အက္ခရာ - Haruki
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းက ကျွန်တော်တို့ရဲ့ personal life နဲ့ professional life မှာ ပိုမိုအောင်မြင်လာစေဖို့ ကူညီပေးနိုင်ပါတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်ချက်ပိုရှိသူတွေက ပညာရပ်ပိုင်းအရ ပိုမိုအောင်မြင်တတ်ကြောင်း သုတေသနပြုချက်များအရ တွေ့ရှိခဲ့ပါသေးတယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ဆိုတာ ဘဝအတွက် အရေးကြီးတဲ့အစိတ်အပိုင်းမှာပါဝင်လို့နေပါတယ်။ ဒါဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိအောင် ဘယ်လိုနေထိုင်ရမလဲ၊ ဘာတွေကျင့်သုံးရမလဲ၊ ဘာတွေရှောင်ရှမလဲ။
ဟုတ်ကဲ့ပါ... ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တိုးလာအောင်ကူညီပေးမယ့် နည်းလမ်းကောင်းတွေက အများကြီးရှိပါတယ်။ ဒါပေမယ့် အဲ့ဒီထဲကမှ အရေးကြီးဆုံး၊ အသုံးဝင်ဆုံး အချက်လေးတွေကို မျှဝေပေးသွားပါ့မယ်။
ဒါကြောင့် စာဖတ်သူလေးဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းနေတယ်ဆိုရင် ဒီအချက်တွေကို လုပ်ကြည့်ပါခင်ဗျာ။
?♂️ ကိုယ့်ကိုယ်ကို အခြားသူတွေနဲ့မနှိုင်းယှဉ်ပါနဲ့
ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့နှိုင်းယှဉ်ခြင်းက စိတ်အားငယ်မှုတွေ၊ မနာလိုစိတ်တွေ ပိုတိုးလာစေပါတယ်။
ကိုယ့်ဘဝထက် သူများဘဝကိုပဲ စိတ်ဝင်စားနေပြီး ကိုယ့်ဘဝကိုတော့ စိတ်ပျက် နေတာမျိုးတွေ ဖြစ်လာစေပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု လည်း ပျောက်ဆုံးလာစေပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အခြားသူတွေနဲ့ လုံးဝမနှိုင်းယှဉ်ပါနဲ့။
? အကောင်းမြင်တဲ့သူတွေနဲ့ပဲပတ်သက်ပါ
အကောင်းမြင်စိတ်နည်းတဲ့သူတွေနဲ့ ပတ်သက်မိရင် အကြည်ဓာတ်ပျက်ပြီး ကိုယ့်ကိုယ်ကို အားငယ်စိတ်တွေ ဝင်လာစေပါတယ်။
သူတို့ဆီက အပြစ်တင်သံ၊ ဝေဖန်သံတွေ ကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလည်း ပျောက်ဆုံးလာစေပါတယ်။ အကောင်းမြင်တဲ့သူတွေနဲ့ပဲ ပတ်သက်ရင်တော့ စိတ်ချမ်းသာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတောင် ပိုတိုးလာမှာပါ။
?♂️ ကိုယ့်ခန္ဓာကိုယ်ကိုဂရုစိုက်ပါ
ကျန်းမာလှပနေမှလည်း စိတ်ချမ်းသာ ပျော်ရွှင်ရပြီး ကိုယ့်ကိုယ် ကို ယုံကြည်မှု ပိုတိုးလာမှာပါ။ ဒီတော့ ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်တဲ့အနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ပါ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ တရားထိုင်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။
? ကိုယ့်ကိုယ်ကိုကြင်နာပါ
ကိုယ့်ကိုယ်ကို သနားကြင်နာခြင်းက ကိုယ်အမှားလုပ်မိတဲ့အခါ၊ ကျရှုံးခြင်းနဲ့ ကြုံတွေ့ရတဲ့အခါမှာ ကိုယ့်ကိုယ်ကို အပြစ်တင်တာမျိုးတွေ မလုပ်မိတော့ပါဘူး။ ကိုယ့်ကိုယ်ကိုချစ်ပြီး အားမလျှော့အောင် ယုံကြည်မှုတွေတိုးလာအောင် ပြန်ပြီးခွန်အားပေးနိုင်တဲ့အချက် ဖြစ်ပါတယ်။
? Positive Self-Talk ကိုလေ့ကျင့်ပါ
ကိုယ့်ကိုယ်ကိုယ် ကောင်းတာတွေ များများပြောပေးပါ။ ဒီလိုလုပ်ပေးခြင်းက အဆင်မပြေမှုတွေန့ ကြုံတွေ့ရရင်တောင် ကိုယ့်စိတ်ကို အဆိုးဆုံးအခြေအနေအထိ ဆွဲမချနိုင်ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ဘယ်တော့မှ လျော့မသွားစေပါဘူး။
‼️ကြောက်စိတ်ကိုရင်ဆိုင်လိုက်ပါ
ကြောက်တဲ့အရာကို ရှောင်မပြေးပါနဲ့။ ကြောက်စိတ်ကို ရင်ဆိုင်ပြီး ကိုယ်ကြောက်နေတဲ့အရာကို လုပ်နိုင်လိုက်ရင် ကြောက်တဲ့အရာ ဘာမှရှိတော့မှာမဟုတ်ပါဘူး။ ဒါ့အပြင် ငါလုပ်နိုင်တယ် ဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုတိုးလာပါလိမ့်မယ်။
?လက်တွေ့ကျတဲ့ပန်းတိုင်တွေသတ်မှတ်ပါ
မဖြစ်နိုင်တဲ့ လက်တွေ့မကျတဲ့ ပန်းတိုင်တွေကို သတ်မှတ်ပြီး လုပ်နေရင်တော့ မရတဲ့အခါ စိတ်ဓာတ်ကျတာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျက်လာတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။
ဒါကြောင့် လက်တွေ့ကျတဲ့ ပန်းတိုင်တွေသတ်မှတ်ပြီး ကြိုးစားကြည့်ပါ။ ဖြစ်မြောက်လာတိုင်းမှာ စိတ်ခွန်အားရပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလည်း ပိုတိုးလာပါလိမ့်မယ်။
ဖိုက်တင်း ?
အဆုံးထိဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ် စာဖတ်သူလေး...
နွေဦးအက္ခရာ
Keep Reading