Author's Profile Photo

အက္ခရာ - Haruki

23/07/2024

ပိုင်ရှင်ရှိရင် ဒီနည်းနဲ့ရှောင်ပါလားကွယ်

1 min read
Life Style
Culture
18 Again
ပိုင်ရှင်ရှိရင် ဒီနည်းနဲ့ရှောင်ပါလားကွယ်'s photo

စာဖတ်သူလေးဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့ ကောင်လေး/မလေးတစ်ယောက်ကိုတွေ့ထားတယ်။ သူက ချစ်ဖို့ကောင်းတဲ့အပြင် စိတ်နေစိတ်ထားကလည်း ကောင်းမွန်တယ်။ ?

ဒါပေမယ့် ဝမ်းနည်းစရာတစ်ခုက သူ့မှာ ပိုင်ရှင်ရှိပြီးသားဖြစ်နေတယ်။ ?️

ပိုင်ရှင်ရှိပြီးသား ကောင်လေး/မလေးတစ်ယောက်ကို စိတ်မဝင်စားသင့်မှန်း စာဖတ်သူလေးသိနေပေမယ့် ကိုယ့်ရဲ့စိတ်အာရုံထဲကနေ သူ့ကိုထုတ်မရဖြစ်နေတယ်။

ဒီလိုအခြေအနေမျိုးကြောင့် ကိုယ့်ရဲ့စိတ်ထဲမှာ မွန်းကြပ်သလို ခံစားလာရတဲ့သူများအတွက် ပိုင်ရှင်ရှိတဲ့ကောင်လေး/မလေးကိုမေ့ဖျောက်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးထားပါတယ်ခင်ဗျာ။

ပိုင်ရှင်ရှိတဲ့သူကို မေ့ဖျောက်နိုင်မယ့် နည်းလမ်းကောင်းလေးများ

> ?- ဆိုရှယ်မီဒီယာကနေ သူ့ကို အဆက်အသွယ်ဖြတ်လိုက်ပါ

သူ့ရဲ့ Facebook ၊ Instagram တွေထဲ ဝင်မကြည့်ပါနဲ့တော့။ သူတင်တဲ့ ပို့စ်ပေါ်မှာ ကွန်းမန့်ဝင်မရေးပါနဲ့တော့။ ဖြစ်နိုင်မယ် ဆိုရင် Unfollow သာ လုပ်ထားလိုက်ပါ။ တစ်ရက် နှစ်ရက် ကတော့ ကိုယ့်အတွက် ငရဲလိုပါပဲ။

ဒါပေမယ့် ရက်ကြာလာတဲ့အခါ တဖြည်းဖြည်း အသားကျလာပါ လိမ့်မယ်။ ဒါမှသာ နောက်ထပ် ချစ်ဖို့ကောင်းပြီး ပိုင်ရှင်မရှိသေးတဲ့ ကောင်လေး/မလေးတစ်ယောက်ကို ရှာဖွေနိုင်မှာမဟုတ်လား။

> ? - ကိုယ့်ရဲ့သူငယ်ချင်းများနဲ့ များများအချိန်ကုန်ဆုံးပါ

ကိုယ့်သူငယ်ချင်းများနဲ့ များများအချိန်ကုန်လေ သူ့အကြောင်း မစဉ်းစားမိလေပါပဲ။ သူငယ်ချင်းများနဲ့ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးပါ။ ကိုယ့်ကိုယ်ကိုယ် စိတ်ခံစားချက်များ ကောင်းမွန်အောင် ဖန်တီးယူကာ သူ့အကြောင်း စိုးစဉ်းမျှ မ စဉ်းစားမိအောင် ဖန်တီးယူနိုင်ပါတယ်။

> ?‍? - ကိုယ့်ရဲ့ဝါသနာနဲ့ စိတ်ဝင်စားစရာများအပေါ် အာရုံစိုက်ပါ

ကိုယ့်ရဲ့ဝါသနာက စာဖတ်ခြင်းဆိုရင် စာအုပ်တစ်အုပ်ကောက်ဆွဲပြီး ဖတ်လိုက်ပါ။ စာအုပ်ထဲ ဈာန်ဝန်သွားတဲ့အခါ သူ့ကိုလည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါလိမ့်မယ်။

ပန်းချီဆွဲတာတို့လို ကိုယ့်ရဲ့ဝါသနာတွေကိုအချိန်ပေးပြီး ပြုလုပ်ဖြစ်တဲ့အခါ သူ့ကိုလည်း တဖြည်းဖြည်း မေ့ပျောက်သွားပါလိမ့်မယ်။

> ? - ရင်ဖွင့်ပါ

ကိုယ့်ရဲ့အရင်းနှီးဆုံး အယုံကြည်ရဆုံး ဘော်ဒါတစ်ယောက်ထံ ကိုယ့်ရဲ့အဖြစ်ဆိုးကို ရင်ဖွင့်ကြည့်ပါ

ဒီလိုရင်ဖွင့်လိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့ခံစားနေရတဲ့ ဝန်ထုပ်ဝန်ပိုးသည်လည်း တစ်ဝက်ခန့် လျော့ပါးသက်သာသွားပါလိမ့်မယ်။

တစ်ခုရှိတာကတော့ အယုံကြည်ရဆုံး ဘော်ဒါကို သာ ရင်ဖွင့်ဖို့ပါပဲ။ ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးမယ့် သူငယ်ချင်းမျိုး မဖြစ်ရပါဘူး။

> ?- ကိုယ့်အတွက်မဟုတ်ဘူးဆိုတာကို လက်ခံလိုက်ပါ

သူ့လက်ရှိရည်းစားနဲ့ ပြတ်သွားတဲ့အခါ စာဖတ်သူလေးတို့နှစ်ယောက် ချစ်သူရည်းစားဖြစ်နိုင်တယ်ဆိုတဲ့ အိပ်မက်မျိုးကို အဝေးသို့ လွှင့်ပစ်လိုက်ပါ။ ထိုအတွေးမျိုးက ကိုယ့်ရဲ့စိတ်ခံစားချက်ကိုပါ ပူလောင်စေပြီး ကိုယ့်ကို ရှေ့ဆက်မသွားနိုင်အောင် ဖမ်းဆွဲထားတာပါ။

သူတို့နှစ်ယောက် ပြတ်သွားခဲ့ရင်တောင်မှ သူက ကိုယ့်ကို ရွေးချယ်ချင်မှ ရွေးချယ်မှာပါ။ ဒါ့ကြောင့် အကောင်းဆုံးကတော့ သူ့ကို မေ့ပစ်လိုက်ပါ။

> ? - ရှာဖွေလိုက်ပါ

ကိုယ်ကလည်း ကိုယ့်အတွက်သင့်တော်မယ့် အမှန်တကယ်ချစ်မြတ်နိုးနိုင်မယ့် နောက်ထပ်ကောင်လေး/မလေး တစ်ယောက်ကို ရှာဖွေလိုက်ပါခင်ဗျာ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း မနက်ဖြန်ထိ အချိန်မရွေ့ပါနဲ့ စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါ