WANA THU
ဘဝမှာ စိတ်ရောကိုယ်ရော ကျန်းမာမှသာ ပျော်ရွှင်တဲ့ဘဝကိုတည်ဆောက်နိုင်မှာပါ။ ကျွန်တော်ကတော့ စိတ်ကအရေးကြီးဆုံးလို့ ခံယူထားပါတယ်။
ဘာလို့လဲဆိုတော့ ကျန်းမာရေးကောင်းနေပေမယ့် စိတ်ထောင်းရင်ကိုယ်ကျေဆိုသလို ကျွန်တော်တို့စိတ်ကမကျန်းမာရင်၊ ကျွန်တော်တို့ဘဝဟာ တစ်ဖြည်းဖြည်း အားအင်ချိနဲ့လာမှာဖြစ်ပါတယ်။
ဒါကြောင့် စိတ်ပညာနဲ့ ဘဝမှာပျော်ရွှင်ဖို့အတွက် ဖတ်သင့်တဲ့ စာအုပ်ကောင်း ၁၀ ကိုညွှန်းဆိုလိုက်ရပါတယ်။ မိနစ် ၃၀ စာ ဘာသာပြန်အနှစ်ချုပ် PDF link လေးတွေပါ ထည့်ပေးထားတာမလို့ အဆင်ပြေကြလိမ့်မယ်လို့ ယူဆမိပါတယ်ခင်ဗျာ။
စိတ်ပညာ, ဘဝပျော်ရွှင်မှုအကြောင်းဆိုင်ရာ စာအုပ်ကောင်း ၁၀ အုပ်
၁။ The Secret to Love, Health, and Money
PDF - https://t.me/black_white_Library/17015/17441
လူတိုင်းရဲ့ဘဝမှာ ဘယ်လိုမှ ရှောင်လွဲလို့မရတာ (၃) ခု ရှိ ပါတယ်။ အဲဒါကတော့.. အချစ်ရေး၊ ကျန်းမာရေး၊ ငွေရေးကြေးရေးတွေပဲ။ ဒီသုံးခု မပြည့်စုံရင် လူဟာ မ ပျော်ရွှင်နိုင်သလို သူ့ဘဝမှာ အသက်ရှင်နိုင်ဖို့လဲ ခက်တယ်။
ဒီအတွက် အချစ်ရေး၊ ကျန်းမာရေး၊ ငွေရေးကြေးရေးကဏ္ဍတွေနဲ့ ဘက်ညီနေအောင် ဘယ်လိုဆောင်ရွက်မလဲ၊ ဘယ်လို စိတ်ထားရမလဲ၊ အဲဒီ (၃) ခုဟာ ဘယ်လို ဆက်နွှယ်နေသလဲဆိုတာကို The Secret to Love, Health and Money ဆိုတဲ့စာအုပ်ထဲမှာ အသေးစိတ်ဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။
၂။ Quiet
PDF - https://t.me/black_white_Library/17015/17202
Quiet စာအုပ်မှာတော့ လူတွေကို သူတို့ရဲ့အကျင့်စရိုက် အပေါ်အခြေခံပြီး “Extrovert" နဲ့ "Introvert" လို့ခေါ် တဲ့ အမျိုးအစားနှစ်မျိုး ခွဲခြားပြထားပါတယ်။
ပထမတစ် မျိုးက လူများများနဲ့နေရတာကြိုက်ပြီး လူပေါင်းဆံ့တဲ့ "extrovert" ဖြစ်ပြီး၊ ဒုတိယတစ်မျိုးကတော့ အပေါင်းအသင်းနည်းပြီး တစ်ယောက်တည်း ခပ် အေးအေးနေလေ့ရှိတဲ့ "Intorvert" ဖြစ်ပါတယ်။
လူအများစုကတော့ extrovert ဆိုတဲ့ လူအမျိုးအစားကိုသိပ် ပြီးမကြိုက်နှစ်သက်ကြပါဘူး။ ဒီစာအုပ်ကို ဖတ်ပြီးတဲ့ အခါမှာတော့ Introvert စရိုက်ရှိသူတွေရဲ့ အစွမ်းသတ္တိ နဲ့ အရေးပါပုံတွေကို သိမြင်လာမှာဖြစ်ပါတယ်။
၃။ The Art of Happiness
PDF - https://t.me/black_white_Library/17015/17052
ရာစုနှစ်တွေချီပြီး အသက်ရှည်တဲ့လူကိုပဲဖြစ်ဖြစ်၊ အသက်တစ်ရက်တည်းပဲ ရှည်တဲ့လူကိုပဲဖြစ်ဖြစ် ဘယ် အရာက မင်းဘဝရဲ့ရည်ရွယ်ချက်လဲ? မင်းဘဝကို ဘယ် အရာက အဓိပ္ပာယ်ရှိသွားစေတာလဲ? လို့ မေးခွန်းထုတ်ကြည့်မယ်ဆိုရင် ပျော်ရွှင်ခြင်းပါလို့ပဲ တစ်ညီတည်းပဲ ဖြေကြပါလိမ့်မယ်။
ဒါကြောင့် လူ့လောကကြီးထဲကို ရောက်လာတဲ့သူတိုင်းရဲ့ဘဝမှာ အကြီးမားဆုံး ရည်ရွယ်ချက်ဟာ ပျော်ရွှင်ခြင်းဖြစ်တယ်လို့ သတ်မှတ်လို့ရနေပါပြီ။
ဒါဆိုရင် ပျော်ရွှင်မှုဆိုတာ ဖန်တီးယူလို့ရတဲ့ အရာလား၊ ပျော်ရွှင်မှုကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားလို့ရသလား? ဒီစာအုပ်မှာတော့ လောကဓံနဲ့ ဆင်းရဲဒုက္ခတွေကြားမှာ ပျော်ရွှင်မှုကို ဘယ်လိုရှာဖွေရမလဲဆိုတာ စိတ်ဝင်စားဖွယ်ရာ လေ့လာရမှာပဲဖြစ်ပါတယ်။
၄။ It's OK That You're Not OK
PDF - https://t.me/black_white_Library/17015/17054
ပူဆွေးသောကရောက်တယ်ဆိုတာ သောကအကြောင်း ကောင်းကောင်းမသိလို့ဖြစ်ပါတယ်။ ရှောင်လွှဲမရတဲ့ သောကနဲ့ နဖူးတွေ့ ဒူးတွေ့တွေ့ရတဲ့အခါ အတင်းကာရော ဖြေရှင်းကြည့်မနေသင့်ပါဘူး။
ပူဆွေးစိတ်ကို အရင် ဆုံးဖွင့်ထုတ်ပြီး လက်ခံတတ်ရပါမယ်။ ခုဖြေရှင်းပြီး ခု ချက်ချင်း ပျောက်ကွယ်သွားမှာမဟုတ်တဲ့အတွက် အတူယှဉ်တွဲနေထိုင်ဖို့ ကြိုးစားကြည့်တာ အကောင်းဆုံးပါပဲ။
ဘဝအချိုးအကွေ့တစ်ခုမှာ ကြုံခဲ့ဖူးတဲ့ ပူဆွေးဝမ်းနည်းမှုကြောင့် ဘဝခရီးကို ရှေ့မဆက်နိုင်ဘဲ ရပ်တန့်နေသူတွေအတွက် မဖြစ်မနေဖတ်ရှုရမဲ့ စာအုပ်ကောင်းဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင် ဘဝအတွေ့အကြုံတွေနဲ့ ယှဉ်ထိုးပြောပြထားတာမို့ သောကကို အမြင်တစ်မျိုးနဲ့ မြင် တွေ့ရမှာပါ။
၅။ Four Thousand Weeks
PDF - https://t.me/black_white_Library/1558/16874
စာဖတ်သူအပါဝင် လူတိုင်းလူတိုင်းဟာ နေ့စဉ်နဲ့အမျှ မပြီးနိုင်မစီးနိုင်တဲ့ အလုပ်တွေကို လုပ်နေကြရတာပါ။ လူသားတွေအလုပ်ရှုပ်ပုံကတော့ စက်ရုံတစ်ရုံရဲ့ ရွေ့လျားစက်ပေါ်မှာ ပစ္စည်းတွေ တစ်သုတ်ပြီးတစ်သုတ် အဆက်မပြတ်ထွက်လာနေကြတာနဲ့ တူနေပါလိမ့်မယ်။
အဲဒီလိုများပြားလွန်းတဲ့ အလုပ်တာဝန်တွေကို မနားတမ်း လုပ်ရင်းနဲ့ သေမင်းနဲ့နီးလာနေပြီဆိုတာကိုတော့ လူတော်တော်များများက မေ့လျော့လို့နေကြပါတယ်။
ဒီစာအုပ်ဟာ လူတိုင်းတစ်နေ့သေကိုသေရမှာဖြစ်လို့ မသေခင် ကျန်ရှိနေသေးတဲ့အချိန်မှာ အလုပ်နဲ့နေ့စဉ်ဘဝ ညီညီမျှမျှ ထားရှိတတ်ဖို့၊ တကယ်အရေးကြီးတဲ့ အလုပ်တွေကိုသာ ရွေးချယ်လုပ်ကိုင်တတ်ဖို့ စာဖတ်သူကို ကူညီလမ်းပြပေးတဲ့ စာအုပ်တစ်အုပ်ပါပဲ။
၆။ The Psychology of Money
PDF - https://t.me/black_white_Library/17349
လူသားတွေ နေ့စဉ်နေ့တိုင်း လှုပ်ရှားရုန်းကန်နေကြတာဟာ ငွေလို့ခေါ်တဲ့ ပိုက်ဆံရဖို့အတွက်ပါပဲ။ ဒါပေမယ့် အဲဒီငွေနဲ့ပက်သက်ပြီး လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ အတွေးအခေါ်နဲ့ စီမံခန့်ခွဲမှုပုံစံတွေ ရှိနေကြပါတယ်။
လူတွေဟာ ဘာကြောင့်များ ပိုက်ဆံကို မဆင်မခြင် သုံးမိကြတာလဲ? ပိုက်ဆံများများသုံးနိုင်တာကို ချမ်းသာတယ်လို့ ခေါ်သလား? တကယ့်ကြွယ်ဝချမ်းသာမှု အစစ်ဟာဘာလဲ?
ငွေကို ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ရှာဖွေသင့်သလဲ? ရ လာတဲ့ငွေကိုရော ဘယ်လိုသုံးသင့်သလဲ? အစရှိတဲ့ မေးခွန်းတွေကိုတော့ ဒီနေ့လေ့လာရမယ့် The Psychology of Money စာအုပ်မှာ လေ့လာဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
၇။ Attached
PDF - https://t.me/black_white_Library/17015/17234
Attached စာအုပ်မှာတော့ လုံခြုံစိတ်ချရတဲ့ တွယ်တာမှုရှိလေလေ အမှီအခိုကင်းပြီး ကိုယ်ရည်ကိုယ်သွေးထွက်ပေါ်လေလေဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒီစာအုပ်မှာ "Secure", "Anxious" နဲ့ "Avoidants" ဆိုတဲ့ တွယ်တာမှုပုံစံသုံးမျိုးကိုလဲ ဖော်ပြပေးထားသလို ကွဲပြားတဲ့တွယ်တာမှုပုံစံချင်း တွေ့ဆုံကြတဲ့အခါမှာ ဖြစ်ပေါ်လာနိုင်တဲ့ပြဿနာတွေနဲ့ အဲဒီပြဿနာတွေကို ဖြေရှင်းပုံနည်းလမ်းတွေကိုပါ ဖော်ပြပေးထားပါတယ်။
ချစ်သူတွေ တစ်ယောက်ပြီးတစ်ယောက်ပြောင်းခဲ့ပေမယ့် ကိုယ်နဲ့သင့်တော်တဲ့လူကို ဘာကြောင့်မတွေ့သေးတာလဲ? ချစ်သူရွေးတဲ့အခါ ဘယ်လိုလူမျိုးတွေကို ဦးစားပေးရွေးချယ်သင့်သလဲ? လက်ရှိချစ်သူနဲ့ အဆင်ပြေချင်ရင်ရော ဘာတွေလုပ်သင့်သလဲ? စတာတွေကို ဒီစာအုပ်မှာ လေ့လာဖတ်ရှုကြရမှာ ဖြစ်ပါတယ်။
၈။ Think Like a Monk
PDF - https://t.me/black_white_Library/17015/17351
တကယ်လို့စာဖတ်သူက ဘတ်စကက်ဘော ကစားတတ် ချင်တယ်ဆိုရင် မိုက်ကယ်ဂျော်ဒန်ဆီကနေ လေ့လာ သင်ယူသင့်ပါတယ်။ တကယ်လို့တီထွင်ဖန်တီးမှုအပိုင်း ကို စိတ်ဝင်စားတယ်ဆိုရင်တော့ အီလွန်မက်စ်ကို ဆရာတင်သင့်ပါတယ်။ မမေ့နိုင်စရာ ဖျော်ဖြေတင်ဆက်မှုမျိုး ပြုလုပ်ချင်တယ်ဆိုရင်တော့ ဘီယွန်းစေးကို အတုယူနိုင် ပါတယ်။
အလားတူပဲ စိတ်ရဲ့အေးချမ်းမှု၊ တည်ကြည်မှု၊ စိတ်ကျေနပ်မှုတွေကို လိုချင်တယ်ဆိုရင်တော့ ဘုန်းကြီး တစ်ပါးထံကနေ သင်ယူလေ့လာတာက အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ ဘာလို့ဒီလိုပြောရသလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီစာအုပ်ရဲ့စာရေးသူ Jay Shetty ရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို လေ့လာကြည့်နိုင်ပါတယ်။
၉။ The Power of Moments
PDF - https://t.me/black_white_Library/17015/17181
ဘဝရဲ့ အချိန်ကာလအများစုကတော့ ပျင်းစရာကောင်း ရင်ကောင်း၊ မကောင်းရင် သာမန်ပါပဲ။ Defining moments ဆိုတာဟာ အဓိပ္ပါယ်လည်းပြည့်ဝ၊ အမှတ်တရလည်းဖြစ်၊ ဘဝအလှည့်အပြောင်းလည်းဖြစ် သွားနိုင်တဲ့ တိုတောင်းတဲ့အတွေ့အကြုံလေးတွေပါ။
ဒီအတွေ့အကြုံလေးတွေက ကိုယ့်ရဲ့ပင်ကိုစရိုက်ကို ပုံဖော် ပေးဖို့အတွက် အဓိကကျတဲ့ အခိုက်အတန့်တွေလည်း ဖြစ်သွားနိုင်ပါတယ်။ အဓိပ္ပါယ်ရှိတဲ့ defining moments အခိုက်အတန့်တွေဟာ ဘဝတစ်လျှောက်မှာ ဖြစ်ပေါ်တာရှားပါးသလို ကြုံရင်ကြုံသလို ထပေါ်တတ်တာမို့ ခန့်မှန်းလို့လည်း မလွယ်ပါဘူး။
ဘဝဆိုတာဟာ မရေမတွက်နိုင်တဲ့ အခိုက်အတန့်တွေနဲ့ တိုင်းတာထားတဲ့အရာတစ်ခုပါ။ ဒီအခိုက်အတန့်တွေရဲ့ စွမ်းအားနဲ့ သူတို့ဖြစ်တည်လာမှုရဲ့ နောက်ကွယ်က သိကောင်းစရာတွေအကြောင်းကိုတော့ The Power of Moments စာအုပ်မှာ လေ့လာဖတ်ရှုကြရမှာဖြစ်ပါတယ်။
၁၀။ 10% Happier
PDF - https://t.me/black_white_Library/17015/17289
10% Happier စာအုပ်မှာ ABC သတင်းဌာနရဲ့ သတင်းထောက်နဲ့ အစီအစဉ်တင်ဆက်သူဟောင်း ဒန် ဟားရစ်စ် (Dan Harris) က သူ့ရဲ့ ပြင်းထန်တဲ့စိုးရိမ် သောကတွေနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို တရား အားထုတ်ခြင်းကတစ်ဆင့် ထိန်းချုပ်နိုင်ခဲ့ပုံတွေကို ဖော်ပြထားပါတယ်။
Harris ဟာ တရားထိုင်ခြင်းနဲ့ပတ်သက်တဲ့ အယူအဆ မှားတွေကိုလဲ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဥပမာအားဖြင့် တရားအားထုတ်ပြီး အနေအေးသူတွေဟာ တခြားလူတွေ ရဲ့အနိုင်ယူဗိုလ်ကျမှုကိုခံရမယ်၊ တရားထိုင်ရင် ဘဝ အောင်မြင်မှုတွေကိုစွန့်လွှတ်ရမယ်၊ တရားထိုင်ခြင်းဟာ တီထွင်ဖန်တီးနိုင်စွမ်းကိုလျော့ကျစေတယ် အစရှိတဲ့ အယူအဆမျိုးတွေပါ။
တကယ်တော့ လူတစ်ယောက်ဟာ ဘဝအောင်မြင်မှုနဲ့ သတိရှိမှုကို မျှတအောင်ထိန်းညှိနိုင် စွမ်းရှိပါတယ်လို့ Harris က ဒီစာအုပ်မှာ ရှင်းလင်းဖော်ပြ ထားပါတယ်။
ရောင်နီ ( Book Review Sharing )
Keep Reading