SarPhat Author

ကျွန်တော်ကထာဝရမျိုးစေ့ငယ်ဖြစ်ချင်သူသာတည်းးးးးးးးးး
ရှင်သန်ရာရပ်ဝန်းရဲ့လွှမ်းမိုးမှုတွေကိုကျွန်တော်မခံချင်ပေ။ဒါကြောင့်ကျွန်တာ်အပင်ပေါက်ငယ်ဖြစ်လာဖို့ကိုငြင်းဆန်ခဲ့တာဖြစ်ပေသည်.......။ဒါပေမယ့်သဘာဝတရာကြီးကဘက်လိုက်မှုမရှိတဲ့အတွက်ကြောင့်ကျွန်တော်စတင်ရပ်တည်မှုနေရာတစ်နေရာရှာရပါတော့တယ်။ရှုပ်ထွေးလှတဲ့သစ်မြစ်တွေကြားထဲကနေမြေပြင်ပေါ်ကိုထိုးဖောက်ဖို့ကအလွန့်ကိုရှုပ်ထွေးခက်ခဲလွန်းတယ်။ကျွန်တော်စိတ်ပျက်လက်ပျက်နဲ့ထိုင်ညည်းတွား နေလိုက်တယ်။အဲ့ဒီမှာမြေတွင်းအောင်းနေတဲ့တီကောင်လေးတစ်ကေညင်ကကျွန်တော့်ကိုပြောတယ်။မျိုးစေ့လေး ငါတို့ခန္ဓာကိုယ်ကဘယ်လောက်နူးညံ့လည်းသိလားလို့ကျွန်တော်ကိုမေးခဲ့တယ်
"သိပ်ပြီးတော့သိတာပေါ့တီကောင်ဆိုတာအလွန်အင်မတန်မှကိုနူးညံ့လှတဲ့အကောင်ပဲဟာ...."။
ကျွန်တော်အ့လိုပြန်ဖြေတော့တီကောင်လေးကပြုံးတယ်ပြီးတော့မှ
"ငါတို့တောင်မြေကြီးထဲရောက်လာသေးတာပဲ....."
အဲ့ဒီလိုပြောပြီးပြန်အိပ်ပျော်သွားတယ်။ကျွန်တော်တစ်ခုခုကိုနားလည်လိုက်သလိုပဲ။နားလည်တာမလည်တာထက်ရှေ့ဆက်ဖို့အတွက်အင်အားတွေရလိုက်သလိုပဲ။အဲ့ဒီလိုနဲ့ နေ့တစ်နေ့ရဲ့ပထမဆုံးရောင်ခြည်ကိုစတင်မြင်ရခဲ့တဲ့နေ့ကိုရောက်လာပါတော့တယ်။
" ကမ္ဘာကြီးကသိပ်သာယာတာပဲ......."
ကျွန်တော့်ဘေးကပန်းပွင့်လေးတွေကဆိုတယ်။သူတို့ကအစွမ်းကုန်ပွင့်လန်းပြီးရှင်သန်စွန့်စားဖို့ကိုအဆင်သင့်ဖြစ်နေခဲ့တယ်။ကျွန်တော်လည်းသူတို့တွေကိုအားကျနေမိတယ်..........။"
ငါလည်းအမြန်သူတို့လိုဖြစ်မှကောင်းမယ်လို့လည်းတွေးမေမိတယ်"
အဲ့ဒီအချိန်မှာကျွန်တော့်ဘေးနားကမြက်ပင်ငယ်လေးကပြောတယ်။
"မင်းအမြန်ကြီးပြင်းရှင်သန်ဖို့ကြံစည်နေတာလားမျိုးစေ့လေး"
"ဟုတ်တယ်ဗျ။ကျွန်တော်နဲ့နားကပန်းလေးတွေကိုကြည့်ပါလား။ဘယ်လောက်လှပြီးဘယ်လောက်ကဗျာဆန်လိုက်သလည်း။
မြက်ပင်လေးကပြုံးတယ်။ပြီးတော့ဖြေးညင်းစွာပြောတယ်
"မကြာခင်မှာအဲ့ဒီ့အတွေးကမှားမှန်းမင်းသိလာလိမ့်မယ်ကွဲ့"
ဟုတ်ပါတယ် မကြာခင်မှာ မိန်းမပျိုတစ်သိုက်ကရောက်လာပြီး ကျွန်တော့်ဘေးကရှိသမျှပန်းတွေအားလုံးကို ခူးဆွတ်သွားပါတော့တယ်.....။ကျွန်တော့်ညီနောင်တွေလည်း ငြင်းဆန်နိင်ခြင်းမရှိဘဲနဲ့ ပန်းချိုးသူမိန်းမပျိုတွေနောက်ကို ငိုယိုပြီးလိုက်သွားရပါတော့တယ်.....။ကမ္ဘာကြီးရဲ့အလှအပကိုတောင်အပြည့်အဝမခံစားလိုက်ရတဲ့ကြီးပျင်းမှုမျိုးကိုတော့ကျွန်တော်မလိုချင်တာအမှန်ပါ။ဒီလိုနဲ့ကျွန်တော်လည်း အခြားမျိုးစေ့တွေလိုပဲ အချိန်တန်အရွယ်ရောက်ရှိလာပါတော့တယ်။အရွယ်ရောက်ခြင်းရဲ့ ကောင်းကျိုးအနေနဲ့ ကျွန်တော်အခုချိန်မှာလောကကြီးကိုပိုပြီးကျယ်ပြန့်စွာမြင်လာရခြင်းပါပဲ။ပြီးတော့ ဝတ်ရည်စုပ်မဲ့ပျားတွေလိုမျိုး ကိုယ့်ဘဝသာယာဖို့အတွက်အခြားသူကိုနင်းပြားအဖြစ်အသုံးချချင်တဲ့အရာတွေ။လေရူးသွေ့လိုက်တိုင်း ယိမ်းနွဲ့သွားခဲ့တဲ့ ခိုင်မာမှုမရှိတဲ့ဘဝအခြေအနေတွေအကြောင်းကျွန်တော်သိလာခဲ့ပါတယ်။နောက်တစ်ရက်နှစ်ရက်လောက်ဆိုကျွန်တော်ကောင်းမွန်စွာပွင့်လန်းဖို့အချိန်ရောက်ပြီလေ။အဲ့လိုအကောင်းဆုံးအချိန်ကို ခနတာကျော်ဖြတ်ပြီးတာနဲ့ အသင့်ချိုးမယ့် ပန်းခူးသမားရဲ့လက်တွင်းကိုလည်းသက်ဆင်းရတော့မာလည်းသိနေပါတယ်။ကျွန်တော်မရွေးခဲ့တဲ့ လမ်းကြောင်းကိုကျွန်တော်ဘာမှမသိလိုက်တဲ့ နည်းလမ်းနဲ့အဆုံးသတ်ရမှာ ပျော်ပါတယ်
#လွင်ပြင်
Keep Reading