သင်္ကေတ
ဒီနေ့ ၂၀၂၄ ခုနစ် ဇူလိုင်လ ၁၉ ရက်နေ့က သာမန်နေ့တွေနဲ့မတူဘဲ မြန်မာနိုင်ငံသူ၊နိုင်ငံသားများ ရင်ထဲမေ့မရနိုင်တဲ့နေ့တစ်နေ့ဖြစ်တယ်၊
ဒီနေ့ဆိုရင် ၇၇ နှစ်ကြိမ်မြောက် အာဇာနည်နေ့ကို ရောက်ရှိလာပြီ၊
ကျွန်မတို့နိုင်ငံကြီးဘာတွေပြောင်းလဲ ပြီးနေပြီလဲ၊ ကျွန်မတို့ ကိုယ်တိုင်ကရော ဘာတွေပြောင်းလဲပြီးနေပြီလဲ၊ စတဲ့မေးခွန်းတွေနဲ့ စတင်လိုက်ပါတယ်။
အာဇာနည်နေ့လို့ ဘာလို့ သတ်မှတ်ထားတာလဲဆိုရင် ကျွန်မတို့ နိုင်ငံအတွက် လွတ်လပ်ရေးကို အစွမ်းကုန်ကြိုးစားပြီး ရယူနိုင်အောင်လုပ်ပေးခဲ့ကြတဲ့လူတွေ အသက်ဇီဝိန်ချုပ်ငြိမ်းသွားကြရတဲ့နေ့မလို့ပါ။
အာဇာနည်ဆိုတာ ဘယ်လိုလူတွေကို သတ်မှတ်တာလဲ။ အသက်သေဝံ့ရှိသူတိုင်း အာဇာနည်လို့ခေါ်မှာလား။
မြန်မာအဘိဓာန်မှာ အာဇာနည်ကို "အကြောင်း ဟုတ် မဟုတ်ကို ကောင်းစွာသိသူ၊သာမန်ထက် လက်ရုံးရည် နှလုံးရည်ထူးကဲသာလွန်၍ အများအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူ" လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပြီး မြတ်စွာဘုရားရှင်ကလည်း ယောင်္ကျားအာဇာနည်ဆိုတာ ကိုယ်ကျင့်သီလကောင်းမွန်ခြင်း၊ဝီရိယကောင်းခြင်း၊ ဉာဏ်ပညာနှင့်ပြည့်စုံခြင်း စတဲ့လက္ခဏာတွေနဲ့ပြည့်စုံမယ်လို့ မိန့်ဆိုထားတော်မူခဲ့တယ်။
ကျွန်မတို့နိုင်ငံရဲ့ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ကျန်အာဇာနည် ၈ ယောက် ( ဦးဘဝင်း၊ဒီးဒုတ်ဦးဘချို၊မန်းဘခိုင်၊သခင်မြ၊မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ဦးအုန်းမောင်၊ဦးရာဇာတ်၊ ဦးရာဇာတ်ရဲ့သက်တော်စောင့် ရဲဘော်ကိုထွေး) တို့ဟာ အာဇာနည်ဆိုတဲ့ အချက်တွေနဲ့ကိုက်ညီပြည့်စုံနေကြတယ်။
ထိုသူတွေကို ဘယ်သူသတ်သွားတာလဲ။
လို့ မေးရင် ကျွန်မတို့ မြန်မာတွေက ဂဠုန်ဦးစော သတ်တယ်လို့ပဲ သိကြတယ်၊ ဖြေကြတယ်၊
ကျွန်မတို့ မြန်မာတွေရဲ့အသိ၊အမြင်က အကန့်အသတ်တစ်ခုမှာပဲ ရပ်နေတယ်၊
တကယ်တော့ အင်္ဂလိပ်နယ်ချဲ့တွေရဲ့ ကစားခြင်းကို ဂဠုန်ဦးစောက ခံရပြီး မဖြစ်သင့်တာတွေဖြစ်သွားတာပါ၊
သူ့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းအပေါ်ထားတဲ့ မနာလိုဝန်တိုမှုကို အင်္ဂလိပ်နယ်ချဲ့တွေက အသုံးချပြီး ဂဠုန်ဦးစောရဲ့ ဆင်ခြင်တုံတရားမရှိမှုကြောင့်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ယုံကြည်မှုကို အလွဲသုံးစားကို လုပ်သွားကြတာပါ။
ဆိုတော့ အဓိက တရားခံဟာ ဂဠုန်ဦးစောအပြင် အင်္ဂလိပ်နယ်ချဲ့တွေရောပါဆိုတာကို သိစေချင်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက သူ့မိန့်ခွန်းမှာ ပြည်သူတွေ စည်းကမ်းရှိပြီး အကျင့်ပြင်ကြဖို့ ပြောသွားခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ဘက်မှာ ပြည်သူတွေရှိတယ် ဆိုပြီး ပြောသွားတယ်၊
အခု ပြည်သူတွေက
အနာဂတ် နိုင်ငံတော်သစ်ဆီကို ကျွန်မတို့ အရောက်လှမ်းနိုင်ဖို့ ကျွန်မတို့ အခုချိန်ထဲက ဝိုင်းဝန်းအတူတူလုပ်ဆောင်ကြဖို့လိုတယ်၊ တစ်ကိုယ်ကောင်းစိတ်တွေ မမွေးဖို့လိုတယ်။
ဒါပေမဲ့ အဲ့အမှိုက်သရိုက်တွေကို ဒီတိုင်းထားရင် ပျက်စီးကိန်းဆိုက်မှာပါ၊ အဲ့လိုမရှိအောင် ကိုယ်တိုင်ကစ ပြုပြင်ဖို့လိုအပ်တယ်၊ လူတွေက တခြားသူတွေကိုပဲ ပြုပြင်ချင်တယ်၊ ထိန်းချုပ်ချင်တယ်၊ အကြီးကြီး ပြောရရရင် ကမ္ဘာကြီးကိုလွှမ်မိုးချုပ်ကိုင်ချင်တယ်လို့ ပြောကြတယ်၊ အဲ့လိုလုပ်ချင်တယ်ဆို ကိုယ်တိုင်ကစပြီး ပြုပြင်လုပ်ဆောင်ဖို့ လိုတယ်ဆိုတာတော့ မေ့ကြတယ်။
အခုခေတ်မှာ မြန်မာနိုင်ငံကလူတွေက မြန်မာကျောင်းပညာရေးကို မကောင်းဘူးလို့ ထင်ကြတယ်၊ ကျောင်းပညာတတ်ရုံနဲ့ ဘာမှလုပ်လို့မရဘူးလို့ ပြောလာကြတယ်၊ ပြောလဲပြောချင်စရာ ထင်လဲထင်ချင်စရာပါ၊ ဒါပေမဲ့ အဲ့တာက တကယ်ယူတတ်ရင် ပညာတွေချည်းပါ၊ တကယ် အသုံးမချတတ်သေးလို့ပါ၊ တချို့လူတွေ ပညာရေးကိုအသုံးချပြီး တိုးတက်ကြီးပွားနေတဲ့လူတွေလည်း ရှိတာပါပဲ၊ အကျင့်ပျက်ခြစားပြီး လာဘ်ထိုးနေကြတဲ့လူတွေလဲ ရှိတာပဲ၊ အဲ့တာက သက်သက်တစ်ပိုင်းပါ၊ အဲ့တာမျိုးတွေရှိနေလို့ တကယ်ကောင်းတဲ့လူတွေ နေရာပျောက်နေကြတဲ့ ကိစ္စတွေလည်း ရှိနေတာပါ။
ဒါကြောင့် ဒီလိုနေ့မှာ ကျွန်မတို့နိုင်ငံသားတွေက ဝမ်းနည်းကြေကွဲခံစားနေကြရုံနဲ့မပြီးဘဲ ကျွန်မတို့နိုင်ငံကြီးကို အနာဂတ်နိုင်ငံတော်သစ်ပြန်လည်ထူထောင်နိုင်ဖို့ ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံအတွက်ဖြစ်စေချင်တာတွေဖြစ် အောင် အကုန်လုံးမှာ တာဝန်ရှိကြောင်း မီးမောင်းထိုးပြတဲ့နေ့၊ သတိတရားပြန်ဝင်လာစေဖို့နေ့လည်း ဖြစ်တယ်ဆိုဝာာ ရေးသားလိုက်ပါတယ်။
၁၉ ဇူလိုင်
မနက် ၁၀:၃၇ မိနစ်
Keep Reading