Author's Profile Photo

SarPhat Author

2/06/2024

သင်အထီးကျန်နေရင်တော့ ဒါတွေလုပ်ကြည့်ပါ။

1 min read
Life Style
Art
သင်အထီးကျန်နေရင်တော့ ဒါတွေလုပ်ကြည့်ပါ။'s photo





သင်အထီးကျန်နေလား။


လူတစ်ချို့တွေ တစ်စုံတစ်ယောက် သို့မဟုတ် မိမိပတ်ဝန်းကျင်ရဲ့ အရေးထားတာတွေကို လိုချင်ကြတယ်။တကယ်လို့ မိမိအရေးထားတဲ့သူ သို့မဟုတ် ပတ်ဝန်းကျင်က မိမိကို ခေါ်ပြောဖော်မရတဲ့အခါ အထီးကျန်ခြင်းကို ခံစားလာရပါတယ်။
ဒီလို ခံစားလာရတဲ့အခါမှာ သင်ရဲ့စိတ်ထဲမှာ သူတို့ကငါ့ကို ဂရုမစိုက်ဘူး၊ငါကတော့ သူတို့ကို အသေးစိတ်ကအစ ဂရုစိုက်လိုက်ရတာ၊ငါ့လည်းခေါ်ပြောဖော် မရကြဘူး၊ငါတစ်ယောက်တည်းနေရတာ အထီးကျန်လိုက်တာ ဆိုတဲ့ စကားတွေ သင့်ခေါင်းထဲမှာ ပေါ်လာပါလိမ့်မယ်။
ဒီလိုအတွေးမျိုးက သင်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်လာအောင် ဆောင်ရွက်လိမ့်မယ်။
ဒီလိုအထီးကျန်ခြင်းကို ခံစားလာရတဲ့အခါမှာဆိုရင် သင့်ကို ဒီလို အရာမျိုးလေးတွေ လုပ်ဖို့ အကြံပြုလိုပါတယ်။


၁.ညဘက်အချိန်ဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ လမင်းကြီးကို မော့ကြည့်ပြီး "မင်းက တစ်ယောက်တည်းနဲ့တောက်ပနေတာပဲ"လို့ပြောကြည့်ပါ။

၂.နေ့ဘက်ဆိုရင် နေမင်းကြိီးကို မမော့ကြည့်နိုင်အောင် နေရောင်က စူးရှနေတယ်ဆိုရင် မိမိရဲ့အရိပ်ကိုကြည့်ပြီး "မင်းဟာ တစ်ယောက်တည်းတောင် မင်းရဲ့ရောင်ဝါ အလင်းတန်းတွေက ငါ့ပေါ်မှာတောင် ဖြာကျနေပါလား။ငါလည်းတစ်ယောက်တည်းပဲဟာ ဘာကြောင့်မတောက်ပနိုင်ရမှာလဲ။"လို့ပြောကြည့်ပါ။

၃.ထိုအချိန်မျိုးဆိုရင် သီချင်းနားထောင်ခြင်းဟာ အတော်အကျိုးရှိတဲ့နည်းလမ်းဖြစ်တယ်။နားထောင်တဲ့ သီချင်းတွေကလည်း အသဲကွဲတာတွေ၊အထီးကျန်တာတွေ၊ပစ်ပယ်ခံရတဲ့သီချင်းတွေ မဖြစ်ဖို့တော့ လိုပါတယ်။
ခွန်အားဖြစ်မယ့် သီချင်းတွေကို နားထောင်ရပါမယ်။
ကျွန်ုပ်မညွှန်းပြတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူကြတာမို့ သင်တို့အတွက် မဆင်မပြေမှာစိုးလို့ပါ။


၄.မှန်ကိုကြည့်ပြီး မိမိဘာသာ ခွန်အားရမယ့် စကားတွေပြောဖို့လိုပါတယ်။
ဥပမာ-မင်းစိတ်ဆင်းရဲနေတာလား။အထီးကျန်နေတာလား။ဘာကြောင့်ဒီလိုဖြစ်နေတာလဲ။မင်းကြည့်ရတာ အနည်းငယ်အိုသွားလိုက်တာ။ဘာတွေ ထွေထွေထူးထူး စိတ်သောက ရောက်စရာရှိနေလို့လဲ။မင်းပြုံးကြည့်ပါလား။မင်းအပြုံးက သိပ်လှတယ်။မင်းမျက်လုံးအရောင်က သိပ်တောက်ပတာပဲ ဘာညာပေါ့ မိမိကိုယ်ကို စိတ်သောက ဘာကြောင့် ရောက်နေတယ်ဆိုတဲ့ အကြောင်းတွေကို အရင်မေးပေးပါ။ပြီးမှ မိမိရဲ့အလှတရားကို ထုတ်ဖော်ပြောပြီး ဟက်ဟက်ပက်ပက်ရယ်လိုက်ပါ။ပြီးရင် တစ်ယောက်တည်း မှန်ကို ကြည့်ပြီးစကားပြောကြည့်ပါ။
ထိုအရာက နည်းနည်းတော့ ခက်လိမ့်မယ်။ဒါပေမဲ့ ကြိုးစားကြည့်ပါ။ဘာကြောင့်လဲဆိုတော့ လူတွေအများစုဟာ မိမိကိုယ်တိုင်ကြတော့ စကားပြောကြည့်ဖို့ မကြိုးစားကြဘဲ တခြားသူတွေကိုပဲ ပြောကြည့်ဖို့ ကြိုးစားကြပါတယ်။
ဒါကြောင့် မိမိရဲ့အခြေအနေဖြစ်ပျက်နေတာတွေကို မိမိကိုယ်ကို ပြန်မေးပြီး စကားပြောကြည့်ပါ။

၅.ဒီလို အထီးကျန်လာပြီဆိုရင် စိတ်ခွန်အားတက်စေမယ့် စာတို၊စာပိုဒ်တို့ကို ဖတ်သင့်ပါတယ်။ဒါမှ မိမိအခြေအနေ ကောင်းမွန်လာမယ်လို့ ထင်မိပါတယ်။
ဒါမှမဟုတ် ဝတ္ထုဖြစ်ဖြစ် ဖတ်ကြည့်ပါ။တခြား ကမ္ဘာသွားလည်ရတာပေါ့။ပြီးတော့ ဇာတ်ကောင်တွေကို မိမိနေရာထားပြီး လိုက်ခံစားရတာ အရသာတစ်ပါးဖြစ်တယ်။ထိုလိုမျိုးဆိုရင် သင်အထီးကျန်စိတ်လည်း ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ ဖြစ်ပါလိမ့်မယ်။


၆.ရေချိုးလိုက်ပါ။ရေချိုးခြင်းက စိတ်ကို ကြည်လင်၊လန်ဆန်းစေပါတယ်။

၇.မိမိဝါသနာပါတဲ့ ပုံဆွဲတာတို့၊စာဖတ်တာတို့၊ဟင်းချက်တာတို့၊ဇာတ်ကားကြည့်တာတို့၊ ဂစ်တာတီးတာတို့ဟာလည်း စိတ်အခြေအနေကို ကောင်းမွန်စေပါ။

၈.မိမိအိမ်မှာ တိရစ္ဆာန်လေးတွေ မွေးထားတာရှိခဲ့မယ်ဆိုရင် ထိုတိရစ္ဆာန်ကို အစာကျွေးလိုက်ပါ။ပြီးရင် သူစားနေတာလေးကိုကြည့်ပြီး ​ခေါင်းလေးကို ပွတ်သပ်ပေးကြည့်ပါ။ထိုအခါ ကြည်နူးခြင်းကို ခံစားရပါလိမ့်မယ်။


ဒါတွေ အားလုံးထဲမှာ အမှားပါတာတို့၊သင့်အတွက်အသုံးမဝင်ခဲ့တာတို့ ရှိခဲ့မယ်ဆိုရင် အနူးအညွတ်တောင်းပန်လိုပါတယ်။အသုံးဝင်မယ်လို့လည်း မျှော်လင့်ပါတယ်။

Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်