Author's Profile Photo

SarPhat Author

2/12/2023

လေ့ကျင့်ခန်း​တွေက ဘာကြောင့် ဦးနှောက်မှတ်ဉာဏ်တိုးစေနိုင်ပါသလဲ (သိပ္ပံနည်းကျ လေ့လာခြင်း)

2 mins read
Life Style
Health
General Knowledge
လေ့ကျင့်ခန်း​တွေက ဘာကြောင့် ဦးနှောက်မှတ်ဉာဏ်တိုးစေနိုင်ပါသလဲ (သိပ္ပံနည်းကျ လေ့လာခြင်း)'s photo

သင် လေ့ကျင့်ခန်းတွေလုပ်ရတဲ့ အကြောင်းရင်းကို သတိထားမိပါသလား။‌
လေ့ကျင့်ခန်း လုပ်ရုံနဲ့ ကြွက်သားတွေကို သန်မာစေမယ်၊နှလုံးကျန်းမာရေး ကောင်းစေမယ်၊အရိုးကျန်းမာရေး ကောင်းစေမယ့်အပြင် ကျန်တဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူး တွေ အများကြီးကို ခံစားရမှာပါ။ဒါတွေအပြင် ချွေးထွက်မယ်၊ စိတ်ရွှင်လန်း လာမယ့်အပြင် ဦးနှောက်အတွက် အကျိူရှိတာကိုလည်း ခံစားရမှာပါ။ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားတွေ က စိတ်ဖိအားတွေ လျော့လာစေမယ်၊စိတ်အခြေအနေ ပိုကောင်းလာစေနိုင်တဲ့အပြင် ယနေ့နဲ့ မနက်ဖြန်ရဲ့ ဦးနှောက်ကျန်းမာရေးတွေကိုပါ ပိုကောင်းလာစေနိုင်ပါတယ်။
ဘာလို့လဲဆိုတဲ့အကြောင်းရင်းကို သိပ္ပံနည်းကျ လေ့လာ ကြည့်ရအောင်ပါ။


?လေ့ကျင့်ခန်းတွေက ဘယ်လို ပျော်ရွှင်အောင် လုပ်ပေးသလဲ ?

သင့် ခန္ဓာကိုယ်ဆိုတာ စိတ်ပိုင်း၊ရုပ်ပိုင်း ကျန်းမာရေးအတွက် လှုပ်ရှားဖို့ လိုအပ်ပါတယ်။
2019 ခုနှစ် JAMA Psychiatry က ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ လေ့ကျင့်ခန်းတွေက စိတ်ဖိစီးမှုတွေ လျော့ချပေးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။
အားမာန်ပါ တက်ကြွတဲ့ လေ့ကျင့်ခန်း(ဥပမာ ပြေးခြင်း)တွေကို ဆယ့်ငါးမိနစ် ပြုလုပ်တာ၊ ဒါမှမဟုတ် သိပ်မပြင်းထန်ဘဲ တစ်နာရီခန့်လမ်းလျှောက်တာ၊အိမ်မှာဘဲ နှလုံးအထောက်အကူ ဖြစ်စေမယ့် လေ့ကျင့်ခန်းတွေကို ပြုလုပ်သင့်ပါတယ်။

လေ့ကျင့်ခန်းတွေက စိတ်ဖိစီးမှုတွေကို ပုံမှန်အခြေအနေ ပြန်ရောက်‌စေရုံတင် မကပါဘူး။ စိတ်ခံစားမှုကောင်းစေဖို့ ဦးနှောက်က လှုံ့ဆော်ပေးတဲ့ ဓာတုပစ္စည်းတွေဖြစ်တဲ့ စီရိုတိုနင် (serotonin)နဲ့ ဒိုဖာမင်(dopamine)တွေ ကို လှုံ့ဆော်ပေးပါတယ်။စိတ်ကစဉ့်ကလျားရောဂါတွေကို ကျော်ဖြတ်လာနိုင်ဖို့ ခန္ဓာကိုယ်ရဲ့ စွမ်းအင်တွေကိုလည်း ကူညီပေးတယ်လို့ အ‌မေရိကန် စိတ်ပညာရှင်အသင်းက ဆိုထားပါတယ်။
နှလုံးခုန်နှုန်း မြင့်တက်စေနိုက်တဲ့ လေ့ကျင့်ခန်းတွေ တစ်နည်းအားဖြင့် အပြင်းအထန် ကစားနိုင်တဲ့ လေ့ကျင့်ခန်းတွေရဲ့ အကျိုးကျေးဇူးကို ခဏတာအတွင်း မြင်တွေ့ရစေ နိုင်ပါတယ်။ တစ်ဖက်မှာလည်း လေ့ကျင့်ခန်းရဲ့ သက်ရောက်မှုတွေကို နှစ်ပတ် သို့မဟုတ် သုံးပတ်ကြာ တဲ့ အချိန်မှာ သတိထားမြင်တွေ့နိုင်ပါတယ်။

အဲ့ဒါတွေသာမက လေ့ကျင့်ခန်းတွေဟာ အိပ်စက်ခြင်းနဲ့ ပတ်သတ်လို့ အကူအညီ ဖြစ်စေပါ တယ်။အိပ်စက်ရာမှာ ဟောက်တာတွေကို သက်သာစေနနိုင်တဲ့အပြင် အိပ်စက်လို့ကောင်းစေမှာ ပါလို့ Johns Hopkins Medicineက အတည်ပြုထားပါတယ်။ဒါ့အပြင် အိပ်ရေးမဝခြင်း၊ အိပ်စက်မှု‌မကောင်းမွန်ခြင်းနဲ့ စိတ်ခံစားချက် မကောင်းမွန်ခြင်းတွေမှာ ဆက်သွယ်မှုတွေ ရှိပါတယ်။ ဒါကြောင့် ဝမ်းနည်းခြင်း၊မပျော်ခြင်း၊ စိတ်အတက်အကျမြန်ခြင်း စတာတွေကိုပြောင်းလဲဖို့အတွက် အိပ်စက်ခြင်းကို ကောင်းမွန်စေနိုင်မယ့် လေ့ကျင့်ခန်းတွေကို လိုအပ်တယ်ဆိုတာကို သွယ်ဝိုက် သက်သေပြနေသလိုပါပဲ။

?သတ်ရှိရှိနဲ့ ပြုလုပ်နဲ့လေ့ကျင့်ခန်းတွေနဲ့ ဦးနှောက်ကျန်းမာရေး ?

ရိုးရိုး ကိုယ်ကာယလေ့ကျင့်ခန်းတွေနဲ့ သတိမြဲစေတဲ့ တရားထိုင်လေ့ကျင့်ခန်းတွေကို ပူးပေါင်းလုပ်မယ်ဆိုရင် ဒါဟာတော်တော်ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုပါလို့ APA က ပြောခဲ့ပါတယ်။ အသံ၊အနံ့၊အရသာ၊လက်ရှိခံစားချက်အပေါ်မှာအာရုံစိုက်ပြီး လေ့ကျင့်ယူသင့်ပါ တယ်။ ဒီလိုမျိုး ဆယ်မိနစ်လောက်ပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အဆီဓာတ်တွေကို လျော့ကျပေးစေ နိုင်တယ်လို့ မစ္စစပီတက္ကသိုလ်က သုတေသန ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

လေ့ကျင့်ခန်းလုပ်ရင်း တရားထိုင်တယ်ဆိုတာ သတိရှိရှိနဲ့ လေ့ကျင့်ခန်းလုပ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။လမ်းလျှောက်တဲ့အခါ နားကြပ်ယူသွားပြီး သီချင်းနားထောင်တာထက် ပတ်ဝန်းကျင်ရဲ့ အသံတွေကို ရှုမှတ်တာ ၊ပန်းပွင့်လေးတွေကို ငေးကြည့်ရင်း လက်ရှိအချိန်ကို ခံစားတာကြည့်ပါ။ မနက်ခင်း လေညှင်း၊ ညနေခင်းလေပြည်လေးတွေက စိတ်ကို ကြည်နူးစေနိုင်တယ် ဆိုတာကို အမှတ်ရပါ။
ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို မြှင့်တင်‌ချင်တယ်၊အကူအညီ ဖြစ်‌ချင်တယ် ဆိုရင်တော့ အေရိုးဗစ်လေ့ကျင့်ခန်းတွေက အကောင်းဆုံးပါပဲ။အေရိုးဗစ်လေ့ကျင့်ခန်းတွေဟာ စီမံခန့်ခွဲရေး တွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ပြီး အာရုံစူးစိုက်မှုကောင်းမွန်နိုင်တယ်လို့ ဆိုပါတယ်။ အရွယ်ရောက်ပြီး သက်လတ်ပိုင်းတွေမှာ ဦးနှောက်ရဲ့ အပြင်လွှာက ပိုမို ထူလာနိုင်ပါတယ်။

လေ့ကျင့်ခန်းတွေဟာ ဦးနှောက်ရဲ့ ဆဲလ်သစ်ဖြစ်ပေါ်မှုကို ကူညီပေးပြီး မှတ်ဉာဏ်တွေ ချိတ်ဆက်ရာမှာ အကူအညီ ဖြစ်စေပါတယ်။။အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မှတ်ဉာဏ်ပြဿနာ တွေကို ကူညီဖြေ‌ရှင်းပေးနိုင်ပါသေးတယ်။ဒါဟာ လေ့ကျင့်ခန်းလုပ်ခြင်း‌ကို ဘာလို့ ဦးနှောက်က ကြိုက်နှစ်သက်လဲ ဆိုတာရဲ့ နောက်အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။ ထိုအကြောင်းအရာတွေကို အာရုံကြော သိပ္ပံပညာနှင့် စိတ်ပညာ ပရော်ဖက်ဆာ တစ်ဦးဖြစ်သူ Wendy Suzuki ကလည်း Ted talk မှာ ပြောခဲ့တာပါ ။

သူမ ခရီးတစ်ခုက အပြန် လောကကြီးမှာ အင်အားနည်းတဲ့သူလို့ ခံစားရပြီးတဲ့နောက် လေ့ကျင့်ခန်းရုံမှာ လေ့ကျင့်ခန်းတွေ လုပ်ခဲ့ပါတယ်။အက၊ယောဂ လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပြီး နောက်မှာ သူမကိုယ်သူမ စိတ်ကြည်လင်လာတယ်လို့ ခံစားရကနေ နောက်ဆုံးမှာ လူပ်နိုင်တယ် ဆိုတဲ့ စိတ်ခံစားချက်အထိပါ ဖြစ်ပေါ်ခဲ့ပါတယ်။ပေါင်ချိန် ၂၅ပေါင်လည်း ကျသွားခဲ့ပြီး သူမ လုပ်ငန်းခွင်အတွက် အိုင်ဒီယာအသစ်တွေလည်း ထွက်ရှိခဲ့ပါတယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ်သတ်လို့ သူမကိုယ်တိုင် သုတေသနပြု လေ့လာထားခဲ့ပါတယ်။

စိတ်နဲ့ ခန္ဓာသာမက ဦးနှောက်ကပါ လေ့ကျင့်ခန်းတွေကို နှစ်သက်ပါတယ်။ ရေတို၊ရေရှည် အကျိုးတွေနဲ့ ပြည့်နေတဲ့ လေ့ကျင့်ခန်းတွေကို တစိုက်မတ်မတ် ပြုလုပ်သွားရင်း အကျိုးများနိုင်ကြ ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Keep Reading

အသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ သားဆိုးအမေ