Author's Profile Photo

Var Han Jar

3/08/2024

"NlP ကဘာကိုပြောတာလဲ"

1 min read
Education
Culture
18 Again
"NlP ကဘာကိုပြောတာလဲ"'s photo

NLP လို့ကြားဖူးနားဝ ရှိကြရဲ့လား? NLPဆိုတာက Neuro Linguistic Programming ရဲ့အတိုကောက်ဖြစ်ပါတယ်။ NLP ဟာ လူမူပတ်ဝန်းကျင်အသိုက်အဝန်းမှာ များစွာအကျိုးပြုတဲ့ပညာရပ်တစ်ခုဖြစ်ပါတယ်။
Neuro ဆိုတာ အာရုံငါးပါးဖြစ်ကြတဲ့ အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အထိအတွေ့ ကလာတဲ့မှတ်ဉာဏ်ကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ_ငရုတ်သီးကို စားတဲ့အခါ စပ်ခြင်းဆိုတဲ့ အရသာအတွေ့အကြုံရစေ သလိုမျိုးပေါ့။
Linguistic ဆိုတာ အထက်ကအာရုံငါးပါးကနေဖြစ်ပေါ်လာတဲ့ မှတ်ဉာဏ်ကို ဘာသာစကားအဖြစ် ပြန်လည်ဖွင့်ဆိုတာဖြစ်တယ်။ ဥပမာ_ငရုတ်သီးစားလို့ စပ်တဲ့အရသာ ရပြီး ပါးစပ်ကနေ "စပ်တယ်"ဟု အသံနဲ့စကားပြန်ပြောတာမျိုးပေါ့။
Programming ဆိုတာအာရုံငါးပါးက ဖြစ်လာတဲ့ အတွေ့အကြုံတွေကို ဘာသာစကားဖြစ်ပြန်ထုတ်တဲ့အခါ ကောင်းမွန်တဲ့ အစီအစဥ်အဖြင့် ပြန်စီစဥ်ခြင်းမျိုးပေါ့။ ဥပမာ_ငရုတ်သီးစားလို့ စပ်တဲ့အရသာကို စကားအဖြစ်ပြန်ပြောမယ် အပြုအမူအဖြစ်ပြုလုပ်မယ်ဆို ယဥ်ကျေးတဲ့အပြော ယဥ်ကျေးတဲ့အပြုအမူ စသဖြင့် ပြောင်းလဲပြောဆိုတာမျိုးပါ။
NLPရဲ့ သဘောတရားလေးတွေကို သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ် စာဖတ်သရဲလေးတို့ရေ။ ဆက်လက်ပြီးလဲ NLP ကိုပြောပြပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှု ပေးကြပါအုံး စာဖတ်သရဲလေးတို့။
#varhanjar

Keep Reading

ဖိုမ ပညာပေး သင်ကြားရေးအိန္ဒိယပညာရေးအကြောင်း တစေ့တစောင်းကလေးငယ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာမမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)Student မဟုတ်တဲ့ ကျောင်းသားအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါတက်ညီလက်ညီ ပန်းတိုင်ဆီသို့Finance Vs AccountingMindset