Author's Profile Photo

SarPhat Author

12/07/2024

" အမှီခိုကင်းတဲ့ လူငယ်တစ်ယောက် "

1 min read
18 Again
" အမှီခိုကင်းတဲ့ လူငယ်တစ်ယောက် "'s photo

Rich Kids(RK)(ချမ်းသာတဲ့ကလေး) တွေ ပျော်နေတဲ့အချိန်မှာ မပျော်နိုင်ပဲ ဘ၀အတွက် ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ခြိုးခြံ‌ချွေတာပြီး စုနေတဲ့ သူတွေပါပဲ။


Night life (ညဘ၀) မှာ ပျော်မြူးဖို့ သာယာဖို့ အချိန်ဖြုန်းဖို့ ပိုက်ဆံသုံးဖို့ဟာ အိမ်မက်တောင် မမက်သင့်တဲ့ သူမျိုးပါပဲ။


လူကုံထံတွေ စားတဲ့ စားသောက်ဆိုင်မှာ စားဖို့ မဖြစ်နိုင်သေးတဲ့ လူငယ်ပါပဲ။


ကိုယ့်ရဲ့ ၀င်ငွေနဲ့ အသုံးစရိတ်ကို ချိန်ဆနေရတဲ့ လူငယ်ပါပဲ။


ကိုယ်က Rich Kids(RK)(ချမ်းသာတဲ့ကလေး) လည်း မဟုတ်ဘူး။ အမှီခိုကင်းတဲ့ လူငယ်တစ်ယောက်ဖြစ်ချင်ရင် သင်ဟာ ဒီလိုပိုက်ဆံသုံးဖြုန်းဖို့ ပျော်မြူးဖို့ မထိုက်တန်ပါဘူး။ Rich Kids(RK)(ချမ်းသာတဲ့ကလေး) တွေ ကြားထဲကနေ လှည့်ထွက်ခဲ့သင့်ပါတယ်။


ဒီနိုင်ငံမှာ အမှီခိုကင်းတဲ့ လူငယ်တစ်ယောက်ဖြစ်ဖို့ဆိုရင် အင်မတန် ခက်ခဲပါတယ်။ တက္ကသိုလ်၀င်တန်းစာမေးပွဲအောင်ဖို့ ဘော်ဒါဆောင်နေကြတယ်။ Rich Kids(RK)(ချမ်းသာတဲ့ကလေး) တွေ မဟုတ်တဲ့အတွက်ကြောင့် ကျူရှင်လေးယူပြီး အိမ်မှာ ရှင်းရှင်းလင်းလင်း မသိတဲ့စာတွေကို စာရမှ ဖြစ်မယ်ဆိုပြီး အတင်းလုပ်ယူကြိုးစားပြီး စာကျက်ကြရတယ်။ တချို့တွေဆို ကျူရှင်တောင် မယူနိုင်ပဲ ကျောင်းမှာ သေချာမသင်ပြပေးတဲ့ စာတွေကို အောင်မှတ်လေးရအောင် မနည်းကြိုးစားပြီး စာကျက်ခဲ့ရတယ်။


ဘော်ဒါလည်း မနေနိုင်၊ ကျူရှင်လည်း မယူနိုင်ဆိုတော့ မှန်းထားတဲ့ အောင်မှတ်လေးအတိုင်းပဲ အမှတ်စာရင်းက ထွက်လာတယ်။ ဘယ်အစိုးရကျောင်းမှလည်း မမီတော့ အဝေးသင်တက်ရတယ်။ အဲအချိန်မှာ ဘာကျေးဇူးတင်ရပြန်သလဲဆိုတော့ အစိုးရကျောင်း မမီတာကိုပဲ။ အဝေးသင် ၂လတက်ရဖို့အရေး ဘွဲ့လည်း မရသေးတော့ ရရာအလုပ်တွေ ၀င်လုပ်ပြီး ပိုက်ဆံစုကြရတယ်။


ရရာအလုပ်ကို ၀င်လုပ်နေရင်း ဒီအလုပ်က ကိုယ့်ရဲ့ passion (ဝါသနာ) လို့ သိသွားတဲ့အချိန်မှာတော့ အပတ်တကုတ်ကြိုးစားပြီး လေ့လာရတော့တာပါပဲ။


အဝေးသင် ၂လပြေးတက်လိုက်၊ အလုပ်ပြန်၀င်လုပ်လိုက်နဲ့ ဒီလိုတွေ လုပ်ရင်း အမှီခိုကင်းတဲ့ လူငယ်တစ်ယောက်ဟာ ဘွဲ့လည်း ရ။ Passion (ဝါသနာ) ပါတဲ့ အလုပ်ကြောင့် ကြီးပွားတိုးတက်အောင်မြင်သွားတဲ့ သူတွေလည်း ရှိပါတယ်။


Rich Kids(RK)(ချမ်းသာတဲ့ကလေး) မဟုတ်ပဲ အမှီခိုကင်းတဲ့ လူငယ်တစ်ယောက်ဖြစ်ချင်တဲ့အတွက်ကြောင့် ပန်းခင်းလမ်းတော့ မဟုတ်ဘူး။ ဆူးခင်းလမ်းကိုပဲ ဖြတ်ကျော်ကြရမှာ ဖြစ်ပါတယ်။


Rich Kids(RK)(ချမ်းသာတဲ့ကလေး) တွေ ပြောနေတဲ့ brand (နာမည်ကြီးတံဆိပ်) , ဇိမ်ခံကား၊ ယိုးဒယားဆိုင်ကယ် click ဘီး၊ နာမည်ကြီးစားသောက်ဆိုင်၊ Bar (ဘား), club (ကလပ်), KTV (ကေတီဗွီ), K-pop (ကေပေါ့) လှည့်ထွက်ခဲ့ပါ။


ဘယ်သူတွေ ဘယ်လိုတွေပဲ ပြောနေကြပါစေ။ အမှီခိုကင်းတဲ့ လူငယ်တစ်ယောက်ဟာ ဂုဏ်ယူစရာ အရမ်းကောင်းပါတယ်။ ကိုယ်ရှာတဲ့ ပိုက်ဆံဟာ ဘယ်လောက်ပင်ပန်းခက်ခဲလဲဆိုတာ သိတဲ့အတွက်ကြောင့် ပိုကပ်စေးနဲလာကြပါတယ်။ ဖွန်ကြောင်ဖို့ အချိန်လည်း မရှိတော့သလို ကိုယ်နဲ့အတူ same page (စာမျက်နှာတစ်ခု) တည်း အေးအတူ ပူအမျှ လက်တွဲသွားမယ့် လက်တွဲဖော်ကို ပိုပြီး မြတ်နိုးတန်ဖိုးထားကြပါတယ်။


အမှီခိုကင်းတဲ့ လူငယ်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေကြတဲ့ လူငယ်တိုင်းကို အားပေးချင်တာက အားမလျှော့ပါနဲ့။ ဘယ်သူ့ကိုမှ မမှီခိုပဲ ဘယ်သူ့ကိုမှ ဒုက္ခမပေးပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေကြတာဟာ ချီးကျူးစရာပါ။


အမှီခိုကင်းတဲ့ လူငယ်တိုင်းဟာ တန်ဖိုးရှိတဲ့ လူသားတွေ ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတတ်ကြပါစေ။






ခင်ခင်ချော

Keep Reading

ဂုဏ်ဓနဖက်လို့ စုံ,မ ဝှက်ကာUWC scholarshipလူငယ်နှင့်စာပေPassion (အရူးအမူးဖြစ်ခြင်း၊ ဝါသနာကြီးခြင်း)အလုပ်လုပ်ဖို့ Motivation ဟာ တကယ်ပဲ လိုအပ်ပါသလား။"သူလိုလူ"သင်ဟာခေါင်းဆောင်တစ်ယောက်ပါ"တည်ငြိမ်မှုဖြင့် အကျပ်အတည်းကိုကျော်လွှားခြင်းများ"Doorway Effectကွဲကြေပြီးနောက် ပြန်ဆက်ရာဝယ်