Phoo Thitsar Nyo
"ဒီစာလေးဟာ မိန်းကလေး၊ ယောကျ်ားလေး
ခွဲခြားထားခြင်းမရှိပါဘူး..
ချစ်တတ်တဲ့သူတိုင်းအတွက်ဖြစ်ပါတယ်"
? ဘယ်သူ့ကို ထုတ်ပြလို့မရတဲ့အရာတွေကို
ထုတ်ပြခွင့်ရတာဟာ ချစ်ရသူဆီမှာဖြစ်ပါတယ်...
? ကိုယ့်ချစ်သူဟာ တခြားသူတွေနဲ့ဆို
လူကြီးဆန်ပြီး ကိုယ်နဲ့ဆို ကလေးဆန်တဲ့အခါ
စိတ်ပျက်မသွားဘဲ ပိုချစ်ပေးပါ...
မင်းဟာ သူ့အတွက် တခြားသူတွေနဲ့မတူလို့ပါ။
?ခဏခဏထွက်သွားမယ်လို့ ပြောတာဟာ
မင်းက သူ့ကိုဆွဲထားမယ်ဆိုတဲ့
ယုံကြည်ချက်လေးကြောင့်ပါ...
ဒါကြောင့် မင်းဘက်ကပဲ သူ့ကိုဆွဲထားရတယ်လို့
မတွေးပါနဲ့...
? အချစ်ဟာ အပြစ်မမြင်တာမဟုတ်ဘဲ
အဲ့ဒီအပြစ်တွေကို သည်းခံခွင့်လွှတ်ပေးခြင်း
ဖြစ်ပါတယ်... ဒါပေမဲ့ အရမ်းမဆိုးပါနဲ့။
? သူမကြိုက်တာတွေလုပ်ပြီး...
သူ့ရဲ့စိတ်ကိုနာကျင်စေခဲ့မိတဲ့အခါ
မင်း မှားမှားမှန်မှန် သူ့ကို တောင်းပန်ပါ
ဘာကြောင့်လဲဆို သူ့ကို နာကျင်စေမိတာလေး
တစ်ခုနဲ့တင် တောင်းပန်ဖို့လုံလောက်ခဲ့ပြီမလား...
? ပြဿနာတစ်ခုခုဖြစ်တဲ့အခါ
ရှောင်ထွက်မသွားပါနဲ့...
သူ ကျေနပ်လောက်တဲ့အဖြေ (သို့မဟုတ်)
သူ့မျက်နှာလေး ပြုံးလာတဲ့အထိ သေချာရှင်းပြပါ
≛ တချို့သော လမ်းခွဲခြင်းတွေဟာ
ပြဿနာကြီးကြီးမားမားကြောင့်မဟုတ်ဘဲ
ရင်ထဲမှာသိမ်းထားတဲ့ အသေးမွှားလေး
ပြဿနာလေးတွေကြောင့်ဖြစ်ပါတယ်
မိုးစက်လေးတွေဟာ တစ်စက်ချင်းဆို
သိပ်မသိသာပေမဲ့ များလာတဲ့အခါ
ရေအိုင်တစ်ခုဖြစ်သွားတတ်ပါတယ်...
? တချို့သော ကိစ္စတွေမှာ သူမမေးသည့်တိုင်
မင်းဘက်က အလိုက်တသိနဲ့ ပြောပြပေးပါ...
မင်းကို ဖွင့်ပြောဖို့သာ သူမကြိုးစားခဲ့တာပါ
သူ့ရင်ထဲမှာ ပြောချင်နေတဲ့စကားတွေအများရီးရှိတယ်။
? ချစ်ရသူ စိတ်အဆင်မပြေတဲ့အခါ
တစ်ယောက်တည်း မထားပါနဲ့...။
မင်းကြောင့် သူပိုဆိုးသွားမှာကြောက်လို့ဆိုတဲ့
ဆင်ခြေတွေ မသုံးပါနဲ့...
သူ့ဘက်က တစ်ယောက်တည်းနေချင်တယ်လို့
ပြောလာခဲ့ရင်တောင် သူအနားမှာ
မင်းရှိပေးနေမှာဖြစ်ကြောင်း ပြောပြပေးပါ။
ပင်ပန်းလာတဲ့အခါ ကိုယ့်ရင်ခွင်ထဲ
ခိုနားလို့ရကြောင်း ပြောပြပေးပါ...
ဖြစ်နိုင်ရင် ပွေ့ဖက်ထားပေးပါ။
တိတ်ဆိတ်မှုကို သူလိုအပ်သလို
နွေးထွေးမှုကိုလည်း သူလိုအပ်နေပါတယ်...။
? သူ့ကို တန်ဖိုးထားပါ။
သူ့ရဲ့အချစ်ကို တန်ဖိုးထားပါ။
မင်းကို သိပ်ချစ်လွန်းလို့ စျေးပေါပေးနေတာပါ
သူဟာ သိပ်တန်ဖိုးရှိပါတယ်...
ဒါကြောင့် နာကျင်အောင်မလုပ်ပါနဲ့။
? ချစ်ရသူကို သစ္စာရှိပေးပါ။
ဂရုစိုက်ကြင်နာပေးပါ။
အချိန်တွေ အများရီးပေးစရာမလိုပါဘူး
မင်းအားတဲ့အချိန်လေးတွေတော့
သူ့အနားရှိနေပေးပါ
? ချစ်ရသူတိုင်း လက်တွဲမြဲပါစေ ?
- ဖူးသစ္စာညို
(10.7.2024 Wednesday 2:50 p.m)
Keep Reading