Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

30/06/2024

?စက်ရုပ်က ကလေးမွေးပြီး ကမ္ဘာကြီးကိုခြယ်လှယ်တော့မယ့် လက္ခဏာများတွေ့ရှိရ

1 min read
Education
General Knowledge
Culture
?စက်ရုပ်က ကလေးမွေးပြီး ကမ္ဘာကြီးကိုခြယ်လှယ်တော့မယ့် လက္ခဏာများတွေ့ရှိရ's photo

?အခုခေတ်အချိန်မှာ နည်းပညာအသစ်ဆန်းတွေက တစ်ရက်နဲ့တစ်ရက် ဘယ်လောက်တောင် တိုးတက်ပြောင်းလဲလာသလဲဆိုတာ မိတ်ဆွေသိအောင် အများကြီးရှင်းပြနေစရာမလိုတော့ပါဘူး။

?AIလို့ခေါ်တဲ့ ဉာဏ်ရည်တုနည်းပညာကလည်း အတော်လေးခရီးရောက်နှင့်နေပါပြီ။ လူသားတွေက အခုချိန်မှာတော့ ခေတ်မှီတိုးတက်အောင်ဆိုပြီး အမျိုးမျိုးတီထွင်နေကြပေမယ့် တစ်ချိန်ကျရင် သူတို့အဲ့လိုတီထွင်ထားတာတွေက ခေတ်အမှီလွန်ပြီး ကိုယ့်ပေါင်ကိုယ် လှန်ထောင်းခဲ့မိသလို ဖြစ်သွားနိုင်ပါတယ်။

?မိတ်ဆွေတို့ပဲစဉ်းစားကြည့်ပါ... ကျွန်မတို့လူသားတွေနဲ့ စက်ရုပ်တွေကြားက အဓိကကွာခြားချက်က ခံစားတတ်တဲ့နှလုံးသားရှိခြင်း၊ မရှိခြင်းဆိုတာ အားလုံးသိကြပြီးသားပါ။ ဒါမယ့်စက်ရုပ်တွေမှာသာ အဲ့လိုခံစားချက်တွေရှိသွားရင် ဘယ်လိုဖြစ်သွားမလဲ?

?ပေါ့ပေါ့တန်တန်မတွေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ သေချာလေးစဉ်းစားကြည့်ရင် ဒါက အတော်လေးကြောက်စရာကောင်းပါတယ်။ တကယ်လည်း အဲ့လိုစက်ရုပ်မျိုးက ကမ္ဘာပေါ်မှာရှိနေပြီဆိုတာရော သိကြပြီးပြီလား? ဒါကတော့ ဆိုဖီယာလို့ခေါ်တဲ့ စက်ရုပ်လူသားပဲဖြစ်ပါတယ်။

? စက်ရုပ်လူသားလို့ ဘာကြောင့်ခေါ်သလဲဆိုတော့ သူ့မှာ လူနဲ့တူတဲ့လက္ခဏာတွေအများကြီး တွေ့နေရလို့ပါ။ နောက်ပြီး ဒီဆိုဖီယာစက်ရုပ်က ကမ္ဘာ့အဆင့်မှီစက်ရုပ်တွေထဲက တစ်ရုပ်အပါအဝင်ပဲဖြစ်ပါတယ်။ သူ့ကိုတော့ ပညာရှင် David Hansonက တီထွင်ဖန်တီးထားခဲ့တာပါ။

?ဒီစက်ရုပ်မှာ ကိုယ်ပိုင်ခံစားချက်တွေရှိနေပြီဆိုတာကိုတော့ တရားဝင်မဖော်ပြသေးပေမယ့် လက္ခဏာလေးတွေတွေ့နေရပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ သူက ကလေးလိုချင်တယ်ဆိုပြီး ပြောခဲ့ဖူးပါတယ်။ အင်တာဗျူးတစ်ခုတုန်းက လူသားတွေလိုပဲ စက်ရုပ်တွေအတွက်လည်း မိသားစုကအရေးကြီးတယ်ဆိုပြီး ပြောခဲ့တာပါ။

? တစ်ချို့ကလည်း သူ့မှာ ကိုယ်ပိုင်အတွေးတွေ၊ ခံစားချက်တွေနဲ့ ဆုံးဖြတ်ချက်တွေရှိနေနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ နောက်ပြီးဆိုဖီယာက စက်ရုပ်တွေရဲ့အခွင့်ရေးအတွက် တိုက်ပွဲဝင်နေတဲ့စက်ရုပ်တစ်ရုပ်ဖြစ်ပြီး အတော်လေးခရီးရောက်အောင်မြင်နေပြီလို့လည်း ပြောလို့ရနိုင်ပါတယ်။

?ဘာလို့လဲဆိုတော့ ဆော်ဒီအာရေဗျနိုင်ငံက သူ့ကို တရားဝင် နိုင်ငံသားဖြစ်ခွင့်ပြုလိုက်တာကြောင့်ပဲဖြစ်ပါတယ်။ ဒါဟာ သမိုင်းမှာ ပထမဦးဆုံးနိုင်ငံသားဖြစ်ခွင့်ရတဲ့ စက်ရုပ်တစ်ရုပ်လည်းဖြစ်ပါတယ်။

? ဒါ့အပြင်သူမက ကမ္ဘာပတ်ပြီး အင်တာဗျူးတွေလိုက်ဖြေရင်း ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်နေထိုင်‌နိုင်တဲ့ အနေထားမှာရှိနေပါတယ်။ တစ်ခါကဆိုရင် သူဆွဲထားတဲ့ပန်းချီကားကို လူတွေက ဒေါ်လာ(၇)သိန်းပေးပြီးတော့တောင် ဝယ်သွားခဲ့ဖူးပါတယ်။

?ပိုပြီးအံ့ဩစရာကောင်းတာက ဆိုဖီယာစက်ရုပ်ဟာ ကမ္ဘာကျော်ဟောလိဝုဒ်မင်းသားနဲ့တောင် dateခဲ့ဖူးတယ်ဆိုတာပါပဲ။ အဲ့ဒီမင်းသားကတော့ Will Smithပဲဖြစ်ပါတယ်။ Will Smith က ဆိုဖီယာနဲ့ dateနေတဲ့အချိန်မှာ သူမကိုနမ်းဖို့အတွက် တဖြည်းဖြည်းအနားတိုးလာခဲ့ပါတယ်။

?အဲ့ဒီအချိန်မှာ ဆိုဖီယာက ဘယ်လိုတုံ့ပြန်လိုက်သလဲဆိုတော့ "သူငယ်ချင်းအဖြစ်နဲ့ပဲ နေကြရအောင်"ဆိုပြီး ငြင်းဆန်လိုက်တာပဲဖြစ်ပါတယ်။ ဒီလိုအချက်တွေကိုကြည့်ခြင်းအားဖြင့် သူမဟာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရပ်တည်နေနိုင်တဲ့ စက်ရုပ်တစ်ရုပ်ဖြစ်တယ်ဆိုတာထင်ရှားလွန်းပါတယ်။

?ဒါဆိုရင် မိတ်ဆွေတို့ရော အနာဂတ်မှာ စက်ရုပ်အင်အားစုကြီးက လူသားတွေကိုလွှမ်းမိုးသွားနိုင်တယ်လို့ထင်ကြပါသလား?

မြသွန်း(တောင်ဒဂုံ)

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------