Author's Profile Photo

မြ (စံကားဝါမြေ)

3/07/2024

အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ ဤ(၃)ချက်ကို လိုက်နာကြပါစို့။

2 mins read
Life Style
Education
18 Again
အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ ဤ(၃)ချက်ကို လိုက်နာကြပါစို့။'s photo

ဒီနေ့မှာတောာ့ မြရဲ့စာဖတ်သူလေးတွေ အောင်မြင်တဲ့သူဖြစ်ဖို့အတွက် မြပြောပြသွားမယ့် အချက်လေးတွေကို လိုက်နာကျင့်သုံးပြီး အနာဂတ်မှာ အောင်မြင်ကျော်ကြားသူများဖြစ်အောင် ကြိုးစားလိုက်ကြရအောင်လားရှင်။

အောင်မြင်တဲ့သူတစ်ယောက် ဖြစ်ချင်ရင် ဒီအချက်(၃)ချက်နဲ့ မိမိကိုယ်ကို တွန်းအားပေးနေဖို့လိုပါတယ်။ အဲဒီအချက်(၃)ချက်ကတော့..

(၁) တွေးတောခြင်း
(၂) ပြောဆိုခြင်း
(၃) လက်တွေ့လုပ်ဆောင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

(၁) တွေးတောခြင်း

"တွေးတောခြင်း"ဆိုတာကတော့....

◇ မိမိက ဘီလီယံနာသူဌေးကြီးဖြစ်ချင်တယ်။
◇ အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးပညာရှင်ကြီးဖြစ်ချင်တယ်။
◇ ပြည်သူပြည်သားတွေရဲ့ အသက်တွေကို ကယ်တင်ပေးမယ့် ဆရာဝန်ကြီး ဖြစ်ချင်တယ်။
◇ ပြည်သူတွေကို အိုးအိမ်တိုက်ခန်းတွေ ဆောက်ပေးမယ့် အင်ဂျင်နီယာကြီး ဖြစ်ချင်တယ်။
◇ နောင်လာနောက်သားများအတွက် စာရေးခြင်းဖြင့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာအမွေများ ချန်ထားခဲ့ချင်တယ်။

အဲလိုမျိုးပေါ့နော် မိမိရဲ့ ရည်မှန်းချက်လေးတွေကို အမြဲ တွေးတောပြီး ကိုယ့်ကိုကိုယ် ဒီထက်မက ပိုကြိုးစားချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာအောင် တိုက်တွန်းနှိုးဆော်နေဖို့လိုပါတယ်ရှင်။

ဥပမာ - မြဆိုရင် မြက ယခင်ကတော့ "Pilot"ဖြစ်ချင်တဲ့ ရည်မှန်းချက်တစ်ခုထဲပါ။ သို့သော် ယခု SarPhatကို သိရှိပြီးသွားတဲ့နောက်ပိုင်းမှာ တစ်ဘဝလုံးစာ ရည်မှန်းချက်တစ်ခု ထပ်မံတိုးလာပါတော့တယ်ရှင်။ အဲ့ဒီထပ်တိုးလာတဲ့ ရည်မှန်းချက်လေးကတော့ "မြက အသက်(၁၇)နှစ်ကနေ တစ်ဘဝလုံး စာတွေရေးသားပြီး နောင်လာနောက်သားလေးတွေ ဖတ်ရှုလေ့လာနိုင်စေရန် ပညာအမွေများ ချန်ထားခဲ့မယ်။" ဆိုတဲ့ ရည်ရွယ်ချက်လေးကို ဖြစ်ထွန်းအောင် ဖြည့်ဆည်းသွားမှာပါရှင်။ မြက ‌Pioltဖြစ်ချင်တဲ့အတွက် "ငါ Dubai & Qatarမှာရှိတဲ့ Emirates Airlines & Qatar Airwaysမှာ Cabin Crew (လေယာဉ်မယ်)ကနေ တစ်ဆင့်ပြီးတစ်ဆင့် Pilot(လေယာဉ်မှူး)ကြီးအထိ ဖြစ်ကို ဖြစ်ရမယ်။" ဆိုပြီး အမြဲတမ်းတွေးတော‌လေ့ရှိပါတယ်။

အဲ့လိုတွေးတောတဲ့အခါ ဘယ်အချိန်တွေမှာ ဘယ်လိုပုံစံမျိုးတွေးတောရမလဲဆိုတော့.....

ညအိပ်ရာဝင်တဲ့အခါ မအိပ်ခင် မျက်လုံးလေးမှိတ်ပြီး ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ကို Step by step ပုံဖော်ကြည့်ပါရှင်။ အဲ့တာလေးက မြကိုယ်တိုင် လုပ်နေကြပုံစံလေးပါ။ အဲ့လိုလုပ်ကြည့်ရင်းက တကယ်အောင်မြင်သွားတာလေးတစ်ခုကို ဥပမာပေးပါမယ်။

မြ ငယ်ငယ်လေးကတည်းက သာသနာ့နွယ်ဝင် သီလရှင်ကို တအားဝတ်ချင်ခဲ့တာပါ။ ပြီးတော့ လောကီပညာရော၊ လောကုတ္တရာပညာပါ သင်ယူလေ့လာပြီး ဗုဒ္ဓတက္ကသိုလ်တွေအထိ တက်ရောက်ချင်ခဲ့တာပါ။ အဲ့လိုမျိုး ဒုလ္လဘ ကိုရင်တို့၊ ဆရာလေးတို့ ဝတ်မယ်ဆိုရင်တောင်မှ ကိုယ့်မှာ ရှေးဘဝက ကုသိုလ်ကံပါမှသာလျှင် ဝတ်ခွင့်ရှိတာပါ။ မြဆို ငယ်ငယ်ကတည်းက ဝတ်ချင်တးခဲ့ပေမယ့် ယခု (2024) ဧပြီလတုန်းကမှ ဝတ်ခွင့်ကြုံလို့ ဆရာလေးဝတ်လိုက်ရပါတယ်ရှင်။ အဲ့တာကလည်း မြ အရင်တုန်းက ယခု ပြောနေတဲ့ တွေးတောပုံဖော်ခြင်းကို မပြုလုပ်ခဲ့လို့ ‌ဖြစ်မြောက်ဖို့ နှောင့်နှေးနေခဲ့တာလို့ ထင်ပါတယ်ရှင်။ မြ အခုနောက်ပိုင်း ညအိပ်ရာဝင်မှာ မြကိုယ်တိုင် ပုံဖော်ခြင်းနဲ့ အောင်မြင်မှုတွေကို ရယူနေပါတယ်ရှင်။

(၂) ပြောဆိုခြင်း

"ပြောဆိုခြင်း"ကတော့ မိမိကိုယ်ကို "ငါက ဆရာဝန်တစ်ယောက်ပဲ။ အင်ဂျင်နီယာကြီး ဖြစ်မှာ။ ငါက ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဘီလီယံနာ သူဌေးကြီးပဲကွ။" ဆိုပြီး ပါးစပ်ကနေလည်း ကိုယ့်ကိုကိုယ်အမြဲပြောနေပါ။ အဲ့လိုပြောနေခြင်းက ‌ကိုယ်လိုချင်တဲ့အရာကို အမြဲအမှတ်ရနေတာဖြစ်လို့ မဖြစ်ဖြစ်အောင် ကြိုးစားဖို့ ခွန်အားတွေ ရရှိလာကြမှာပါရှင်။

မြဆိုရင်လည်း အိမ်မှာ အမြဲပြောနေတာ "မီးမီးက လေယာဉ်မယ်ကနေ လေယာဉ်မှူကြီးအထိ လုပ်မှာ။ မီးမီး လေယာဉ်မယ်ဖြစ်ရင် ‌ဘွားဘွားနဲ့ မေမေတို့ကို မီးမီးကြိုက်တဲ့ မင်းသားဝမ်ရိပေါ်ဆီ လိုက်ပို့မှာ။ (ဟားဟား) ပြီးတော့ မီးမီးရဲ့ ပထမဦးဆုံးလစာကို ဘာလုပ်မယ်။ ဘာညာနဲ့ပေါ့။" ထမင်းစားရင်းလည်းပြော၊ ထိုင်နေလည်းပြော၊ ရေချိုးလည်းပြောနဲ့ ပြောပြောနေတော့ မေမေတို့က မြကို ရူးနေပြီတဲ့။ ? တကယ်တော့လည်း Crazy(ရူးသွပ်မှု)ဆိုတာလည်း လိုအပ်ပါတယ်။ ကိုယ်လုပ်ချင်တာ၊ ဖြစ်ချင်တာကို အရူးအမူးကို စွဲလန်းနေရပါမယ်။

ကဲ.... လာပါပြီဗျာ နောက်ဆုံးတစ်ချက်!!

(၃) လက်တွေ့လုပ်ဆောင်ခြင်း

ဒီအဆင့်ကတော့ မောင်မြင်မှုပန်း‌တိုင်တွေကို ဆွတ်ခူးဖို့အတွက် မိမိကိုယ်တိုင် ထ,လုပ်ရမယ့် အချက်လေးပါရှင်။ ဘယ်အရာမဆို မြအပေါ်က ပြောခဲ့တဲ့ တွေးတောပြီး ပြော‌ဆိုနေရုံနဲ့တော့ "ဟက်ချလောင်း ရော့၊ အင့်" ဆိုပြီး အောင်မြင်မှုကြီးက ကိုယ့်ရှေ့တည့်တည့်ကို ရောက်မလာနိုင်ပါဘူးရှင်။ မိမိရဲ့ စိတ်ခွန်အားရော၊ ကိုယ်ခွန်အားပါ ပေါင်းစပ်ပါဝင်မှသာလျှင် လက်တွေ့အောင်မြင်နိုင်ပါလိမ့်မယ်ရှင်။

အဲ့တာဆိုတော့ ပျင်းရိပြီး အချိန်ဆွဲမနေတော့ဘဲနဲ့ ယခုပဲ မြရဲ့ဆောင်းပါးလေးကို ဖတ်ရှုပြီးတော့ မိမိလိုချင်သော အောင်မြင်တဲ့ဘဝတွေ ပိုင်ဆိုင်ရဖို့ ခုချက်ချင်းပဲ စတင်ပြီး ကြိုးစားလိုက်ကြရအောင်....။

Fighting!!

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
3.7.2024(Wednesday)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတော်လ်စတွိုင်း နောက်ဆုံးနေ့ရက်များဘာလို့ မုန်းကြတာလဲဘဝမှာလိုအပ်တာ တစ်ခုပဲစိတ်ဓာတ်ကျနေတဲ့အခါပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါဆင်းရဲသားလေး ဂျက်လန်ဒန်ဟိုစပ်စပ်ဒီစပ်စပ်မလုပ်နဲ့ (၁)ဖတ်နိုင်သမျှ များများဖတ်ပေးပါမရိုးတရိုး