမှားကို အမြန်ပြုပြင်နိုင်ပြီးကောင်းမွန်တဲ့ဘဝတက်လမ်းကို ပိုင်ဆိုင်နိုင်သူတွေများပြားလာသေဖို့ဆုတောင်းရင်းဒီဆောင်းပါးကိုရေးသားလိုက်ရပါတော့တယ်။
ကိုယ့်အမှားကို ရဲရဲဝံ့ဝံ့ဝန်ခံရဲတာဟာလည်း ဘဝမှာအောင်မြင်ခြင်းတစ်မျိုးဖြစ်သလို ခွင့်လွှတ်မှုတောင်းခံခြင်းဟာလည်း တစ်ကိုယ်ကောင်းဆန်တာမဟုတ်ပါဘူးလို့ဟန်နီက အကြံပေးပါရစေ။
Keep Reading