Author's Profile Photo

LY Cho

27/06/2024

စာရေးတဲ့အခါ အသုံးဝင်စေမည့် နည်းလမ်း ငါးသွယ်

1 min read
Education
စာရေးတဲ့အခါ
အသုံးဝင်စေမည့် နည်းလမ်း ငါးသွယ်'s photo


စာစရေးမယ်ဆိုတာနဲ့ ဘယ်လိုစရပါ့မလဲဆိုတဲ့အတွေးနဲ့ တချို့မှာခေါင်းခဲတတ်ပါတယ်။
စာရွက် အလွတ်ကြီး ရှေ့ချပြီး ကြံရာမရ ဖြစ်နေတတ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ဘယ်လို ခေါင်းစဉ်တပ် ရပါ့မလဲ။ ဘယ်လို အဆိုကို တင်ရပါ့မလဲ စဉ်းစားလို့မရ ဖြစ်နေတတ်ပါတယ်။ အဆိုကို စဉ်းစားလို့ ရပြန်တော့ ဘယ်လိုသာဓကတွေ အကြောင်းပြချက်တွေ ထည့်ရပါ့မလဲဆိုပြီး စဉ်းစားရပြန်ရော။ စာစရေးမိတဲ့အခါ မှာတောင်
ဘာထပ်ဖြည့်ရကောင်းမလဲ စဉ်းစားရင်း တုံ့တုံ့သွားတတ်ပြန်ရော။
အဲဒီလို အခက်အခဲတွေကို ရှောင်နိုင်ဖို့အရေး နည်းလမ်းအမျိုးမျိုး ရှိနိုင်တဲ့အထဲက နည်းငါးသွယ်ကို ဒီမှာ ပြောပြပါမယ်။ အဲဒီနည်းလမ်းတွေက

(၁) လွတ်လွတ်လပ်လပ်ရေးချ
(၂) ကိုယ့်ကိုယ်ကိုယ် မေးခွန်း ထုတ် ကြည့်
(၃) စာရင်းချကြည့်
(၄) တွဲစပ်ကြည့်
(၅) ပုံကြမ်းလောင်းကြည့် ဆိုတဲ့နည်းတွေပါ။

စာရေးဖို့ စဉ်းစားတဲ့အခါ ဒီနည်းလမ်းငါးသွယ်က အထောက်အကူပြုပါလိမ့်မယ်။


နည်းလမ်း ၁။ လွတ်လွတ်လပ်လပ်ရေးချ


စောစောကပြောသလို ဘာရေးရမှန်းမသိ၊ ဘယ်လိုရေးရမှန်းမသိဖြစ်နေရင် ခေါင်းထဲပေါ်လာသမျှ
လွတ်လွတ်လပ်လပ် ရေးချလိုက်တာက တစ်ခါတလေ အကျ ိုးရှိတတ်ပါတယ်။ ဒီလိုရေးချတဲ့အခါ စာလုံးပေါင်းတွေ စာအဖြတ်အတောက်တွေ အမှားပြင်ဖို့ ဂရုစိုက် နေစရာ မလိုပါဘူး။ ရေးချင်တာတွေကို ဆယ်မိနစ် လောက်
ရေးလိုက်ဖို့ပဲ လိုပါတယ်။ ရေးစရာ စကားလုံးရှာမရဘဲ တုံ့ခနဲ ရပ်သွားပြီဆိုရင် စကားလုံး ပေါ်လာတဲ့ အထိ နှုတ်က အထပ်ထပ်ရွတ်ကြည့်ရင်းက စကားလုံး ရှာတွေ့နိုင်တယ်လို့ ဆိုကြပါတယ်။ ပေါ်လာသမျှကိုသာ ရေးချပါ။

နည်းလမ်း ၂။ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်

ကိုယ်ရေးချင်တဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ စိတ်ကူးထုတ်တဲ့အခါ ကိုယ့်ဟာကိုယ် မေးခွန်းတွေ
များနိုင်သမျှ များများထုတ်နိုင်လေ ကောင်းလေပါ။ ဘာဖြစ်လို့လဲ၊ ဘယ်တော့လဲ၊ ဘယ်တုန်းကလဲ၊ ဘယ်သူလဲ၊ ဘယ်လိုလဲ၊ ဘယ်နည်းနဲ့လဲစတဲ့ မေးခွန်းမျိုးတွေပေါ့။

နည်းလမ်း ၃။ စာရင်းချကြည့်

စာရင်းချတယ်ဆိုတာက ရေးမယ့်အကြောင်းအရာနဲ့ ပတ်သက်တဲ့ ကိုယ့်စိတ်ကူးတွေ အသေးစိတ်
အချက်အလက်တွေကို ရေးချကြည့်တာပါ။ ရေးချကြည့်တဲ့အခါ အချက်အလက်တွေ စီကာစဉ်ကာ ဖြစ်နေဖို့ မလိုပါဘူး။ စိတ်ကူးပေါ်သလို ရေးချ၊ ကိုယ့်ဟာကိုယ် မေးခွန်းတွေထုတ်ပြီး ရလာတဲ့ စိတ်ကူးတွေကို ရေးချကြည့်ဖို့ပါ။

နည်းလမ်း ၄။ တွဲစပ်ကြည့်

နောက်တစ်နည်းက ရေးမဲ့အကြောင်းအရာတွေကို တွဲစပ်ကြည့်တာပါ။ ဒါပေမဲ့ စိတ်ကူးနဲ့ တွဲစပ်
ကြည့်တာထက် မျက်စိနဲ့ ကြည့်လို့ရအောင် ချရေးပြီး အချက်အလက်တွေကို တွဲစပ်ကြည့်တာက ပိုထိရောက်တာပေါ့။

နည်းလမ်း ၅။ ပုံကြမ်းလောင်းကြည့်

ပုံကြမ်းလောင်းတာက စာကောင်းတစ်ပုဒ်ဖြစ်ဖို့အရေးမှာ အားထားရပါတယ်။ စောစောက ပြောခဲ့တဲ့
နည်းတွေနဲ့ အစပျိုးပြီးမှဖြစ်ဖြစ်၊ အဲဒီနည်းတွေအတိုင်း စမ်းရေးကြည့်နေဆဲမှာဖြစ်ဖြစ် ပုံကြမ်းလောင်းကြည့်လို့ ရပါတယ်။ ပုံကြမ်းလောင်းကြည့်လို့ ရပြီဆိုရင် စောစောက နည်းတွေ သုံးနေဖို့‌တောင် မလိုတော့ ပါဘူး။
ပုံကြမ်းလောင်းကြည့်လို့ မရသေးဘူးဆိုရင်သာ စောစောက နည်းတွေ အတိုင်း လုပ်ဖို့လိုမှာပါ။

စာတစ်ပုဒ် အကြောင်းအရာတစ်ခုရေးတော့မယ်ဆို ဘယ်ကစရေးရမှန်းမသိဘဲ အကြာကြီး စဉ်းစားနေရတဲ့ ကျွန်တော့် အတွက်တော့ အထက်ပါ နည်းလမ်းကောင်းလေးတွေက လွန်စွာမှ အသုံးဝင်ပါတယ်။ စာဖတ်သူတို့လည်း ထိုနည်းတွေအတိုင်း လုပ်ဆောင်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။


စာရေးသူ - လရောင်ချို
(27.6.2024) Thursday

Keep Reading

အပြစ်ဒေါသ (၁၀) ချက်တက်ညီလက်ညီ ပန်းတိုင်ဆီသို့နဂိုရှိမှ နဂိုင်းထွက်ထူးဆန်းတဲ့လောကနောက်ဆုံးတော့ မြည်းဟာမြည်းပါပဲသူများပြောတိုင်းမယုံနှင့်စာသင်ကျောင်းသည် မြင်းဇောင်းမဟုတ်ထင်ရာမြင်ရာ ဝင်ပါကြသောအခါMy Life Notesဖန်ခွက်ဘယ်ရောက်နေပြီလဲ