Author's Profile Photo

Max's sharing

24/07/2024

"8 simple habits Japanese people do everyday "

1 min read
Life Style
Health
Culture

ဘာကြောင့် ဂျပန်လူမျိုးတွေဟာ တိုးတက်မှုအရှိဆုံး လူမျိုးတွေဖြစ်တယ်လို့ ဘာကြောင့်သတ်မှတ်သလဲ။
ဘက်စုံ တိုးတက်ပြည့်စုံနေတဲ့ ဂျပန်တွေရဲ့ စိတ်ထားနဲ့ လုပ်ရပ်က သမိုင်းခေတ်ကနဲ့မတူတော့ဘူး အတုယူသင့်တဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။
ကြီးမားတဲ့အရာတွေကို လုပ်ဆောင်ဖို့အတွက် သေးအမွှားလို့ ထင်ရတဲ့အရာတွေကိုလည်း သူတို့ ‌မမေ့တတ်ကြပါဘူး။

နံပါတ် (၁) သန့်စင်ခန်းကို သန့်ရှင်းအောင်လုပ်ခြင်း
အိမ်သာတွေဆေးကြောသန့်ရှင်းတာက သူတို့ရဲ့ ကျန်းမာရေးအတွက် ကောင်းစေသလို ကံကောင်းခြင်းတွေကိုလည်း သယ်ဆောင်ပေးလာပါတယ် လို့ဆိုပါတယ်။ တခါတလေ သန့်ရှင်းရေးလုပ်တာကလည်း စိတ်တွင်းညစ်ညမ်းတာတွေကို ပြေပျောက်စေပါတယ်။

နံပါတ်(၂) ဖိနပ်ကို စီစဉ်တကျထားခြင်း
ရှုပ်ပွနေတဲ့ အရာတွေက ၎င်းတို့ကို ထိုင်းမှိုင်းစေပါတယ်။ စနစ်ကျခြင်းက ရုပ်ပိုင်းဆိုင်ရာ သပ်ရပ်စေသလို့ စိတ်ကိုလည်း ကြည်လင်စေပါတယ်။

နံပါတ်(၃) အခန်းကို သပ်သပ်ရပ်ရပ်ထားခြင်း မနက်မိုးလင်းတာနဲ့ အိပ်ရာသိမ်းခြင်း သန့်ရှင်းရေးလုပ်ခြင်းတို့ကို စနစ်တကျလုပ်ရတာကို မငြီးမငြူးလုပ်တတ်ကြပါတယ်။

နံပါတ်(၄) အိပ်ရာစောစောထခြင်း
မနက်အာရုဏ်ဦးအလင်းရောင်ကို ရရှိဖို့နဲ့ လက်ဆတ်တဲ့ လေကောင်းလေသန့်တွေကို ရှုရှိုက်ဖို့ဖြစ်ပါတယ်။ စိတ်ကို ကြည်လင်စေပြီး တစ်နေ့တာ ဆောင်ရွက်ရမယ့် အရာတွေကိုလည်း စီစဉ်နိုင်မှာဖြစ်ပါတယ်။

နံပါတ်(၅) ကျေးဇူးတရားသိခြင်း
အစာမစားပြီး ကျေးဇူးတရားဆိုခြင်းဖြစ်ပါတယ်။ အစာစား ဖန်တီး ပြင်ဆင်ပေးတဲ့သူတွေရဲ့ ကျေးဇူးကြောင့် ဆိုပြီး မည်သည့်နေရာတွင်မဆို ပြောဖို့ ဝန်မလေးကြပါဘူး။

နံပါတ်(၆) ခါးကို မတ်မတ်ထား၍ ထိုင်ခြင်း နည်းပညာအသုံးပြုမှု များတာကြောင့် ခါးကုန်း တာတွေ မဖြစ်အောင် ခန္ဓာကိုယ်ကို မတ်မတ် ထိုင်ခြင်း ယုံကြည်မှုရှိစေပါတယ်။ မကောင်းတဲ့စိတ်ကို ကိုင်းညွှတ်ခြင်းမရှိအောင် လေ့ကျင့်ပေးရာရောက်ပါတယ်။

နံပါတ်(၇) ထိုင်ပြီးသား ထိုင်ခုံကို နေရာတကျပြန်ထားခြင်း
မိမိယူထားတဲ့ အခွင့်အရေးသာမက တာဝန်လည်း ရှိကြောင်း ဖော်ပြတဲ့ နမူနာဖြစ်ပါတယ်။
နံပတ်(၈) မိမိကိုယ့်ကိုယ် နှိမ့်ချတတ်ခြင်း။
သူတို့လူမျိုးတွေဟာ အများသုံးနေရာများတွင် အမှိုက်ကောက်ဖို့ မတွန့်ဆုတ်တတ်ကြပါဘူး။ ရိုသေလေးစားခြင်းအပြည့်နဲ့ ပြောဆိုဆက်ဆံတတ်ကြပါတယ်။
အဆိုပါ အလေ့အကျင့်လေးတွေကို မွေးမြူးကျင့်သုံးကြတာကြောင့် ကြီးမားတဲ့ လုပ်ငန်းတာဝန် တွေအပေါ်မှာ များစွာသက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။
Max's sharing #simple_habits
#life_style#sarphat

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ