Author's Profile Photo

Leo(Nann)❤️

5/07/2024

အသက်ရှင်သန်ရခြင်းရဲ့ရည်ရွယ်ချက်

2 mins read
Life Style
Personal Development
General Knowledge
အသက်ရှင်သန်ရခြင်းရဲ့ရည်ရွယ်ချက်'s photo


လူ့ဘဝကြီးကနေတတ်ရင်ကျေနပ်စရာကောင်းပေမဲ့ လောကဓံရဲ့ရိုက်ခတ်မှုကတော့ရှိတတ်စမြဲပါဘဲ။

ငါဘာကြောင့်အသက်ရှင်လဲ။
အသက်ရှင်သန်ရတဲ့ရည်ရွယ်ချက်ကဘာလဲ။
ဒီလိုမေးခွန်းမျိုးတွေ ကိုယ့်ကိုကိုယ်မေးကြည့်ဖူးလား။
လူအများစုက စားဝတ်နေရေးအတွက်ရှင်သန်ရုန်းကန်နေရကြတယ်။
ရှင်သန်ရတဲ့ရည်ရွယ်ချက်က ဘာမှန်းမသိလောက်အောင် ခက်ခဲတဲ့ဘဝတွေထဲမှာနစ်နေကြတဲ့သူတွေလည်းအများကြီးရှိပါတယ်။
နေ့စဥ်နေ့တိုင်း အိပ်ယာထတယ်၊အလုပ်လုပ်တယ်၊အိပ်တယ်၊အိပ်ယာထတယ်၊အလုပ်သွားတယ်၊အိပ်တယ်။
ဒီလိုဘဲလည်ပတ်နေကြတာပါ။
တို့တွေဟာ ဘာကြောင့်ရှင်သန်နေတာလဲ။
မိသားစုအတွက်လား။
သူငယ်ချင်းတွေအတွက်လား။
ဝမ်းစာအတွက်ရှင်သန်နေရတာလား။

ရည်ရွယ်ချက်ကဘာလဲ။
ဘဝရဲ့အနှစ်သာရဆိုတာကဘာလဲ။

လူအများစုက ကိုယ်ချစ်တဲ့သူတွေအတွက်ရှင်သန်နေကြပါတယ်။နောက်ပြီး လူတွေဟာ သေမျိုးတွေဖြစ်တယ်။
ဒီအခါမှာ ချစ်ရတဲ့သူတွေကို ဆုံးရှုံးသွားခဲ့ရင်
ရှင်သန်ရတဲ့ရည်ရွယ်ချက်ကလည်း
ဝေဝါးသွားတတ်ပါတယ်။
ဒါကြောင့် ဘဝကို ကိုယ်ချစ်တဲ့သူတွေအတွက်သာရှင်သန်တာမဟုတ်ဘဲ ကိုယ့်အတွက်ကိုယ်လည်းရှင်သန်သင့်တာပေါ့။

ဒီခေတ်လူသားထုကြီးက ငွေနောက်ကိုအမှီပြေးလိုက်ကြရင်း
အချိန်ကုန်သွားမှန်းမသိ ဘဝကိုဖြတ်သန်းနေကြပါတယ်။
ရှင်သန်ခြင်းရဲ့အနှစ်အရသာကိုမခံစားမိကြပါဘူး။
လူ့သက်တမ်းဟာတိုတိုလေးပါ။ဒီအချိန်တိုလေးတွင်းမှာ အဓိပ္ပာယ်ရှိရှိနေထိုင်မသွားရရင်
လူဖြစ်ရကျိုးမနပ်ပါဘူး။

အသက်ရှင်နေစဥ်မှာလုပ်သင့်တဲ့အချက်၅ချက်

(1)အချိန်ကိုတန်ဖိုးရိှရှိအသုံးချ။
ကိုယ့်ကိုယ်ပိုင်အားလပ်ချိန်လေးတွေကို သဟဇာတမဖြစ်တဲ့သူတွေနဲ့အငြင်းပွားရင်း
အချိန်ကုန်စေမဲ့အစား ကိုယ့်အတွက်ပိုအကျိုးရှိတာတွေကိုလုပ်လိုက်ပါ။ စာဖတ်တာဘဲဖြစ်ဖြစ်၊တူရိယာတစ်ခုခုကိုတီးခတ်တာဖြစ်ဖြစ် ကိုယ့်ရဲ့ဝါသနာလေးတွေကို
နေရာပေးပါ။
ဒါမှမဟုတ် ဘာသာစကားတစ်ခုခုကို
လေ့လာလိုက်မယ်ဆိုလည်း သင့်ရဲ့အချိန်လေးတွေကတန်ဖိုးပိုရှိသွားမှာပါ။ဗဟုသုတတွေဆိုတာရှာဖွေလို့မဆုံးပါဘူး။
ဒါဟာလည်း လောကရဲ့အနှစ်သာရတစ်ခုပါ။

(2)သဘာဝလောကကြီးကိုခံစားပါ။
သင့်တစ်ဘဝလုံးကို အလုပ်ထဲမှာဘဲမြှုပ်ထားခဲ့လား။
အချစ်ရေးမှာဘဲ အနစ်ခံနေခဲ့လား။
ပြဿနာတွေကြားမှာဘဲ ရုံးမထွက်နိုင်ဖြစ်နေခဲ့လား။
သဘာဝတရားရဲ့အချိုးအဆစ်တွေကိုရော
တွေ့မြင်ဖူးပြီလား။
သဘာဝပတ်ဝန်းကျင်ကိုသတိမထားမိသေးဘူးဆိုရင်
သင်ဟာလောကရဲ့အလှတရားကို
မခံစားဖူးသေးတာသေချာပြီပေါ့။
အသက်ရှိစဥ်၊မသေခင်မှာတော့
သက်ရှိလောကရဲ့ အသံကိုနားထောင်သင့်ပါတယ်။
သင့်ပတ်ဝန်းကျင်ကို ခေတ္တမျှငြိမ်ပြီး
ငေးကြည့်ဖူးလား။ကျေးငှက်တို့ရဲ့တေးသီသံတွေကိုရောနားထောင်ဖြစ်ရဲ့လား။လိပ်ပြာလေးတွေကိုရောစောင့်ကြည့်ဖူးလား။ရေစက်ကျသံလေးတွေကိုရောနားထောင်ဖြစ်လား။တကယ်တော့ သင့်ဘေးမှာအရာရာကလှပနေပါတယ်။
သင်သာအာရုံစိုက်ကြည့်မယ်ဆိုရင် ဒီသေးငယ်တဲ့အလှတရားလေးကဘဲ
သင့်ရဲ့စိတ်ကိုအကြည်ဓာတ်ကလေးတိုးစေနိုင်ပါတယ်။
စိတ်ညစ်တဲ့အခါမှာလည်း သဘာဝတရားကြီးနဲ့ချိတ်ဆက်လိုက်မယ်ဆိုရင် သက်သာရာရနိုင်ပါတယ်။
ဒီနေရာမှာလူတချို့က "ငါတို့ဘေးမှာကားတွေဆိုင်ကယ်တွေဘဲရှိတာလေ၊ဘယ်လိုလုပ်သာယာမှာလဲ"လို့မေးခွန်းထုတ်နိုင်ပါတယ်။ဒါကတော့သင်တို့ရဲ့လိုအပ်ချက်ဖြစ်သွားပါပြီ။ သဘာဝနဲ့နီးကပ်အောင်ကြိုးစားကြည့်ရမှာကသင့်တာဝန်ပါ။ဥပမာအားဖြင့် ခရီးထွက်တာမျိုးပေါ့။

(3)အလှူအတန်းလုပ်ပါ။
ပေးကမ်းစွန့်ကြဲတတ်ခြင်းကလည်း
ရင်တွင်းကမေတ္တာဓာတ်ကိုတိုးစေပါတယ်။
သင်ဟာစိတ်ပါလက်ပါအလှူအတန်းလုပ်တဲ့အခါ ကောင်းမှုနဲ့အတူ သင့်စိတ်ကလေးကအေးချမ်းနေမှာပါ။
လှူတဲ့နေရာမှာတော့ သင့်စိတ်ကလာတဲ့စစ်မှန်တဲ့သဒ္ဒါဖြစ်ဖို့တော့လိုပါတယ်။
အလှူအတန်းတွေဟာလည်း လူဖြစ်ရတဲ့ရည်ရွယ်ချက်ကို ပြည့်စုံစေတဲ့အကြောင်းအရင်းတစ်ခုပါဘဲ။
ဗုဒ္ဓဘာသာဝင်များအတွက်ဆိုလျှင်လည်း
နောင်ဘဝအတွက်ကုသိုလ်ကံအထောက်အပံ့
ဖြစ်စေပါတယ်။
ဘုရားစကားကိုနားထောင်ခြင်းကလည်း
ဘဝရဲ့အနှစ်သာရတစ်မျိုးပါဘဲ။

(4)အကောင်းမြင်စိတ်ထားပါ။
"ငါ့မှာဘဲ ဒီလိုဒုက္ခတွေလာတွေ့နေရတယ်"လို့ဘဲ
မတွေးပါနဲ့။ သင်အသက်ရှင်နေသေးတယ်ဆိုရင်ဘဲ
မျှော်လင့်ချက်ရှိနေသေးတဲ့သဘောပါ။
အကောင်းမြင်စိတ်က ပြဿနာဖြေရှင်းတဲ့နေရာမှာ အထောက်အကူဖြစ်ပါတယ်။
အကောင်းမြင်စိတ် (positive attitude)လေးထားရှိခြင်းဟာ
အသက်ရှင်ရခြင်းကို ပိုမိုအဓိပ္ပာယ်ရှိလာစေမှာပါ။

(5)နောင်တမရပါစေနဲ့။
သင့်အတိတ်မှာနာကျင်စရာတွေရှိနေရင်ပြန်မတွေးပါနဲ့။"ဖြစ်ရလေခြင်း"
ဆိုပြီးနောင်တမရပါနဲ့။
သင်ဘာဘဲလုပ်လုပ် ချင့်ချိန်ပြီးလုပ်ပါ။
နောင်တတွေမရှိတဲ့ကမ္ဘာကအေးချမ်းပါတယ်။

ဒီလောက်ဆို အသက်ရှင်သန်ဖို့ခွန်အားတွေရှိလိမ့်မယ်လို့ထင်မြင်မိပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အတိုင်း
စာဖတ်သူလေးတို့လည်း ကိုယ့်ကိုကိုယ်
မေးခွန်းတွေပြန်မေးကြည့်ပါ။
အသက်ရှင်ရတဲ့ရည်ရွယ်ချက်ကို
သေချာမသိသေးရင် အခုကစပြီးရှာဖွေကြည့်ပါ။

အားလုံးကိုအစဥ်လေးစားလျှက်.....
Leo

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)