Noble
ကိုယ်အခုလေးတင် ဖတ်ပြီးသွားတဲ့ စာအုပ်က စာရေးသူ….. အံ့ဘုန်းခန့်ကျော်ရဲ့ ‘Resilience’ ခံနိုင်ရည် စိတ်ဓါတ်ဆိုတဲ့ စာအုပ်ပါ။ ဒီစာအုပ်ကို စဖတ်ဖြစ်တာ စာအုပ်နာမည်ကြောင့်လို့ ပြောရပါမယ်။ တကယ်တမ်းဆိုရင်… စာရေးဆရာကိုလည်း ကိုယ့်အနေနဲ့ မသိသလို…. သူ့စာအုပ်ကိုလည်း ဒါပထမဆုံး ဖတ်ဖူးတာပါ….
စာအုပ်နာမည်က ‘Resilience’ ခံနိုင်ရည် စိတ်ဓါတ်တဲ့…..
ဒီစကားလုံးကို ကိုယ်က သိပ်ကြိုက်တယ်… အခုလို ကာလအတွက်လည်း သိပ်ကို လိုအပ်တယ်လို့ ယူဆတာနဲ့ပဲ ဒီစာအုပ်ကို စဖတ်ခဲ့တယ်… အစကတော့ ဘာသာပြန်စာအုပ်လို့ ထင်လိုက်တာ… ဖတ်ရင်းနဲ့မှ ဘာသာပြန်မဟုတ်ပဲ မြန်မာလူငယ်တစ်ဦးရဲ့ ခံစားချက် အနှစ်သာရနဲ့ ဘဝရဲ့ အတွေ့အကြုံတွေကို မျှဝေတဲ့ စာအုပ်ဖြစ်နေတယ်….
စာအုပ်ကို မဖတ်ခင်က ဒီစာအုပ်ကနေ Resilience ဆိုတဲ့ ခံနိုင်ရည်အားကောင်းအောင်…. ဘယ်လို ခံယူရမယ်၊ ဘယ်လို စိတ်ထားရမယ်၊ ဘာတွေ ဆက်လုပ်ရမယ် စသဖြင့် မိုတီတွေ အတောင့်လိုက် ပေးတော့မယ်လို့ပေါ့…. ဘာပဲပြောပြော စိတ်ဓါတ်ကြံ့ခိုင်အောင် ဖတ်လိုက်ပါဦးမယ်ပေါ့….
ဒါပေမယ့် ဖတ်ရင်းနဲ့မှ… ထင်ထားသလို မဟုတ်ခဲ့ဘူး...အသက် (၃၀) စွန်းစွန်းပဲ ရှိသေးတဲ့ လူငယ် တစ်ယောက် ရေးတဲ့စာအုပ်က ငြိမ်းအေးတဲ့ တရားအကြောင်းတွေ ဖြစ်နေခဲ့တယ်….
စာအုပ်မှာပါတဲ့ ဒီအကြောင်းအရာတွေက သူ ထင်ရာမြင်ရာ ပြောတာတော့ မဟုတ်ဘူး… ဘဝတစ်လျှောက်လုံး သူသိခဲ့၊ လေ့ကျင့်ခဲ့၊ ကြားနာခဲ့ရတဲ့ အကြောင်းတွေကို အခြေခံပြီး ရှင်းပြထားတာ…. ဒါပေမယ့် သိပ်ကို ရိုးရှင်းပြီး ထိမိတယ်…လူငယ်တစ်ယောက်အနေနဲ့ သူ့ရဲ့အတွေးအခေါ်တွေ၊ အမြင်နဲ့ မျှဝေမှုတွေကို ကျွန်မ အားကျ၊ လေးစားမိတယ်….
ဒီစာအုပ်ကိုလေ ဖတ်လိုက်ရတဲ့ အချိန်မှာ ကျွန်မစိတ်တွေ အရမ်းပေါ့ပါးသွားတယ်… ပြောမယ်ဆိုရင်… Resilience ရသွားတယ် ပြောရမလား… ပြီးတော့ အသက် (၃၀) အရွယ် ကျွန်မအနေနဲ့ သိချင်နေတဲ့ မေးခွန်းတချို့ကို ဒီစာအုပ်ကနေ အဖြေရသွားတယ်…. လမ်းစရသွားတယ်…..
အကြိုက်ဆုံး စာသားတွေအများကြီးထဲက မှတ်ထားဖြစ်တဲ့ စာသားလေးကတော့
‘ကိုယ်ကြိုးစားတဲ့အခါ ကိုယ့်အတွက်ဆိုပြီး သိပ်မတွေးနဲ့
ကိုယ့်အတွက် တွေးတာများသွားရင် Selfish ဆန်သွားတယ်
လောကကို serve ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြိုးစားပါ.. ဒါဆိုရင် အဆင်မပြေတာနဲ့ ကြုံဦးတော့ စိတ်ဓါတ်မကျတော့ဘူး’
ကျွန်မလေ.. ဒီစာသားတွေတဲ့အချိန်မှာ ပျော်သွားတယ်…. ကျွန်မ Inner Happiness ကို ရှာတွေ့သွားသလိုမျိုးပါပဲ…..
ဒီစာအုပ်ကို နှစ်ရက်နဲ့ ဖတ်ဖြစ်ခဲ့ပြီး ဒီစာအုပ်ထဲက တချို့စာသားတွေဟာ ကျွန်မစိတ်ထဲ အသွေးထဲ အသားထဲမှာ စွဲနေပါတယ်…. စာအုပ်ထဲက တချို့အရာတွေကတော့ ဖွင့်လက်စ တံခါးတစ်ချပ်လို ဆက်ပြီး လေ့လာစရာတွေ ရှိပါသေးတယ်……
ဘာပဲ ဖြစ်ဖြစ် ဒီစာအုပ်ကို ဖတ်လိုက်ရတဲ့အတွက် ကျေနပ်မိတယ်…. ဘဝကို အဓိပ္ပါယ် ရှိရှိနဲ့ အကျိုးရှိရှိ ဖြတ်သန်းဖို့အတွက် အင်အားတွေရသွားတယ်၊ အရင်ထဲက ကိုယ် စိတ်ဝင်စားနေတဲ့ Mindfulness ကိုလည်း ပိုပြီး လေ့ကျင့်ဖြစ်မယ်လို့ ယုံကြည်တယ်….
ဒါ့ကြောင့်လည်း ရှေ့လျှောက် ဘယ်လိုအခက်အခဲတွေပဲ ကြုံပါစေ…. ခံနိုင်ရည် ရှိမယ်လို့ အားတွေရှိလာတယ်..
ဒီလို စာအုပ်မျိုးတွေ ထပ်ပြီး ဖတ်ချင်သေးလို့….. စာရေးသူရဲ့ နောက်ထပ် လက်ရာကောင်း၊ အတွေးအမြင်ကောင်းတွေကို မျှော်နေပါမယ်…..
#BookReviewByNoble
#Resilience
#ခံနိုင်ရည်စိတ်ဓါတ်
#အံ့ဘုန်းခန့်ကျော်
Keep Reading