Author's Profile Photo

SarPhat Author

6/06/2024

ဝတ္ထုတို

4 mins read
Book Review

ရွှေအမြုမဂ္ဂဇင်း ရွှေအသစ်အဖြစ်ရွေးခံခဲ့ရဖူးဝတ္တုတိုလေးပါ။

မိစု
******
နွေနေ့လယ်ခင်း၏ပူပြင်းလှသောနေ့လယ်။ချစ်ချစ်တောက်ပူနေသောနေမင်း၏အပူရှိန်ကြောင့်လမ်းပေါ်တွင်လူသွားလူလာသိပ်မရှိသော်လည်းသစ်ရိပ်ဝါးရိပ်များအောက်တွင်တော့အအိပ်အနေနည်းလှသောကလေးငယ်တချို့ဆော့ကစားနေကြလေသည်။
မိစုတစ်ယောက်ထိုမြင်ကွင်းကိုအိမ်ထဲတစ်နေရာမှချောင်းကြည့်ကာစိတ်ထဲမှာကစားချင်စိတ်တို့တားမရအောင်ဖြစ်ပေါ်နေမိလေသည်။အဘွားဖြစ်သူကိုကြည့်လိုက်တော့လည်းအိပ်ပျော်သလိုလိုမပျော်သလိုလိုပုံနဲ့။အဘွားအိပ်ပြီအထင်နဲ့သွားပြန်ရင်လည်းအိပ်မပျော်သေးရင်ဖြင့်မိစုအရိုတ်ခံရဦးမှာလေ။ဒီလိုကျောင်းပိတ်ရက်များမှာအားရအောင်ဆော့ရရင်သိပ်ကောင်းမှာပဲလို့မိစုတွေးမိသည်။ကျောင်းတွေဖွင့်တုန်းကဆိုကျောင်းမသွားခက်မနက်ပိုင်းလေးမှာခဏလောက်ဆော့ချိန်ရပေမယ့်ဘယ်တော့မှဖြောင့်ဖြောင့်တန်းတန်းမကစားခဲ့ရပါ။အဘွားကတကြော်ကြော်အော်ခေါ်ပြီးခိုင်းတာကသုံးလေးခါထက်မနည်းပေ။ဒီကြားထဲသူမကြိုက်တဲ့သူတွေနဲ့များဆော့မိရင်ခေါ်ပြီးအဆူခံရတာနဲ့ဆော့ချိန်ကပြည့်သွားပြီးအိမ်ပြန်ကျောင်းသွားဖို့ပြင်ဆင်ရပါတော့သည်။ကျောင်းသွားခါနီးဆိုရင်လည်းအဘွားသည်နှုတ်မှတတွတ်တွတ်ရွတ်ကာကျောင်းမှာမဆော့ဖို့မှာသေးသည်။အဘွားကမှာမယ့်သာမှာနေတာတကယ်တမ်းကျတော့ကျောင်းရောက်ရင်မိစုမဆော့ရတော့ပါ။ကျောင်းတက်ချိန်က၁၂နာရီ၁၅မိနစ်တက်တာ။အိမ်မှ၁၁နာရီခွဲအထိမိစုကျောင်းသွားခွင့်မရသေး။၁၂နာရီထိုးပြီးမှမိစုကျောင်းသွားရသည်။အိမ်နှင့်ကျောင်းနီးတာမကောင်းဟုမိစုထင်သည်။ဘာဖြစ်လို့လဲဆိုတော့ အဘွားကကျောင်းအထိလိုက်လာကာမိစုကိုလိုက်ချောင်းခြင်းကြောင့်ဖြစ်ပါလေသည်။သူလ်ုက်ချောင်းတဲ့အချိန်မိစုကစားနေတာတွေ့သွားလို့ကတော့ထိုနေ့အဖို့မိစုမသက်သာလှပါ။ကျောင်းလွှတ်လို့အိမ်ပြန်ရောက်ပြီဆိုတာနဲ့အဘွားရှေ့တွင်ထိုင်ကာအဘွားရဲ့အဆူအပြောတွေကိုခံရပါတော့သည်။အဘွားကတော်တော်လည်းပြောနိုင်ဆိုနိုင်သူဖြစ်ပါလေသည်။

"ညည်းတော်တော် ကစားနိုင်ပါလား အိမ်မှာလည်းဆော့ ကျောင်းမှာလည်းဆော့နဲ့ ညည်းကြီးလာရင်ပညာတတ်တော့ဖြစ်မှာမဟုတ်ဘူး ငါးစိမ်းသည်ပဲဖြစ်မှာ "

အဘွားရဲ့အကြိမ်မရေနိုင်သော ထိုစကားလုံးကိုကြားရတိုင်းမိစုလည်း ဟုတ်သလိုလိုထင်မိလေသည်။အမေကငါးခြောက်ရောင်းနေတာဆိုတော့မိစုလည်းငါးရောင်းတဲ့သူဖြစ်မှာပေါ့လေ။ဒီလိုတွေးမိတော့မိစုစာတွေဘာတွေဆက်မသင်ချင်တော့ပါ။မိစုအခုမှဒုတိယတန်းပဲရှိသေးတော့နောင်ကိုကျောင်းအကြာကြီးတက်ရဦးမှာ။အဲဒီရက်တွေအများကြီးမှာမိစုဝအောင်ကစားပြီး ကြီးလာမှအဘွားပြောသလိုငါးစိမ်းသည်လုပ်လိုက်ရင်ပြီးရောမလား။တစ်ခါတလေကျရင်အဘွားကမိစုတို့အဘွားမဟုတ်လို့မိစုတို့ကိုမကစားခိုင်းတာလားဟုတွေးမိသည်။မိစုတို့ဆိုပေမယ့်လည်းမိစုကသာအဘွားကိုကြောက်ပြီးမကစားရဲတာပါ။ကိုကိုကတော့အဘွားလစ်တာနဲ့သွားကစားတာပဲ။ပြန်လာရင်အရိုတ်ခံဖို့ကိုလည်းကိုကိုမကြောက်ပါလေ။အဘွားဆူရင်လည်းမသိချင်ယောင်ဆောင်ကာစာအုပ်ဖတ်နေတော့သည်။အဘွားအရင်းမဟုတ်ဘူးဆိုပေမယ့်မိစုတို့ကအဘွားကိုချစ်ပါသည်။အဘွားကမိစုတို့မမွေးခင်ဟိုအရင်မိစုတို့အမေငယ်ငယ်ကတည်းကအဘိုးနဲ့ယူခဲ့တာတဲ့။မိစုတို့ရဲ့အဘွားအရင်းကနောက်ယောကျာ်းယူသွားတာတဲ့လေ။ဒီအကြောင်းတွေအားလုံကိုလည်းအဘွားပဲပြောပြခဲ့တာလေ။အဘွားစိတ်ဆိုးတဲ့အခါများဆိုရင်မိစုတို့သားအမတွေကို "ကျေးဇူးကန်းတွေ "နှစ်လင်ယူမျိုးတ္ပေ" ဟုအစချီကာဆဲဆိုပါတော့သည်။အဘွားဆဲလည်းဆဲချင်စရာပါ။အမေကလည်း အဖေကပိုက်ဆံမပေးလို့ဆိုပြီးအဖေ့ကိုထားခဲ့ကာဦးလေးဦးထွန်းအောင်ကိုယူလိုက်သည်။မိစုတို့မောင်နှမအဖေ့ကိုသတိရသော်လည်းဦးလေးဦးထွန်းအောင်နဲ့လည်းတည့်ပါသည်။ဦးလေးဥိီးထွန်းအောင်က မိစုတို့ကိုရောအဘွားကိုပါရှာကျွေးပါသည်။သို့ပေမယ့်လည်းအမေကအရင်လိုမိစုတို့နဲ့အတူမနေရတော့ပါ။ငါးခြောက်ရောင်းရပါတော့သည်။မိစုလည်းကြီးလာရင်အဘွားရင်းနဲ့အမေတို့လိုပဲယောကျာ်းနှစ်ယောက်ယူရမယ်ပဲထင်သည်။အဘွားကတော့အဲဒီလိုပြောတာပဲ။အဘွားဘာပဲပြောပြောမိစုတို့ကအဘွားကိုချစ်ပါသည်။ကြောက်လည်းကြောက်သည်။အဘွားပြောသမျှအကုန်မှန်သည်ဟုမိစုထက်ပါသည်။အဘွားကလည်းမိစုတို့ကိုချစ်မည်ထင်ပါသည်။စိတ်ဘယ်လောက်ဆိုးဆိုးမိစုတို့စားဖို့ထမင်းချက်ပေးမြဲ။အဝတ်လျှော်ပေးမြဲပါ။
အဘွားကမိစုတို့နဲ့တင်မတည့်တာမဟုတ်ပါ။ဘေးအိမ်ကဦးလေးကျော်တို့နဲ့လည်းမတည်ပါ။ဦးလေးကျော်တို့အိမ်ကမိစုတို့မောင်နှမအတွက်တော့ပျော်စရာအိမ်ဖြစ်ပါလေသည်။ဦးလေးကျော်တို့အိမ်မှာတီဗွီရှိသည်။ကာတွန်းကားကြည့်လို့ရသည်။အားရင်မိစုတို့မောင်နှမတွေတီဗွီသွားကြည့်ကြသည်။
မိစုတစ်ယောက်တည်းသွားကြည့်တဲ့အခါကျရင် အဘွားကမိစုကိုဆူပါတောါသည်။
"ညည်းကမိန်းခလေး ယောကျာ်းလေးတွေရှိတံ့အိမ်ကိုတစ်ယောက်တည်းမသွားရဘူးနင့်ကို -----လုပ်လိမ့်မယ် "

မိစုအဘွားစကားကိုနားမလည်ပါ။သွားမြဲလာမြဲပါ။သို့ပေမယ့်ဦးကျော်တို့ကမိစုတို့မောင်နှမကိုတီဗွီမကြည့်ခိုင်းတော့ပါ။အဘွားကိုလည်းမခေါ်တော့ပါ။တစ်အိမ်ကျော်ကကိုဖြိုးတို့နဲ့ကစားရင်းလည်းအဘွားကမကြိုက်ပါ။ဆူပါတော့သည်။
" မိန်းခလေးဆိုတာယောကျာ်းလေးတွေနဲ့မကစားရဘူးကြားလား ညည်းကိုရည်းစားစကားပြောလိမ့်မယ် "
အဘွားပြောသမျှကိုမိစုမလွန်ဆန်ရဲပါ။ကိုဖြိုးတို့နှင့်သွားကစားချင်သော်လည်းအဘွားပြောသလို ရည်းစားစကားဆိုလားဘာလားအပြောခံရမှာကြောက်သည်။အခုဆိုရင်ယောကျာ်းလေးတွေကိုမြင်ရင်မိစုစိတ်ထဲတမျိုးဖြစ်မိသည်။ယောကျာ်းလေးတွေကမိစုကိုရည်းစားစကားပြောမှာလား။အဘွားပြောသလို၁၃နှစ်ရောက်မှယောကျာ်းမရဘဲစောပြီးရသွားရင်ဒုက္ခပါပဲဟုတွေးမိလေသည်။အခုမှမိသုအသက်၈နှစ်ဆိုတော့၁၃နှစ်ပြည့်ဖို့ ၅နှစ်လိုသေးသည်။အဲဒီအချိန်မှာမိစုဝအောင်ဆော့ချက်သေးသည်။အဘွားပြောတာမိစု၁၃နှစ်ပြည့်ရင်ယောကျာ်းရမှာတဲ့လေ။
မိစုလည်းယောကျာ်းလေးတွေနဲ့မကစားရသောအခါမိန်းကလေးတွေနဲ့သာကစားပါတော့သည်။ရွှေစင်ကမိစုတို့အိမ်ရှေ့အိမ်ကဖြစ်သည်။မိစုထက်ငယ်သော်လည်းရွှေစင်ကအရမ်းလှပါသည်။သူဝတ်တဲ့အကျီ်တွေကအရမ်းလှသောကြောင့်ဖြစ်ပါလေသည်။ထိုအခါမျိုးတွင်မိစုလည်းအိမိပြနိပြီး အကျီ်လှလှလေးကိုရွေးဝတ်ပါသည်။အဲဒီအဒခါကျရင်အဘွားသဘ်စိတ်ဆိုးမာန်ဆိုးဖြင့်

" အမလေး မမမိစုရယ် ကျုပ်ကအ ဝတ်အစားတွေလျှော်ရတာ ။ညည်းတို့အမေကအားရင်သူ့လင်အနားပဲကပ်နေတာ တစ်ခါမှအဝတ်လျှော်တာမဟုတ်ဘူးညည်းကတစ်ထည်ပြီးတစ်ထည် လဲရအောင်ရည်းစားရနေပြီလား ကိုဖြိဲးလားရာဇာလား သိပ်မနန့်နဲ့သတိထားနေ "
အဘွားရဲ့ထိုစကားတွေကိုကြားရတိုင်းမိစုရင်ထဲမှာတမျိုးခံစားရသည်။ကိုဖြိုးနဲ့ဆော့ရမှာရှက်သလိုလို။ရာဇာနဲ့ဆော့ရမှာလည်းရင်ဖိုသလိုလိုပင်။
အဘွားသည်ထိုမျှနံ့အားမရသေး။ဦးလေးဦးထွန်းအောင်နဲ့မိစုတို့ရင်းရင်းနှီးနှီးနေတာကိုလည်းမကြိုက်ပါ။အမေနဲ့ဦးလေးဦးထွန်းအောင်တို့မရှိခိုက်တွင်မိစုကိုခေါ်ကာပြောလေ့ရှိသည်မှာ
"ထွန်းအောင်နံ့ပူးပူးကပ်ကပ်မနေနဲ့ l နမ်းရင်လဲအနမ်းမခံနဲ့သူကညည်းတို့အဖေရင်းမဟုတ်ဘူး ပထွေးနဲ့မယားပါသမီးနမ်းရင်ညားတတ်တယ် သူဘာလုပ်လုပ်အဘွားကိုပြန်ပြောကြားလား"

အဘွားပြောစကားကိုကြားတော့မိစုရင်ထိတ်ခဲ့ရပါသည်။ဦးလေးဦးထွန်းအောင်ကမိစုကိုနမ်းဖူးပါသည်။ပွေ့လည်းပွေ့ချီခဲ့ဖူးပါသည်။သို့ဆိုလျှင်မိစုနဲ့ဦးလေးဦးထွန်းအောင်တို့အဘွားပြောသလိုယြှူကရတော့မှာလား။မိစုကတော့မယူချင်ပါ။အဘွားပြောသလိုယောကျာ်းနှစ်ယောက်ယူရမယ်ဆိုရင်လည်း ၁၃နှစ်ပြည့်မှရာဇာနဲ့ကိုဖြိုးတို့ကိုပဲယူချင်ပါသည်။တကဟ်တမ်းပြောရရင်မိစုကဆရာဝန်မကြီးလည်းဖြစ်ချင်ပါသေးသည်။ဒါပေမယ့်အဘွားကငါးစိမ်းသည်ပဲဖြစ်မှာလို့ဆိုတော့မိစုအပင်ပန်းခံပြီးစာမကျက်ချင်တော့ပါ။ကြီးလာရင်ငါးရောင်းဖို့အတွက်တော့ပိုက်ဆံရေတွက်တတ်အောင်မိစုသင်ထားရဦးမည်။ပြီးတော့ ၁၃နှစ်မပြည့်ခင်ယောကျာ်းမရအောင်ယောကျာ်းလေးတွေနဲ့ဝေးအောက်နေရမည်။ပြောရမဟ်ဆိုရင်မိစုကစားချင်ပါသေးသည်။ကိုဖြိုးတို့ရာဇာတိဲုရွှေစင်တို့နဲ့ကစားချင်ပါသေးသည်။သိုပေမယ့်အဘွာသည်မိစုကိုအချိန်ပြည့်စောင့်ကြည့်လျက်ရှိပါလေသည်။အဘွားကိုတော့မိစုကြောက်ပါသည်။အဘွားသည်မိစုသိပ်နားမလည်သောစကားများဖြင့်ဆူပူကြိမ်းမောင်းလေါရှိပါသည်။

သည်းကြီးမည်းကြီးရွာနေသောမိုးရွာကြီးထဲတွင်မိစု အရုပ်လေးကိုခပ်တင်းတင်းပိုက်ကာခပ်သွက်သွက်ပြေးနေလေသည်။မိစုပြေးနေသည်မှာအဖေရှိရာသို့ဖြစ်ပါသည်။မိစုမနက်ကအဘွားမကြိုက်တာကိုလုပ်ခဲ့မိသည်။ဒါကလည်းအဘွားမရှိတာမို့လုပ်ခြင်းသာဖြစ်ပါလေသည်။မနက်ကအဘွားအပြင်သွားနေချိန်အမေနဲ့ဦးလေးဦးထွန်းအောင်စျေးမှပြန်လာသောအခါမိစုလိုချင်သောအရုပ်ကြီးဝယ်လာခဲ့ကြသည်။အရုပ်ကြီးကိုလိုချင်ရင်နှစ်ယောက်လုံးကိုနမ်းမှပေးမည် ုဟုဆိုပ့သည်။မိစုသည်အမေ့ကိုမြန်မြန်နမ်းလိုပ်နိုင်သော်လည်းဦးလေးဦးထွန်းအောင်ကိုနမ်းဖို့ကျတော့တွန့်ဆုတ်နေခဲ့မိပါသေးသည်။သို့သော်လည်းအရုပ်ကြီးကိုလိုချင်လှတာကြောင်အရဲစွန့်အားတင်းနမ်းလိုက်ချိန်မှာပင်အဘွားကအိမ်ပေါ်သို့ရောက်ရှိလာခဲ့ပါလေတော့သည်။အဘွားရဲ့ကြောက်စရာကောင်းလှသောမျက်လုံးများသည်မိစုကိုစားတော့ဝါးတော့မလိုစိုက်ကြည့်နေခဲ့သည်။မိစုသည်အဘွားကိုကြောက်လှသဖြင့်အားလုံလစ်တာနဲ့မိုးရွာကြီးထဲမှာပင်အဖေရှိရာသို့ထွက်ပြေးခဲ့ခြင်းပင်ဖြစ်ပါလေသည်။မိစုဦးလေးဦးထွန်းအောင်ကိုမယူချင်ပါ။

အရှိန်ပြင်းစွာမောင်းလာသောကားဖြူတစ်စီး။အိမ်ပြန်ချင်ဇောကြောင့်ရှေ့မှအိပံ့အိပဲ့သွားနေသောကားကြီးကိုအတင်းကျော်တက်လိုက်သောအခါ
မိစုသည်အရုပ်ကလေးကိုပိုက်၍ပြေးနေရာမှရှေ့တည့်တည့်မှ အရှိန်ပြင်းပြင်းမောင်းလာသောကားဖြူလေးကိုတွေ့သောအခါအရှိန်မထိန်းနိုင်ဘဲကားဖြူလေးဆီသို့။ကားဖြူလေသည်လည်းမိစုရှိရာသို့။
နှစ်ခုဆုံတွေ့ချိန်မှာမိုးမင်းကြီးသည်ဝမ်းနည်းလွန်း၍ထင်ပါသည်။မိုများကိုပိုမိုရွာသွန်းချလိုက်လေတော့သည်။

############
နှင်းအိမ်လေး

#Credit

Keep Reading

Victor Hugo ဘဝအမောပြေမီးလောင်မြေရေကန်သာကြာတိုင်းအေးတကောင်ကြွက်အမွေအနှစ်လား လံကြုပ်လား အပိုင်းသုံးစွဲလမ်းဆိပ် book reviewအမွေအနှစ်လား လံကြုပ်လား အပိုင်းငါးအမွေအနှစ်လား လံကြုပ်လား အပိုင်းလေး𝐇𝐚𝐫𝐮𝐤𝐢 𝐌𝐮𝐫𝐚𝐤𝐚𝐦𝐢 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧📚Ernest Hemingway ဘဝဟာသများ