Lwin Pyin Thit
နေသာတဲ့နေ့တစ်နေ့လေးပေါ့....။
နေကလည်းမစူးမရှမပူမပြင်းနဲ့တောက်ပနေလေရဲ့...။
ကောင်းကင်ကလည်း ပြာကာကြည်လင်နေသည်။
သူတို့နှစ်ဦးရဲ့ အလှကိုမှီးနေရတဲ့ တိမ်ဆိုင်ဖြူ ပါးပါးလေးက...
"အိုး...ငါကသိပ်လှတာပဲ... ဒီလို အချိန်မှာ ငါ့ကိုလာမယှဉ်နိုင်ဘူး"
တိမ်လေးက အလှမှာ ဂုဏ်ယူနေရုံသာမက မာန်ပါတက်နေလေရဲ့...။
ခနအကြာမှာပဲ သူ့နားကို သူ့သူငယ်ချင်းလေပြေလေးတွေရောက်လာတယ်။
"မင်းဒီနေရာကနေရှောင်တော့...မကြာခင်မုန်တိုင်းလာတော့မယ်"
လေပြေလေးတွေကအသိပေးပေမယ့် တိမ်ဆိုင်ဖြူလေးကအလှမှာ မာန်တက်နေတာကြောင့် မဲ့မဲ့နဲ့ခေါင်းညိမ့်ပြလိုက်တာပေါ့...။
လေပြေလေးတွေရဲ့စကားကို တိမ်ဆိုင်ဖြူလေးကအဖတ်မလုပ်ခဲ့ပေ။
လေပြည်လေးတွေထွက်သွားပြီး မကြာခင်မှာပဲ မုန်တိုင်းကျလာတော့တယ်။
လေတွေကလည်းတဝေါဝေါတိုက်လာပြီ...။
အဲ့ဒီအချိန်မှာ ပြာလဲ့ကြည်နေတဲ့ကောင်းကင်ကြီးကိုလည်း မှောင်မဲနေတဲ့ တိမ်ဆိုင်မဲကြီးတွေက ဖုံးသွားပြီ။
နေကလည်း တိမ်ဆိုင်မဲကြီးတွေကြားမှာပျောက်နေတာပေါ့...။
တိမ်ဆိုင်လေးမှာ အလှမာန်တတ်ဖို့အချိန်မရှိတော့ပေ...ကူညီမဲ့သူကလည်းမရှိတော့...။
လေနီကြမ်း၏ခေါ်ဆောင်ရာနောက်ကိုပဲ လိုက်ပါသွားရင်း တစ်စစီပျောက်ကွယ်သွားရှာတော့တယ်...။
မပျောက်ကွယ်ခင်မှာ တိမ်လေးက စကားတစ်ခွန်း ညဉ်းသွားရှာတယ်...။
"တကယ်တော့ ဘဝဆိုတာ သာတစ်လှည့် နာတစ်လှည့်ပါ...သာနေတုန်းကတော့ သာတာကို ပိုသာအောင်မလုပ်...သာနေတာလေးကိုလည်း ပျောက်ပြက်မသွားအောင်မလုပ်ခဲ့တော့ အခုလို
နာအလှည့်မှ ဝမ်းနည်းမနေနဲ့...မင်းအပြစ်မင်းခံ ကံက နောက်တစ်ကြိမ် ဦးစားပေးလို့
နောက်တစ်ခါ ပြန်သာခဲ့ရင်သာအကောင်းဆုံးကြိုးစားရုံပေါ့"
အဲ့ဒီစကားလေးကိုညဉ်းပြီး တိမ်လေးက လေနီကြမ်းရဲ့ အဝေ့မှာ တစ်စစီပျောက်ကွယ်သွားတော့တယ်။
တိမ်လေး
Unlock to read this premium article with 100 points.