Nwe
ဂျာနယ်ကျော်ဉီးချစ်မောင်သည် မျိုးချစ်သတင်းစာဆရာ၊ စာရေးဆရာတစ်ယောက် အဖြစ် ထင်ရှားခဲ့သည်။ #သူ သည်လည်း ပရိသတ်အကြိုက် ဝတ္ထုအဖြစ်ထင်ရှားခဲ့ပြီး ၂၀၁၇တွင် အဌမအကြိမ်အဖြစ်ထုတ်ဝေခဲ့သည်။ သူကိုဖန်တီးခဲ့သော သူ ဟူ၍လည်း သုံးသပ်ခံရသော စာရေးဆရာ ဖြစ်သည်။
“မင်းမှာသစ္စာ လူမှာကတိ” ဆိုသည့် စကားအတိုင်း ပေးထားခဲ့သည့်ကတိကို တည်ရန် ဒုက္ခဆင်းရဲ များစွာခံရင်းကြိုးစားခဲ့သော ကိုမြင့်မောင်အကြောင်းကို #သူ တွင်လေးစားဖွယ်တွေ့မြင်ရသည်။ ထိုမျှမက မျိုသိပ်တတ်လွန်းသောသူ့ကိုလည်း အားမလိုအားမရစိတ်တွေ ဖြစ်နေခဲ့ရပြီး ကိုမြင့်မောင်ရဲ့ အနစ်နာခံစိတ်၊ ကိုယ်ကျိုး မငဲ့ကွက်ပုံ၊ မိမိ၏ဂုဏ်ပုဒ်ကို ထုတ်ဖော် ပြောကြားရသည်ကို သေမလောက်ရှက်ရွံ့တတ်သော နှိမ့်ချစိတ်၊သနားကြင်နာတတ်သော မွန်မြတ် စိတ်ထားကို စံပြုဖွယ် တွေ့မြင်နိုင်သည်။လက်ရုံးရည်သာမက နှလုံးရည်ပါ ပြည့်ဝသောသူ ဖြစ်သည်။ ထိုအရာများကပင် ကိုမြင့်မောင်အား ကြော့၊ မခင်လှ၊လဲ့လဲ့၊ နုနု တို့၏နှလုံးသားတွင် နေရာရသောသူဖြစ်စေခဲ့သည်။
ဆရာဝန်စိတ်အပြည့်အဝရှိသော ဆရာဝန်တစ်ယောက်ဖြစ်သော ကိုမြင့်မောင် စိတ်ထား ကောင်းပုံမှာ သူမတူလွန်းသဖြင့် မျက်မှောက်ခေတ်တွင် ရှားပါးလာသော စိတ်ဓာတ်ပိုင်ရှင်တစ် ယောက်အဖြစ်မှတ်တမ်းတင်နိုင်ပြီး “သူတော်ကောင်း နတ်ကောင်းမ” “လူရိုသေ ရှင်ရိုသေ” စကား ပုံမှာ ကိုမြင့်မောင်နှင့် လိုက်ဖက်လွန်းလှသည်။ မည်မျှပင်ဖုံးကွယ်ထားပါစေ မကောင်းမှု တို့မည်သည် ဆိတ်ကွယ်ရာ မရှိကြောင်းကိုလည်း သတိချပ်ဖွယ်တွေ့မြင်ရသည်။ကံကြမ္မာအလှည့်အပြောင်း၏ ရင်သပ်ဖွယ်ကောင်းပုံနှင့် နောက်ကျောကို ဓားနှင့်ထိုးတတ်သော အနီးကပ်ရန်သူများ အကြောင်းကိုလည်းမျက်မှောက်လောကနှင့်နှိုင်းယှဉ် သတိချပ်နိုင်သည်။
မြန်မာအမျိုးသမီးများ၏ နှုတ်ထွက်စကားကို အလေးထားပုံ၊ အရှက်သိက္ခာကို အသက်နှင့်လဲ ၍တန်ဖိုးထားပုံ၊ မိမိအိမ်ထောင်ရေးအား အလေးထားပုံ၊လူကြီးမိဘစကားကို တန်ဖိုးထား မှတ်သားတတ်ပုံ တို့ကိုလည်းမြင်တွေ့နိုင်သည်။
#သူ
#ဂျာနယ်ကျော်ဉီးချစ်မောင်(ရွှေလင်းယုန်) #အဌမအကြိမ်
Keep Reading