Author's Profile Photo

Spirit

5/07/2024

2nd Generation of Computer ?️

1 min read
Education
General Knowledge
Programming

?️ First Generation တုန်းက အားနည်းချက်တွေကို ပြင်ဆင်နိုင်ဖို့အတွက် 2nd Generation အဖြစ်နဲ့ ဖန်တီးနိုင်ဖို့ 1950 နဲ့ 1960 ခုနှစ် ဝန်းကျင်တွေမှာ ကြိုးစားခဲ့ကြပါတယ်။ Vacuum tubes တွေအစား Transistor ကို ပြောင်းလဲ အသုံးပြုခဲ့ကြပါတယ်။ အဲ့ဒီလို ပြောင်လဲအသုံးပြုလိုက်ခြင်းကြောင့် ကွန်ပျူတာရဲ့အရွယ်အစားက ပိုပြီးသေးငယ်လာတယ်။ အသုံးပြုရလွယ်ကူခဲ့ပြီးတော့ Vacuum tubes တွေထပ်ပိုပြီး အပူနှုန်းတွေ သက်သာလာခဲ့ပါတယ်။ First Generation Computer ‌တွေနဲ့ယှဉ်လိုက်ရင် အရွယ်အစားက သေးငယ်လာတယ်ဆိုပေမဲ့ ဒီနေ့ခေတ်နဲ့ ယှဉ်လိုက်ရင်တော့ ကြီးနေဆဲပဲ ဖြစ်ပါတယ်။ သူ့ကို အစိုးရရုံးတွေ၊ တက္ကသိုလ်တွေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာအတွက် တွက်ချက်ပေးဖို့နဲ့ အချက်အလက်တွေ သိမ်းဆည်းဖို့ အဓိက အသုံးပြုတာ ဖြစ်ပါတယ်။

?️ Program တွေရေးတဲ့‌နေရာမှာ ပိုပြီးလွယ်ကူ‌စေဖို့အတွက်ဆိုရင် COBOL တို့လို Assembly Language ကို အသုံးပြုပါတယ်။ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက်ကတော့ Magnetic Core ကို သုံးပါတယ်။ ဒီလိုပြောင်းလဲအသုံးပြုခြင်းက နည်းပညာ တိုးတက်ပြောင်းလဲခြင်းရဲ့ အုတ်မြစ်ဖြစ်ပြီးတော့ ဒီနေ့ခေတ်အထိ စပ်ဆက်အသုံးပြုနေဆဲဖြစ်ပါတယ်။

?️ 2nd Generation ကို အသုံးပြုထားတဲ့ Computer တချို့ကတော့ IBM 1401, IBM 7090, UNIVAC 1107 စတာတွေပဲ ဖြစ်ပါတယ်။

2nd Generation ရဲ့ အားသာချက်တချို့ ?
- 1st Generation နဲ့ယှဉ်ရင် အရွယ်အစားသေးခြင်း၊
- စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ခြင်း၊
- 1st Generation ထပ်ပိုပြီး မြန်ဆန်ခြင်း၊
- တိကျလွယ်ကူပြီး သယ်ရပြုရလွယ်ကူခြင်း။

အားနည်းချက် ?
- စဉ်ဆက်မပြတ်စောင့်ကြည့် ထိန်းသိမ်းရခြင်း၊
- အပူနှုန်းလျော့ကျသွားပေမဲ့ အအေးခံစနစ် လိုအပ်နေသေးခြင်း၊
- စီးပွားရေးနဲ့ဆိုင်တဲ့ ထုတ်လုပ်မှုတွေအတွက် ခက်ခဲခြင်း၊
- တိကျသေချာတဲ့ရည်ရွယ်ချက်နဲ့ထုတ်လုပ်ထားတဲ့အတွက် နေရာတိုင်းမှာ အသုံးမပြုနိုင်ခြင်း၊

ဒီလောက်ဆိုရင်တော့ 2nd Generation အကြောင်းကို အနည်းငယ်လောက် သိပြီးကြပြီထင်ပါတယ်။ 1st Generation အကြောင်းကိုတော့ ဒီမှာဖတ်ပါ။

https://www.facebook.com/share/p/5e74FbqAzUqP5MVV/?mibextid=oFDknk

Reference
https://www.careerpower.in/school/computer/second-generation-computers

Facebook page
https://www.facebook.com/spiritforsoul?mibextid=ZbWKwL

Telegram Channel
https://t.me/spirit_for_you

#Spirit
#Spirit_for_you
#Knowledge_Sharing
#2nd_Generation
#cimputer

Keep Reading

Mindsetကလေးငယ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာမမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါတက်ညီလက်ညီ ပန်းတိုင်ဆီသို့◾ဝိုက်ချ မောက်ချ ဘာကြောင့် ခွဲရေးတာလဲ❓မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာFinance Vs Accountingလဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်