Author's Profile Photo

စောမြတ်နွယ်

4/08/2024

နေ့စဉ်လေ့လာ Englishစာ (35)

1 min read
Education
General Knowledge
18 Again
နေ့စဉ်လေ့လာ Englishစာ (35)'s photo

ဒီနေ့မျှဝေပေးချင်တာက မနေ့တုန်းက ရေးခဲ့တဲ့ getရဲ့ အဆက် ဖြစ်တဲ့ get နဲ့တွဲသုံးတဲ့ အသုံးအချို့ကို ဆက်လက်မျှဝေပေးသွားမှာ ဖြစ်ပါတယ်ရှင်။

နမူနာစာကြောင်းတွေကိုကြည့်ကြရအောင်။
?????

?be getting on for =ရောက်/ပြည့်လုပြီ။

✏It must be getting on for midnight.
သန်းခေါင်ယံ အချိန်ရောက်တော့မယ်။

✏He is getting on for eighty.
သူအသက် ၈၀ပြည့်တော့မယ်။

✏It was getting on for noon.
မွန်းတည့်ချိန် ရောက်တော့မယ် ။

?get at somebody=ပြစ်တင်ဝေဖန်သည်။

✏He's always getting at his wife.
သူက အမြဲသူ့ဇနီးကို အပြစ်တင်သည်။

✏He keeps getting at me and I really don't know what I've done wrong.
ငါဘာအမှားလုပ်မိလို့ သူငါ့ကို အပြစ်တင်နေတာလဲဆိုတာ တကယ်ကို မသိဘူး။

?get at something =သိရှိသည်။ရှာဖွေ
တွေ့ရှိသည်။

✏The truth is sometimes difficult to get at.
တစ်ခါတစ်ရံ အမှန်တရားက ရှာတွေ့ဖို့ ခက်တယ်။

✏I'm just trying to get at the truth-not get anyone in trouble.
ဘယ်သူမှ ဒုက္ခ မရောက်အောင် ကျွန်တော်အမှန်တရားကို ကြိုးစားရှာနေပါတယ်။

?get away = ထွက်ခွာသည်။ထွက်ပြေး
လွတ်မြောက်သည်။

✏He shouldn't treat you like that. Don't let him get away with it.
သူမင်းကို အဲ့ဒီလို မဆက်ဆံသင့်ဘူး။သူ့ကို ဒီကိစ္စကနေ လုံးဝမလွတ်စေရဘူး။

✏Two of prisoners got away from their captors.
ထောင်သားနှစ်ယောက်က ဖမ်းဆီးတဲ့သူတွေလက်ထဲက ထွက်ပြေးသွားခဲ့တယ်။

?get away= ခေတ္တအနားယူသည်။
အားလပ်ခွင့်ယူသည်။

✏We're hopping to get away for a few days at Easter.
ကျွန်တော်တို့ အီစတာပွဲတော်အတွက် ရက်အနည်းငယ်လောက် အားလပ်ခွင့်ရမယ်လို့ မျှော်လင့်ရတာပဲ။

✏We planned a weekend get away to the beach.
ကျွန်တော်တို့ စနေ၊တနင်္ဂနွေကို ကမ်းခြေမှာ အနားယူဖို့ စီစဉ်ထားတယ်။

?????

ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။
English စာ ဗဟုသုတများတိုးပွားနိုင်ကြပါစေ။

#စောမြတ်နွယ်
4.8.2024

Keep Reading

ဖိုမ ပညာပေး သင်ကြားရေးအိန္ဒိယပညာရေးအကြောင်း တစေ့တစောင်းကလေးငယ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာမမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)Student မဟုတ်တဲ့ ကျောင်းသားအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါတက်ညီလက်ညီ ပန်းတိုင်ဆီသို့Finance Vs AccountingMindset