Author's Profile Photo

SarPhat Author

28/05/2024

ဆရာမ ဒီလိုလား?

1 min read
Life Style
Education
General Knowledge
ဆရာမ ဒီလိုလား?'s photo

ဆရာမ ဒီလိုလား ??
မေမေ ဒီလိုလား??
ဖေဖေ ဒီလိုလား??
အန်တီ ဒီလိုလား?? စသည်ဖြင့်
ကျောင်းနေအရွယ်ကလေးငယ်လေးရဲ့ မေးမြန်းတာကို ခံရဖူးလား?
ကလေးငယ်တွေဟာ ကကြီး ခခွေး စရေးတဲ့
အရေးသင်တဲ့ အရွယ်ဆိုရင် ပိုပြီးတောင် မေးမြန်းထူပါတယ်။ ပြီးရင် သူတို့ခေါ်တာ လှည့်မကြည့်မချင်း ဆက်တိုက်ခေါ်တဲ့ သံပတ်လေးတွေပါ။
တစ်ချို့ကလေးတွေဆို ရယ်ရတယ်? တစ်ခါပေါ့ KGကလေးတစ်ယောက်ကို စာသင်တာ စလုံး ရေးတာသင်တာ သူကပြီးတော့ ကျွန်မကိုလာပြရော ဆရာမ ပြီးပြီဆိုပြီးတော့ပေါ့ ကျွန်မက ဒါဘာလဲသမီးလို့မေးတော့
သူက စဉ်းစားနေတဲ့ဟန်လေးလုပ်နေတော့ ကျွန်မကလည်း ဆရာမတို့သဘာဝ အရိပ်အမြွက်ပေးတာပေါ့ "သမီး ဒါဘာလုံးလဲ" လို့မေးတော့ အဲ့ကလေးက "ဘာလုံး"ဆိုပြီး ပြန်ဖြေရော??
ကျန်တဲ့ကျောင်းသားတွေက ရယ်ပါလေရော
နောက်တစ်ခါ စကားမပီတဲ့ကလေးတစ်ယောက် သူ့ကိုစာသင်တော့ ကိန်းဂဏန်းတွေရေးနေတာပေါ့ ၆၈ ကိုရောက်တော့ သူက စာကို ရေးရင် ဆိုပြီးရေးတဲ့အကျင့်ရှိတယ် သူဆိုရေးတာက "ခြောက်ချက်ခြစ် ခြောက်ချက်ခြစ်" တဲ့
ဟဲ့ ဘာလဲဟ ခြောက်ချက်ခြစ်က ကျွန်မလည်း ကျောင်းသားတွေကများတော့ သူ့ကို ဘာသင်လိုက်လဲတောင်မသိတော့ဘူး ပြန်ကြည့်မှ ခြောက်ဆယ့်ရှစ်ဖြစ်နေတာ??
ဪ ဘာပဲဖြစ်ဖြစ် ဆရာမ လုပ်ရတာ တစ်ခါတလေတော့လည်း ရယ်ရသားလို့ တွေးမိတယ်ရှင်?

Keep Reading

အဲလ်ဘတ်ကမူး၏ကိုးကွယ်ရာစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပျော်စရာနေ့ကျွန်တော့်ပြောင်းလဲမှု အချို့၏ အစဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞