Author's Profile Photo

SarPhat Author

22/06/2024

တွေဝေမှုတွေဆီကလွှတ်မြောက်ဖို့

1 min read
Education
General Knowledge
Finance
တွေဝေမှုတွေဆီကလွှတ်မြောက်ဖို့'s photo

ခုချိန်မှာကျွန်မတို့လိုဆယ်‌ကျော်သက်အရွယ်တွေက တွေဝေမှုတေများနေတဲ့အချိန်တစ်ခုပဲဖြစ်ပါတယ်။?

ဒီလိုအချိန်မှာလုပ်နေရင်းအလုပ်ကိုဆက်လုပ်ရမလား ၊ရပ်တန့်လိုက်ရမလား၊ကိုယ်လုပ်နေတဲ့အလုပ်ကမှန်ရဲ့လားဆိုတာမျိုးဖြစ်နေတက်ကြပါတယ်။??

တကယ်တမ်းဒီလိုတွေဝေမှူတွေရဲ့နောက်ကွယ်မှာလည်းအကြောင်းအရင်းများစွာကရှိနေပါသေးတယ်။

အိမ်ကကိုယ်ဆက်လုပ်မယ့်အလုပ်ကိုပံ့ပိုးပေးနိုင်ပ့မလားဆိုတဲ့စိတ်ကြောင့်လည်းဖြစ်နိုင်သလို လုပ်နေတဲ့အလုပ်‌ကိုသေချာပိုင်နိုင်မှုမရှိတာကြောင့်လည်းဖြစ်တက်ပါတယ်။လူငယ်‌ေတွဟာ ပြသနာအမျိူးမျိုးကြုံတွေ့နေကြရပါတယ်။

တချို့တွေမှာတော့ အိမ်ကပံ့ပိုးမပေးနိုင်လို့ အဆင်မပြေတာရယ်တစ်ကြောင်း၊ဘာလုပ်လုပ်‌ေအာင်မြင်မှုမရရှိတာ‌တွေကြောင့် မလုပ်နိုင်သည့် အရာများနှင့်စိတ်ဓာတ်ကျနေရတက်ပါတယ်။

ဒါ‌ေတွကြောင့်ကိုယ်မလုပ်နိုင်လို့ဆိုပြီးတော့လည်း စိတ်ဓာတ်ကျမနေပဲ လုပ်နေတဲ့အရာကို တိကျပိုင်နိုင်အောင်လုပ်ပြီး ရှေ့ဆက်နေပါ။တစ်ချိန်ချိန်မှာ အခွင့်အရေးဆိုတာကိုယ့်အရှေ့မှာပေါ်လာမှာပဲမို့ ကိုယ့်ဘက်ကသာပြည့်စုံအောင်ဖြည့်ထားဖို့လိုအပ်ပါတယ်။

အခွင့်အလမ်းတွေကိုဘယ်လိုရှာမလဲ⁉️?

နည်းပညာလေ့လာရှာဖွေစုဆောင်းလိုသူ လူငယ်များ၊ အတတ်ပညာတစ်ခုကိုအလွယ်တကူ သင်ယူလိုများနှင့် တက္ကသိုလ် ဘွဲ့ ၊Diploma အတွက် စာတမ်းပြုစုသူများအတွက်တော့ Internet သည် အရေးပါသောအရာထဲမှတစ်ခုဖြစ်ပြီး internet ဖွင့်ကာ Search engine တွင်အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်မည်ဖြစ်သည်။

၁။သတင်းအချက်အလက်ရှာဖွေစုဆောင်းရန်...
၂။နည်းပညာများလေ့လာရန်
၃။ဗဟုသုတစာပေများ ဖတ်ရန်
၄။ကျောင်းတွင်း၌မရှိနိုင်သော လက်တွေ့စမ်းသမ်းချက်များရှာဖွေတွေ့ရှိမှုများကိုဖော်ထုတ် လေ့လာရန်....
၅။ မိမိဝါသနာပါရာ စိတ်ဝင်စားရာ လိုင်းတစ်လိုင်းအား ကျွမ်းကျင်သူအဆင့်အထိရောက်ရှိဖို့ လေ့လာရန်
၆။ အသစ်အသစ်သော သီအိုရီနှင့်တွေ့ ရှိချက်များ ရယူနိုင်ရန်
၇။ မိမိပညာရေးနှင့်ပတ်သက်သော သတင်းများ၊ ပြောင်းလဲမှုများကို သိရှိရန်...
အထက်ပါအချက်အလက်တွေမှာ ထိထိရောက်ရောက် အသုံးပြု့နိုင်မည်ဆိုလျှင် internet သည် ပညာရေးအတွက် အများကြီးအထောက်အကူဖြစ်လာမှာပါ။
နိုင်ငံတကာ scholarship တွေလည်းပေါများတဲ့အတွက်လိုအပ်တဲ့အရည်အချင်းတွေကိုပြည့်အောင်ဖြည့်ပြီး ကိုယ်က အင်တာနက်ပေါ်မှာအမြဲတမ်းရှာဖွေနေဖို့ပဲလိုတာပါ။

ဒါကြောင့်တွေဝေမနေပဲဆက်ကြိုးစားပါ။ကြိုးစားရင်ကြိုးစားသလောက် ထိုက်တန်တဲ့ အကျိုးရလဒ်ရှိလာမှာပါ..။

#Hnaung
21.6.2024

Keep Reading

ကလေးငယ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာမမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)"Pronunciation ကို စနစ်တကျ လေ့ကျင့်ကြမယ်"ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါတက်ညီလက်ညီ ပန်းတိုင်ဆီသို့◾ဝိုက်ချ မောက်ချ ဘာကြောင့် ခွဲရေးတာလဲ❓မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာအရင်ကတော့.... ဒါပေမဲ့ အခုတော့ (Book Review)Finance Vs Accountingလဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့