Reviews by Benevolent
ဒီဝတ္ထုကို မြန်မာတိုင်းသိသင့်တယ်လို့မြင်ပြီး ဖတ်ပြီးသဘောကျတာထက် အသည်းယားတဲ့ ခံစားမှုမျိုးကိုလည်း ပေးတယ်။ဂျော့ဂ်ျအော်ဝဲလ်(GeorgeOrwell )အစဉ်အတိုင်း အရေးအသားလှပစွာရေးထားတာကို ခံစားရမယ့် စာအုပ်လို့လည်း ပြောနိုင်တယ်။မူရင်းစာရေးသူက သိကြတဲ့အတိုင်း Animal Farm နဲ့ 1984 ကိုရေးခဲ့တဲ့ ကမ္ဘာကျော် စာရေးသူပဲဖြစ်ပါတယ်။ဒေလီမှ မြန်မာနိုင်ငံကို ဗြိတိသျှအိန္ဒိယ တစ်စိတ်တစ်ပိုင်းအဖြစ် ဒေလီမှ အုပ်စိုးစဉ်ကာလ ၊ဝတ္ထုက မြန်မာပြည်အမှောင်ခြမ်း ပုံတူ တစ်ခုလို့သာဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံ ကိုလိုနီပြုရေးနှင့်ပတ်သက်ပြီး စွဲမက်ဖွယ်ကောင်းတဲ့ ထိုးထွင်းသိမြင်မှုတစ်ခု ထည့်သွင်းထားတဲ့ ဒီဝတ္ထုကို ဆရာကြီးမောင်မြင့်ကြွယ်က ပြေပြေပြစ်ပြစ်နဲ့ဘာသာပြန်ပေးထားတာက စာဖတ်သူတိုင်း ဖတ်ရတာအဆင်ပြေစေတယ်။
လူမျိုးရေးခွဲခြားမှုအပါအဝင် ဒီဝတ္ထုထဲက ဇာတ်ကောင်တိုင်းက ပွင့်လင်းမြင်သာမှုမရှိတဲ့ ခေတ်ရဲ့ သရုပ်အမှန်တွေပါပဲ။ဇာတ်ကောင်များက အလွန်စာနာစိတ်မရှိဘူး၊ စိတ်တမျိုး ဒါမှမဟုတ် စိတ်နှစ်မျိုးရှိတဲ့လူသားအဖြစ် ကောင်းစွာ ပုံဖော်ထားတယ်။ ဇာတ်ကွက်က ခပ်သွက်သွက် ရွေ့လျားပြီး အလွန်ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်အဖြစ် ပေးတယ်။ကိုလိုနီစနစ်၊ အနိုင်ကျင့်မှုစနစ်အောက်တွင် လူတိုင်းအတွက် အဆိုးဆုံးတွေ ထွက်လာစေတယ်။ ဇာတ်ကောင်များဖြင့် နယ်ချဲ့လောကအတွင်း လူသားတို့ အခန်းကဏ္ဍကို ပုံဖော်ထားတယ်။
ဇာတ်အိမ်တည်ထားတဲ့မြို့ကတော့
George Orwell တာဝန်ကျဖူးတဲ့ ကသာမြို့လို့
ပြောကြ ပေမယ့်ဝတ္ထုထဲမှာတော့ ကျောက်တံတားမြို့လို့ပဲ ရေးထားပါတယ်။ လူဖြူ သစ်ကုန်သည် ဂျွန်ဖလိုရီတစ်ယောက် အိန္ဒိယမှ ဒေါက်တာ ဘာရာဆွာမိ နှင့် မိတ်ဖွဲ့တဲ့အခါ လူဖြူတွေလက်ခံထားတဲ့ထုံးတမ်းအစဉ်လာကို ဖီဆန်တတ်လာတယ်။ ဘော်ရှီဗစ်အယူအဆကို လက်ကိုင်ထားသူ ဂျွန်ဖလိုရီ ၊တချို့စကားပြောခန်းတွေက မူရင်းစာရေးဆရာ George Orwell ရဲ့ အငွေ့အသက် တွေတွေ့ရတယ်၊ ဥပမာ ဆင်တစ်ကောင်ကို ဘယ်လို ပစ်သတ်ခဲ့တယ်ဆိုတာမျိုးတွေပေါ့။Shooting an elephant အက်ဆေးကို သွားသတိရမိတယ်။ဇာတ်လမ်း အလယ်ဗဟိုတွင် ဂျွန်ဖလိုရီ ပျက်စီးယိုယွင်းနေတဲ့ စနစ်ကြီးတစ်ခုအတွင်း ပိတ်မိနေတဲ့ လူသားတစ်ဦး ဒါမှမဟုတ် ချို့တဲ့သူတစ်ဦးပုံစံဖြစ်လာတယ်။အထီးကျန်မှုနှင့် ကိုလိုနီဘဝ၊ မုသားများနှင့်နစ်မွန်းနေချိန် လှပတဲ့ အဲလစ်ဇဘက် ဆိုတဲ့ မိန်းကလေး ပါရီမှ ရောက်ရှိလာခြင်းကြောင့် ဖလိုရီဘဝ ပိုမိုပြောင်းလဲသွားခဲ့တယ်။အပျော်မယား မလှမေ နဲ့ အဲလစ်ဇဘက် တို့ ဂျွန်ဖလိုရီရှေ့ ထိပ်တိုက်တွေ့တဲ့အခါ ... အချစ်ကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုကြမလဲ ဆိုတာ ဖတ်ကြည့်ပါ။
ဖြောင့်မတ်သူ ဒေါက်တာ ဘာရာဆွာမိ ၊မျက်နှာဖြူများထက်ပိုကောင်းတဲ့လူလို့ အထင်ခံရတဲ့ လူမည်း တစ်ယောက် ၊ သစ္စာရှိတဲ့ မိတ်ဆွေ တစ်ယောက်ဆိုလည်း မမှားဘူး။ဗြိတိသျှ လူဖြူတွေရဲ့ ယုတ်ညံ့တဲ့စိတ်ဓာတ်ဖြစ်တဲ့ လူမည်းတွေကို ကျွန်တွေအဖြစ် နာမ်နိမ့်ထားခြင်းတွေ ကို အုပ်စိုးခံရတဲ့ ဘာရာဆွာမိ ဇာတ်ကောင်နဲ့ ပတ်ဝန်းကျင်ကို လိုက်ပြထားတယ်။အဓိကဇာတ်ကောင် အင်္ဂလိပ်သစ်ကုန်သည် ဂျွန်ဖလိုရီ ၊ မြန်မာ အိန္ဒိယဆရာဝန် ဒေါက်တာ ဘာရာဆွာမိ ၊ သူတို့နှစ်ဦး လူနာတစ်ယောက်လိုဖြစ်လာတဲ့အင်္ဂလိပ်အင်ပါယာ အကြောင်းမကြာခဏ နိုင်ငံရေးဆွေးနွေးမှုများလုပ်ကြချိန် မတူညီတဲ့အငြင်းပွားမှုများက မှတ်သားစရာ၊ ကွဲပြားတဲ့အသိမျိုးရလိမ့်မယ်။ တစ်ဖက်သားထင်မြင်ယူဆချက်ကို ပြောင်းလဲရန် တော့ မဆွဲဆောင်နိုင်ကြပါဘူး။ဇာတ်လမ်းတွင် အများစုက ဆွေးနွေးမှုနဲ့သာ အချိန်ကုန်ထားတယ်။။ စကားဝိုင်းရှိ အမြင်တွေးထင်ပုံက ဇာတ်ကောင်နှစ်ဦး နောက်ခံနှင့် တွေးခေါ်ပုံတို့ကို ပိုမိုထိုးထွင်းသိမြင်စေရန်သာပြတယ်။
ဒီဝတ္ထုရဲ့ ဇာတ်လိုက်ကျော်က ရာဇဝတ်တရားသူကြီး ဦးဖိုးကြင်၊မိကျောင်းလို ယုတ်မာမှုနဲ့တူတဲ့ ဦးဖိုးကြင်၊ မျက်နှာလိုမျက်နှာရလုပ်ပြီး ဂုဏ်ဝါ မြင့်မားဖို့အတွက် သာလုပ်တတ်သူ ၊ အာဏာငွေကြေးရှိရင် ဘာလုပ်လုပ် ၊ ဘယ်သူကို ပျက်စီး ပျက်စီး တယ်တင့်တယ်ဆိုတဲ့ တလွဲ logic ကို ဒီမြေမှာ မျိုးစေ့ချပေးခဲ့သလားထင်မိတယ်။ သူ့အကျင့်ပျက်သလို အခြားသူလည်း ပျက်စေချင်တယ်။လာဘ်မစားတဲ့လူက သူအတွက် အနှောင့်အရှက်ကြီးဖြစ်စေတယ်။ဉာဏ်မမီသူ လုပ်ရပ်လို့မြင်တယ်။ချမ်းသာဖို့ ဂုဏ်ဒြပ်မြင့်မားလာဖို့ လူတကာအပေါ် အကွက်ချ မတရားဉပဒေများဖြင့် knocknot လုပ်တတ်တာက ဦးဖိုးကြင်ရဲ့ အရိပ်ပါပဲ။အမှန်ဆိုတဲ့ မျဉ်းကြောင်းပေါ်မှာ ဖြတ်မျဉ်းဆိုတဲ့ လူတွေကြောင့် သိက္ခာတရားကျင့်ဝတ်တွေက ဟာသဖြစ်ကုန်တယ်။အချို့မတရားမှုနည်းလမ်းများနှင့် အချို့အသေးစိတ်အချက်အလက်ဖြင့် မမှန်ကန်မှုအများစုကို ရိုးရိုးရှင်းရှင်းတင်ပြခြင်းသာဖြစ်တယ်လို့မြင်တယ်။
ဖလိုဆိုတဲ့ခွေးမလေးက ဘယ်လောက်နာခံမှုရှိရှိ ၊ သရဲဘောကြောင်တတ်တဲ့ စိတ်နှစ်ခွ သခင်ရဲ့အတွေးရူးနှပ်မှုကြောင့် အသက်ပေးဆပ်လိုက်ရတာက သဘာဝမကျဘူး။ သခင်ကတော့ တရားသဖြင့် လုပ်တယ်ပေါ့၊ ခံစားရတဲ့သူက မတရားသဖြင့် လုပ်ကြံခံလိုက်ရတယ်။
တကယ်တော့ George Orwell ကလည်း ရုရှားမှာ ဆိုရှယ်လစ်ကို ဝါဒဖြန့်တဲ့စာရေးဆရာလိုပဲ သူလည်းဝါဒဖြန့်စာရေးဆရာလို့ သတ်မှတ်လို့ရတယ်။အရင်းရှင်တွေအတွက် ဝါဒဖြန့်သူသက်သက်လို့တောင် စွပ်စွဲခံခဲ့ရတယ်။ပညာရှင်အများအပြားက ဂျော့ဂ်ျအော်ဝဲလ် (George Orwell )ကို နယ်ချဲ့ဆန့်ကျင်ရေးစာရေးဆရာအဖြစ် ရှုမြင်ကြသော်လည်း သူ့စာအုပ် Burmese Days က နယ်ချဲ့ဆန့်ကျင်ရေးအမြင်ကို ရှင်းရှင်းလင်းလင်းဖော်ပြထားတာမျိုးတော့မဟုတ်။ ဆန့်ကျင်ဘက်အနေနဲ့ ဝတ္ထုထဲက ဇာတ်ကြောင်းများ၊ ဇာတ်ကောင်များကတော့ စာရေးဆရာတစ်ဦး သဘောထားကို ထင်ဟပ်စေတယ်။
လူမှုရေးအခြေအနေများက ဗြိတိသျှအင်ပါယာ၊ လူမျိုးရေးခွဲခြားမှုနှင့် ဖိနှိပ်မှုအပေါ် သဘောထားများကို စူးစမ်းလေ့လာရမယ်။မြန်မာနိုင်ငံသဘာဝအပေါ်ထားတဲ့ George Orwell ရဲ့အချစ်တွေကိုမြင်ရမယ်။
မြန်မာပြည်မှနေ့ရက်များ (Burmese Days) စာအုပ်တွင်အမှတ်သညာ၊ အထီးကျန်မှု၊ မောဟ၊ လူမျိုးရေးခွဲခြားမှုနှင့် လောဘကို လိုက်စားထားတဲ့ ပုံပြင်တစ်ပုဒ်သာဖြစ်ပါတယ်။မြန်မာပြည်ရဲ့ ကိုလိုနီခေတ် အတိတ်ပုံရိပ်ကို အကောင်းဆုံးဝတ္ထုအခြေခံထားဝတ္ထုဆိုတာထက် ခေတ်တပတ်ပြန်လှည့်လာတဲ့စာအုပ်ကို ဖတ်ကြည့်စေချင်ပါတယ်။
Please Telegram ?
https://t.me/reviewsbybenevolent
Please YouTube ?
https://youtube.com/@reviewsbybenevolent?si=mvvS6O5nDVl-ygFi
စာဖတ်ခြင်းကို အချိန်ပေး ပျော်မွေ့နိုင်ကြပါစေ။?
Benevolent Guy
Jun-24
Keep Reading