Author's Profile Photo

SarPhat Author

6/06/2024

"ဘဝဆိုတာ နေတတ်ရင်ကျေနပ်စရာကြီးပါ"

2 mins read
Life Style
Personal Development
General Knowledge
"ဘဝဆိုတာ နေတတ်ရင်ကျေနပ်စရာကြီးပါ"'s photo

ဒီနေ့ ကျွန်တော့် အမေရဲ့ အဖေအကြောင်း ကျွန်တော့်ရဲ့အဘိုး အမြဲလုပ်လေ့ရှိတဲ့အရာလေးတွေ သူရဲ့ဘဝနေနည်းအကြောင်းလေးတွေထဲက တစ်စိတ်တစ်ပိုင်းပြောပြပေးမှာပါ
အသက်အားဖြင့်အဘိုးက အသက်90 ပြည့်တော့မှာပါ
ပထမဦးဆုံး အဘိုးဆီကနည်းနာတွေက ဘာကြောင့်လိုက်နာသင့်လဲဆိုတာကိုပြေပြမယ် အဘိုးဟာ ဘက ကျောင်းပညာရေးနဲ့ တောရွာကနေ သာယာဝတီသုံးဆယ်မြို့ အစ်ကိုဝမ်းကွဲရှိရာသို့လိုက်သွားပြီ
အစိုးရကျောင်းမှာ 4 တန်းကို ကျော်ပြီးအတန်းတက်ခွင့်ရခဲ့တယ်
5တန်းအောင်ပြီးတဲ့နောက် ကျောင်းတက်ဖို့အဆင်မပြေတော့တာနဲ့ရွာကိုပြန်လာခဲ့တယ် အဲ့ဒီခေတ်အခါအချိန်က 7 တန်းအောင်လျှင်ကျောင်းဆရာလုပ်လို့ရပြီဗျ အဘိုးက သင်္ချာနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပုံရှိတယ် ငယ်ငယ်ကဆို ကျွန်တော့်ကို သင်္ချာပဟေဠိတွေတွေသင်ပေးလေ့ရှိတယ်
ဒီလိုနဲ့ရွာပြန်ရောက်ပြီးနောက်ပိုင်း သမဝါယမ စာရေးလုပ်တယ်
ဒါကအဘိုးရဲ့ပညာရေး Background ပေါ့
အဘိုးဟာ စည်းစနစ်ရှိတယ်လိုပြောလို့ရတယ်
သူ့ရဲ့ Brain Level ဟာမြင့်တဲ့ထဲပါတယ်လို့ပြောလို့ရတယ်
ရှေ့လဲမှီတယ် နောက်လဲမှီတယ်ဆိုတာမျိုးပေါ့
အတွေ့အကြုံများပြီး ဗဟုသုတကြွယ်တဲ့လူမျိုးပါ
စကားပြောဆိုဆက်ဆံတာအလွန်ကောင်းပါတယ်
အလွန်လဲစကားပြောတတ်ပါတယ် စကားပြောရတာကို သူနှစ်ချိုက်တယ်
တစ်ခါတစ်လေဧည့်သည်တွေကမနက်ခင်းကလာလျှင် ညနေခင်းထိစကားပြောတယ့်လူမျိုးပါ စကားပြောနေရင် ထမင်းဆာမှန်းတောင်မသိတဲ့သူမျိုးပါ ဧည့်သည်တော်တော်များများလဲ နေ့လည်စာ ထမင်းငတ်ကြပါတယ်
ကိုယ်နဲ့မသိတဲ့သူ လူကြီးလူငယ်မရွေးတွေနဲ့လဲ စကားပြောတတ်ပါတယ်
တစ်ချို့ကလေးတွေဆိုလျှင် အဘနဲ့စကားရတာကြိုက်တဲ့သူမျိုးတွေလဲတွေ့ရတယ် အဘိုးဟာ ဘာသာတရားအလွန်ကိုင်းရှိုင်းသူဖြစ်ပြီး
မနက် ည ဘုရားဝတ်ပြုလျှင် တစ်ကြိမ်ကို တစ်နာရီအနဲဆုံးကြာပါတယ်
နေ့ ညမပြတ် နေ့တိုင်း ဝတ်ပြုပါတယ် လွတ်သွားတဲ့ရက်ရယ်လို့ မရှိသလောက်နည်းပါတယ်
ကဲဒီတော့ အဘိုးရဲ့အကြောင်းနည်းနည်းသိပြီ‌ဆိုတော့ သူကျင့်သုံးလက်ကိုင်ထားတဲ့နည်းနာအချို့ကိုဆက်ပြောပါမယ်
အဘိုးက သူအမြဲတမ်းလုပ်လေ့ရှိတာက အလုပ်တစ်ခုလုပ်ရင်းနဲ့ အလုပ်နှစ်ခု သုံးခုပြီးအောင်လုပ်တတ်ပါတယ်
ဘယ်လိုမျိုးလဲဆိုတော့ ယာတွေရှင်းရင်းနဲ့ အပြန်ကျရင် ထင်းစည်းသယ်လာတာမျိုး တောရှင်းရင်းနှင့် ဆူးခက်ဆူးနွယ်တွေကိုခြံစည်းရိုးအဖြစ်ကာတာမျိုး
ကျောက်ခဲတွေတွေ့ရင် ကျောက်တန်းလေးတွေစီခဲ့တာမျိုး
ဘာလို့ကျောက်လေးတွေ ကျောက်တန်းစီတာလဲလို့မေးရင်
ယာကွက်တွေထဲ ရေဝပ်အောင် အပင်စိုက်လို့ကောင်းအောင်လို့ပြောပါတယ်
အဘိုးနဲ့အတူနေတဲ့သမီးတစ်ယောက်ရှိသေးတယ် ရွာပြန်ရင် ရေပုံးယူသွားရတယ် တောထဲမှာရေရှားတဲ့အတွက် ရွာကအပြန်ဆို ရေခပ်ခဲ့ခိုင်းတယ်
ဒီလိုဆိုရေခပ်ကိုတကူးတကမသွားရတော့ဘူး ဆိုင်ကယ်ဆီလဲချွေတာရာရောက်တယ် အလုပ်နှစ်ခုလဲတစ်ခါတည်းပြီးတယ်ဆိုတာမျိုးပြောလေ့ရှိတယ်
ဒီရက်ပိုင်း ဒီနည်းလမ်းကို ကျွန်တော်ကိုယ်တိုင်လိုက်ပြီးအသုံးချကြည့်တယ်
အပြင်သွားစရာတစ်ခုရှိရင် ငါဘာဝယ်စရာလိုသေးလဲ ဘယ်သူ့ဆီလမ်းကြုံဝင်လို့ရမလဲဆိုတာမျိုးတွေ လုပ်ကြည့်ဖြစ်တယ်

နောက်တစ်ခါ အဘိုးဟာ အသက် ၉၀ နားနီးပေမယ့် အလုပ်မလုပ်တဲ့ရက်ဆိုတာမရှိသလောက်ပဲ ယာကွက်ကြီးဘယ်လောက်ကျယ်ပါစေ
ပေါင်းပင်နှုတ်တဲ့အခါ တစ်ပင်နှုတ်နိုင်ရင် တစ်ပင်နှုတ်မယ်ဆိုတဲ့စိတ်မျိုးနဲ့ နေ့တိုင်းအလုပ်လုပ်ပါတယ် ယာကွက်အကျယ်ကြီးတွေကို သွားကြည့်လိုက်ရင်
‌ပေါင်းတွေကိုပြောင်နေအောင် တစ်ယောက်ထဲနှုတ်ပါတယ် ဒီနေ့မပြီးနောက်နေ့လုပ်ပါတယ် အဘိုးအမြဲပြောနေကျ စကားက
တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့(စကားပုံ စာလုံးပေါင်းမှားနိုင်) အမြဲပြောလေ့ရှိတယ် သူ့မှာကျွန်တော်တို့ပြောနေကျ Consistency ဆိုတာရှိတယ်

စည်းစနစ်ကြီးသူဖြစ်ပြီး ဖန်ခွက်လေးတစ်ခွက် ချိုချဉ်လေးတစ်လုံးကစ
တန်ဖိုးထားတတ်တယ် ဒါနဲ့ပတ်သက်ပြီးပြောနေကျစကားက
"မရှိရှာ ပေါများ" မရှိရင်ရှာရတယ် ပေါများနေတယ်ဆိုရင် တန်ဖိုးမထားတတ်ကြပုံကိုပြောတာပဲဖြစ်ပါတယ်

ကိုယ့်ကိုယ်ကိုသည်သာ အားကိုးရာလို့ ယုံကြည်ထားတတ်တဲ့သူမျိုးလဲဖြစ်ပါတယ် သားသမီး ၇ ယောက်ရှိတဲ့သူဖြစ်ပေမယ့်
ဘယ်သူ့ကိုကိုမှ ဒီအသက်အရွယ်ထိ ထောက်ပံ့ငွေပေးဖို့မျိုးကိုမတောင်းဖူးဘူး သူအမြဲပြောနေကျက သားသမီးတွေ အဆင်ပြေနေရင်ပြီးတာပဲ
သူတို့မှာရှိနေရင် ကန်တော့လိမ့်မယ် မကန်တော့နိုင်လဲ ဘာမှမဖြစ်ဘူး သူ့ဟာသူရှာစားနိုင်တယ်ဆိုတာမျိုးပေါ့

ရောက်တဲ့ဘဝကို ‌ပျှော်ရွှင်ကျေနပ်စွာခံယူထားတဲ့သူမျိုးလဲဖြစ်တယ်
အဘိုးဟာ တောထဲကို အလှူ လှူနိုင်ဖို့ သုံးနစ်နေမယ်ဆိုပြီး တောထဲသွားနေခဲ့တာပါ သုံးနှစ်ကနေ တစ်သက်လုံးနေဖြစ်သွားတော့တာပဲ
ထိုခေတ်အခါက ရွာမှာထန်းကလက်မိုးတဲအိမ်လေးတွေသာများပါတယ်
အဲ့ဒီအချိန်အခါတုန်းက ကျွန်းပျဉ်ထောင်အိမ် ကောင်းကောင်းဆောက်နိုင်တဲ့သူမျိုးပါ သို့ပေမယ့် ရွာကအိမ်ကို သူမနေပဲ
တောထဲက တဲစုတ်ကလေးကိုသာ သူခင်တွယ်ပါတယ် သူရတဲ့ဘဝကိုသာ သူကျေနပ်ပါတယ် လူတစ်ယောက်ပျော်ရွှင်တယ်ဆိုတာ သူရောက်နေတဲ့အခြေအနေနဲ့မဆိုင်ဘဲ ထားတတ်တဲ့စိတ်နဲ့ပဲဆိုင်ပါသတဲ့

အဘိုးရဲ့နာမည်ကိုတော့ ညိုတုတ် လို့ခေါ်ပါတယ် ။

"အဆုံးထိဖတ်ပေးလို့ကျေးဇူးပါ"

#2024kyawzaya
#personaldevelopment

Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်