Author's Profile Photo

သုမိုး

3/07/2024

စာအုပ်ထဲက ရတနာ

1 min read
Education
Art
စာအုပ်ထဲက ရတနာ's photo

စာအုပ်တွေထဲမှာရှိတဲ့ အကြောင်းအရာတွေဟာ အံ့ဩစရာရတနာတွေပဲတဲ့။အဲဒီရတနာတွေကို တူးဖော်ယူတတ်ဖို့သာလိုသတဲ့။ကောင်းလိုက်လေ။ အဲဒီစကား အမှန်ပဲကွ။
မင်း ဆေးအတတ်သင်ချင်သလား။ စာအုပ်ထဲမှာ ရှိတယ်။ အင်ဂျင်နီယာ အတတ်သင်ချင်သလား။ စာအုပ်ထဲမှာ ရှိတယ်။စိတ်ရဲ့ငြိမ်းချမ်းခြင်းကို လိုချင်သလား။ စာအုပ်ထဲမှာ ရှိတယ်။ ကြီးပွားချမ်းသာချင်သလား။ စာအုပ်ထဲမှာ ရှိတယ်။ သဘာဝလောကအကြောင်းကို သိချင်သလား။ စာအုပ်ထဲမှာ ရှိတယ်။
မင်းလိုချင်တာတွေကို စာအုပ်ထဲမှာ တူးဖော်ယူလိုက်ရုံပဲ။
စာအုပ်ဟာ ရတနာတွေ စုဆောင်းထားတဲ့ ရတနာသေတ္တာကြီးနဲ့ တူတယ်။အဲဒီသေတ္တာကြီးကို ဉာဏ်သော့နဲ့ ဖွင့်ပေတော့။ ဖွင့်ရကောင်းမှန်းလဲမသိ။ ဖွင့်လည်းမဖွင့်တတ်ရင်တော့ ရတနာသိုက် ရှိမှန်းသိရက်နဲ့ တူးဖော်မယူတတ်တဲ့ ငတုံး၊ ငအ၊ ငညံ့၊ ငဖျင်း၊ အသုံးမကျတဲ့ လူ့ဗာလဖြစ်သွားလိမ့်မယ်။
မင်းက ခပ်ညံ့ညံ့ ငအတစ်ယောက်မှ မဟုတ်တာ။ ဒီတော့ စာအုပ်တွေထဲမှာရှိတဲ့ ရတနာတွေကို ရှာဖွေတူးဖော်ယူပေတော့။ မင်းလိုချင်တာရမှာ သေချာတယ်။စာအုပ်တွေထဲက ရတနာတွေကို တူးဖော်ယူတတ်သွားပြီဆိုရင်တော့ မင်း...ကြီးပွားတိုးတက် အောင်မြင်ကျော်ကြားတဲ့သူဖြစ်ပြီပေါ့။
ဆရာကောင်း
(ကောင်းသန့်၏ ချစ်သမီးသို့ပေးစာမှ)

Keep Reading

ဖိုမ ပညာပေး သင်ကြားရေးအိန္ဒိယပညာရေးအကြောင်း တစေ့တစောင်းကလေးငယ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာမမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)Student မဟုတ်တဲ့ ကျောင်းသားအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါတက်ညီလက်ညီ ပန်းတိုင်ဆီသို့Finance Vs AccountingMindset