Zwe Yarzar(Content Writer)
ဘာရယ်မဟုတ် မြန်မာစာအရေးအသားနဲ့ ပတ်သက်ပြီး လေ့လာမိတာကို ပြန်လည်မျှဝေခြင်းမျိုးပါ။
သိပြီးသားသူတွေ ကျော်သွားလို့ရပါတယ်။
စာရေးနေရင်းနဲ့ မြန်မာစာ "အာ" သရရေးတဲ့အခါ
ခွဲခြားထားတဲ့ ဝိုက်ချ (ာ) နဲ့ မောက်ချ (ါ) ကွဲပြားပုံကို သိချင်လာလို့ ရှာဖွေမိပါတယ်။
မြန်မာဗျည်းအက္ခရာတွေထဲမှ "ခ၊ဂ၊င၊ပ၊ဒ၊ဝ" ဗျည်း (၆) လုံးကို ဝိုက်ချ (ာ) နဲ့ မရေးဘဲ မောက်ချ (ါ) နဲ့ရေးရကြောင်း သိပေမဲ့ ဘာကြောင့်လို့ဆိုတာတော့ သေချာမသိခဲ့ပါဘူး။
အဲ့ဒါနဲ့ Google ခေါက် ရှာဖွေကြည့်မိတော့
- "ခ" ကို ဝေါက်ချနဲ့ ရေးမိရင် "ခာ" ဖြစ်ပြီး "ဆ" နဲ့တူ
- "ဂ" ကို ဝေါက်ချနဲ့ ရေးမိရင် "ဂာ" ဖြစ်ပြီး "က" နဲ့တူ
- "င" ကို ဝေါက်ချနဲ့ ရေးမိရင် "ငာ" ဖြစ်ပြီး "က" နဲ့တူ
- "ဒ" ကို ဝေါက်ချနဲ့ ရေးမိရင် "ဒာ" ဖြစ်ပြီး "အ" နဲ့တူ
- "ပ" ကို ဝေါက်ချနဲ့ ရေးမိရင် "ပာ" ဖြစ်ပြီး "ဟ" နဲ့တူ
- "ဝ" ကို ဝေါက်ချနဲ့ ရေးမိရင် "ဝာ" ဖြစ်ပြီး "တ" နဲ့တူ
ဒီလိုတခြားဗျည်းတွေနဲ့ ဆင်တူကုန်တာကြောင့် ဒီဗျည်း (၆) လုံးကို ဝေါက်ချမသုံး၊မောက်ချသုံး ရေးရပါတယ်။ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကလည်း ဒါကိုအလွယ်တကူ မှတ်သားနိုင်ရန်
"ခင် ဂူ ငေါ ဒေါ ပုံ ဝ" ဆိုပြီး လမ်းညွှန်ပေးခဲ့ပါတယ်။
ကျန်ဗျည်းတွေအားလုံးကိုတော့ ဝိုက်ချနဲ့ ရေးလို့ရပါတယ်။
Keep Reading