SarPhat User
စကားလုံးတွေကို သုံးနှုန်းတဲ့အခါ သူ့သတ်မှတ်တွဲလုံးနဲ့အညီ တွဲစပ် သုံးတတ်ဖို့ ဖြစ်ပါတယ်။
'အံ့သြသင့်'လို့ သုံးနှုန်းတာ မှန်လား၊ မှားလား။
သတ်မှတ်ထားတဲ့ တွဲလုံးတွေအတိုင်းပဲ သုံးနှုန်းရပါတယ်။ 'အံ့သြ' ဆိုတာရယ်၊ 'အံ့အားသင့်' ဆိုတာရယ်တို့ ခပ်ဆင်ဆင် အသုံး ၂ မျိုး ရှိပါတယ်။
* အံ့သြ (ကြိယာ)= ဖြစ်ခေါင့်ဖြစ်ခဲ ဖြစ်သည်ဟု စိတ်တွင် ဖြစ်ပေါ်သည်။
* အံ့အားသင့် (ကြိယာ)= မမျှော်လင့်သောအဖြစ်ကို ရုတ်တရက် တွေ့ရမြင်ရကြားရသောအခါ မည်သို့ ပြုလုပ်ရမည် မသိ ဖြစ်သည်။
အဓိပ္ပာယ် ဆင်တူသလိုလို ရှိပေမဲ့ လုံးဝ ကွက်တိ တူတာတော့ မဟုတ်ပါဘူး။ 'အံ့သြ' ဆိုတာက စိတ်မှာ ဖြစ်ပေါ်တဲ့ ခံစားမှုမျိုးကို ဆိုလိုတာ ဖြစ်ပြီး 'အံ့' ဆိုတာနဲ့ အဓိပ္ပာယ်သဘော တူပါတယ်။ 'အံ့အားသင့်'ကတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်တာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။
သူ့သတ်မှတ်ပုံအတိုင်း 'အံ့သြ'လို့ သုံးရပေမဲ့ 'အံ့သြသင့်'လို့တော့ သုံးလို့ မရပါဘူး။
အေးကျော်မင်း
ကိုးကား ။ ။ အထက်ဖော်ပြပါ အကြောင်းအရာသည် ဆရာအေးကျော်မင်း၏ သင်ခန်းစာပို့ချချက်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။
#ရေးမယ်ထရိန်နင်
#အသုံးအနှုန်းအလွဲ
(Post အား လွတ်လပ်စွာ Share နိုင်သည်။ ကူးယူဖော်ပြခွင့် မပြု။)
မယ်ရေးတို့ ဝေမျှနေတဲ့ ဗဟုသုတတွေကို ဖတ်ရှုနိုင်ဖို့
ရေးမယ်ထရိန်နင်ရဲ့ Social Media
Link တွေကိုပါ တင်ပြပေးလိုက်ပါတယ်။
Telegram channel
https://t.me/yaymaltraining
Instagram Channel
https://instagram.com/yaymal_training?igshid=119xh0bd0nfp5
Youtube Channel
https://youtube.com/channel/UCZmNsBQb0Bm6zwLKqVsc91Q
Keep Reading