အက္ခရာ - Haruki
ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းကျကျေနပ်ပျော်ရွှင်နေဖိုဆိုတာ သဘောထားမှန်ဖိုက အရေးကြီးဆုံးပါပဲ။ ပျော်ရွှင်တတ်တဲ့သူတစ်ယောက်အဖို ပစ္စည်းဥစ္စာများများစားစားမလိုပါဘူး။ စိတ်ချမ်းသာချင်ရင် အရင်ဆုံး စိတ်ထားလေးမှန်ဖို လိုပါတယ်။
စိတ်ထားမှန်ဖိုအတွက် ကိုယ့်အတွေးတွေကို ဂရုစိုက်ပေးဖို လိုပါတယ်။ စိတ်ချမ်းသာတဲ့သူတစ်ယောက်ဖြစ်ဖိုအတွက် ဆိုရင် အခုကျွန်တော်ပြောပြပေးမယ့် အတွေးလေးတွေက စာဖတ်သူလေးရဲ့ နေ့စဉ်ဘဝထဲမှာ ပါသင့်ပါတယ်ခင်ဗျာ။
စိတ်ချမ်းသာတဲ့သူတစ်ယောက်ဖြစ်ဖို့ အမြဲမှတ်ထားရမယ့်အတွေးလေးများ
? - ပြီးခဲ့တာတွေ မေ့တတ်ပါစေ
ပျော်ရွှင်ဖို့အတွက် သော့ချက်တစ်ခုက မှတ်ဉာဏ်ဆိုးတွေချန်မထားတာပါပဲ။ ပျော်စရာကောင်းတဲ့ ၊ စိတ်ဆင်းရဲစရာအတိတ်တွေအကြောင်း တွေးနေမိရင် ဘယ်လိုမှ ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။
အတိတ်ဆိုတာ ပျော်စရာနည်းနည်း၊ နောင်တရစရာနဲ့ စိတ်မကောင်းဖြစ်စရာတွေကများများ ပုံစံခတ်ထားတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာပျော်ဖို့ဆို အခုချိန်လေးမှာပဲ နေတဲ့အကျင့်မွေးထားပါ။
❣️- ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတတ်ပါ
ဂရိသမိုင်းပညာရှင် သုဆိုက်ဒီးဒက်စ်က ပြောဖူးပါတယ်။ “ပျော်ရွှင်ဖို့ လျှို့ဝှက်ချက်က လွတ်လပ်မှုပါပဲ။ လွတ်လပ်မှုရဲ့ လျှို့ဝှက်ချက်က သတ္တိဖြစ်ပါတယ်” တဲ့။ ပျော်ချင်ရင် ကိုယ့်ဘာသာရပ်တည်နိုင်တဲ့ အစွမ်းလိုပါတယ်။
ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ ဘယ်သူ့ပေါ်မှ မမှီခိုသင့်ပါဘူး။ ကိုယ်ပျော်ဖို့ ကိုယ်တိုင်ရွေးပါ။ ကိုယ့်ပျော်ရွှင်ချမ်းသာမှုဟာ ကိုယ့်ရဲ့ တာဝန်ပဲ ဖြစ်ဖို့ လိုပါတယ်။
? - လူတွေနဲ့ ခင်မင်တဲ့ ဆက်သွယ်ရေး တည်ဆောက်ပါ
ခင်မင်ရင်းနှီးခြင်းက ဘဝရဲ့ လမ်းကြောင်းတွေကို ပိုပြီးပျော်ရွှင်ချမ်းမြေ့စွာလျှောက်လှမ်းနိုင်ဖို့ အကြောင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ရင်းနှီးမှုနဲ့ ခင်မင်ခြင်းဆိုတဲ့ သံယောဇဉ်ထုံးဖွဲ့မှုတွေဟာ ကြည်နူးစရာကောင်းပြီး စိတ်ချမ်းသာတဲ့ လူ့အသိုင်းအဝိုင်းတစ်ခု ပေါ်ပေါက်စေတာကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် ပျော်ချင်တယ်ဆိုရင် မိတ်ဆွေဖွဲ့ပါ။ လူတွေနဲ့ ခင်ခင်မင်မင် နေထိုင်ပါ။
? - ကိုယ့်မှာရှိတဲ့ လက်ဆောင်ကောင်းတွေကို တန်ဖိုးထားပါ
ကိုယ့်မှာရှိပြီးသားအရာတွေကို ကျေနပ်ပျော်ရွှင်မှုမရှိတဲ့သူတွေဆီကို ပျော်ရွှင်မှုက ဘယ်တော့မှအရောက်လာမှာမဟုတ်ပါဘူး။ ကျေးဇူးတင်တတ်မှသာ ပျော်ရွှင်ဖို့ ပိုပြီးလွယ်ကူစေတာဖြစ်ပါတယ်။
တစ်ခါတလေ ကိုယ့်မှာရှိထားတဲ့ ကောင်းမွန်တဲ့အရာတွေကို ကျေးဇူးတင်ဖို့ မေ့နေတာကြောင့် မပျော်မရွှင်ဖြစ်ရတာ ရှိပါတယ်။ ဒီလို ဖြစ်တတ်တာကြောင့် မပျော်နိုင်တဲ့အချိန်မျိုးမှာ ကိုယ့်မှာ ရှိတဲ့ ချီးကျူးစရာကောင်းတဲ့အချက်လေးတွေပြန်စဉ်းစားကြည့်ပေးဖို့ လိုပါ တယ်။
? - ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲကြည့်ပါ
ပျော်ရွှင်ချင်ရင် ကိုယ့်ကိုမပျော်မရွှင်ဖြစ်စေတဲ့ အကျင့်ဆိုးတွေဖျောက်ပစ်ပါ။ ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင်ပြောင်းလဲပါ။ လူတစ်ယောက်ပျော်ရွှင်ဖို့အတွက် အရေးကြီးဆုံးအရာက ကိုယ့်ကိုမပျော်အောင် ပိတ်လှောင်ထားတဲ့ဘောင်တွေထဲကနေ ခွဲထွက်ပြီး အမြင်သစ်၊ အသွင်သစ်နဲ့ ရှေ့ဆက်ဖို့ဆိုတဲ့ အချက်ပါပဲ။
ဒီအချက်လေးတွေကို နေ့စဉ်ဘဝမှာ ကျင့်သုံးသွားမယ်ဆိုရင် ပိုပြီးပျော်တဲ့သူတစ်ယောက် ဖြစ်လာနိုင်ပါတယ်ခင်ဗျာ။
? - https://t.me/Life_Explored_Channel
Keep Reading