စောမြတ်နွယ်
ဒီနေ့တော့ Do နဲ့ Make ရဲ့
အသုံးကွဲပြားပုံကို ပြောပြမှာဖြစ်ပါတယ်။
Do ကို တော့ ယေဘုယျအားဖြင့် နေ့စဉ် လုပ်ဆောင်နေကျ အလုပ်တွေအတွက် သုံးပါတယ်။
ဥပမာ
What are you doing tomorrow?
မင်း မနက်ဖြန်ဘာလုပ်မှာလဲ။
What do you do?
မင်းဘာအလုပ် လုပ်သလဲ။
I work in a bank.
ကျွန်တော် ဘဏ်တစ်ခုမှာ အလုပ်လုပ်တယ်။
What do you do in your free time?
မင်းရဲ့ အားလပ်ချိန်မှာ မင်းဘာလုပ်သလဲ။
I hate doing housework,especially cleaning.
ကျွန်တော် အိမ်အလုပ်လုပ်ရတာ မကြိုက်ဘူး။အထူးသဖြင့် သန့်ရှင်းရေးပေါ့။
?????
Make ကိုတော့ ကိုယ်ကိုယ်တိုင် ဖန်တီးထုတ်လုပ်ရတဲ့အလုပ်တွေအတွက် သုံးပါတယ်။
ဥပမာ
She is making a cake.
သူမ ကိတ်မုန့်လုပ်နေတယ်။
She is making coffee.
သူမ ကော်ဖီဖျော်နေတယ်။
What do they make in that factory?
အဲ့ဒီစက်ရုံမှာ သူတို့ဘာထုတ်လုပ်တာလဲ။
Do you know how to make bread?
ပေါင်မုန့်ဘယ်လိုလုပ်သလဲမင်းသိလား။
Do နဲ့တွဲသုံးတဲ့ စကားလုံးအချို့
do the cooking =ချက်ပြုတ်သည်
do the ironing= မီးပူတိုက်သည်
do the washing = လျှော်ဖွတ်သည်
do the exam =စာဖြေသည်
do the shopping = စျေးဝယ်ထွက်သည်
do housework = အိမ်မှုကိစ္စလုပ်သည်
do a course = သင်တန်းတက်သည်
do a favour = ထောက်ခံသည်
Make နဲ့တွဲတဲ့ စကားလုံးအချို့
make a mistake = အမှားလုပ်သည်
make a decision =ဆုံးဖြတ်ချက်ချသည်
make an appointment =ချိန်းဆိုသည်
make a plan= အစီအစဥ်ချသည်
make dinner =ညနေစာ စီစဉ်သည်
make a joke = ဟာသလုပ်သည်
make a phone call=ဖုန်းခေါ်သည်
make money = ငွေရှာသည်
ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။
Doနဲ့ Make ရဲ့ အသုံးကိုတော့ နားလည်သွားပြီထင်ပါတယ်နော်။
English စာ ဗဟုသုတများ တိုးပွားနိုင်ကြပါစေ။
# စောမြတ်နွယ်
20.7.2024
Keep Reading