HONEY
ကျွန်တော်တို့လူသားတွေဟာဆိုရင် တစ်ဦးနှင့်တစ်ဦး လေးစားသင့်တဲ့ အလေ့အကျင့်တွေ များစွာလိုအပ်ပါတယ်။ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လေးစားမှုမရှိရင် ဆက်ဆံရေးတစ်ခုက ရေရှည်အတွက် များစွာသော အကျိုးယုတ်မှုတွေဖြစ်လာနိုင်ပါတယ်။
မြန်မာနိုင်ငံက လူကြီးတော်တော်များများက ဆိုရင် လေးစားမှုကို လိုချင်ကြပါတယ်၊ သို့ပေမဲ့လည်းပဲ ပါးစပ်က လေးစားမှုကို လိုချင်တယ် ဆိုပြီး ကလေးတွေကို ထိုင်အော်နေပေမဲ့ သူတို့ ကိုယ်တိုင်က လေးစားမှုမရှိရင် တစ်ဖက်လူကလဲ လေးစားမှုပြန်ပေးမှာ မဟုတ်ပါဘူး။
ကလေးတွေကို သင်နေတဲ့ respect ကို ကျွန်တော်တို့ မြန်မာနိုင်ငံက လူကြီးတော်တော်များများလည်းသင်ယူဖို့လိုအပ်ပါတယ်။
ဥပမာ ကျွန်တော်ဆိုရင် ကျွန်တော့်ကိုယ်ပိုင်ပစ္စည်းများကို ကျွန်တော့်ခွင့်ပြုချက်မရပဲ ကိုင်သည်ကို လွန်စွာမုန်းတီးပါသည်။
ပြောချင်တဲ့ အဓိပ္ပာယ်ကတော့
" ဘယ်လောက်ရင်းနှီးရင်းနှီး တစ်ဖက်သားက
ခွင့်ပြုမှသာ လုပ်ဆောင်သင့်ပါသည်" ဆိုတာကိုပါ။
5.8.2024
#ဟန်နီ
Keep Reading